Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီက ​ကျောင်းဆရာတစ်ဦးကို စစ်​​ကြော​ရေးတွင် သတ်ဖြတ်

“ဒီလောက်အေးပြီး သဘောကောင်းစိတ်ဓာတ်ကောင်းအပြောအဆိုသိမ်မွေ့တဲ့ ဆရာတစ်ယောက်ကို ဘယ်သူက ချောက်တွန်းလိုက်တယ်မသိဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် အလယ်တန်းပြဆရာတစ်ဦးအား အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးသွားပြီးနောက် ညှင်းပန်းနှိပ်စက်ခံရ၍ လေးရက်အကြာတွင် ကျဆုံးသွားကြောင်း ကန့်ဘလူပညာရေးဘုတ်အဖွဲ့က အသိပေးသည်။

ကန့်ဘလူမြို့နယ်၊အ.လ.က(ဘော)တွင် အလယ်တန်းပြဝာာဝန်ထမ်းဆောင်နေသော ဆရာဦးလှိုင်ဝင်းသည် ဒီဇင်ဘာ၃ ရက်တွင် အကြမ်းဖက်စစ်တပ်၏ မတရားဖမ်းဆီးခြင်းကို ခံရပြီး ကန့်ဘလူမြို့၊၆၀၀၆တပ်ရင်းတွင် လူမဆန်စွာညှင်းပန်းနိုပ်စက်ခံရကာ ဒီဇင်ဘာ၇ရက်တွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်ကြောင်း ကန့်ဘလူမြို့နယ်ပညာရေးဘုတ်အဖွဲ့က သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီ၏ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသူ အသက် ၄၀ နှစ်အရွယ် ဆရာဦးလှိုင်ဝင်းသည် စံပါယ်နံသာကျေးရွာတွင်နေထိုင်ပြီး ၎င်းကျေးရွာမှအပြစ်မဲ့ပြည်သူငါးဦးနှင့်အတူဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ ဒီဇင်ဘာလ ၇ ရက်နေ့ ညပိုင်းက စစ်ကြောရေးတွင်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ​ပြောသည်။

“ဒီလောက်အေးပြီး သဘောကောင်းစိတ်ဓာတ်ကောင်းအပြောအဆိုသိမ်မွေ့တဲ့ ဆရာတစ်ယောက်ကို ဘယ်သူက ချောက်တွန်းလိုက်တယ်မသိဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ဒီမိုကရေစီတိုက်ပွဲတွင် ပြည်သူ့ဝန်ထမ်းပီသစွာအကြမ်းမဖက်အာဏာဖီဆန်ရေး လှုပ်ရှားမှု(CDM)ပြုလုပ်‌နေသော ဆရာဦးလှိုင်ဝင်း ကွယ်လွန်သွားခဲ့ခြင်းအတွက် မိသားစုနှင့်ထပ်တူဝမ်းနည်းရပြီးဆရာဦးလှိုင်ဝင်း၏ပေးဆပ်မှုနှင့်အတူ ဖက်စစ်အာဏာရှင်အမြစ်ပြုတ်ရေးအတွက် အဆုံးစွန်ထိ ဆန့်ကျင်တွန်းလှန်သွားမည်ဖြစ်ကြောင်း ကတိသစ္စာပြုကြောင်း၊ သို့ဖြစ်ပါ၍ ဘုတ်အဖွဲ့အနေဖြင့်ဆရာဦးလှိုင်ဝင်း၏ ဒီမိုကရေစီရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုများကို မှတ်တမ်းတင်အပ်ပါကြောင်းနှင့် ကောင်းရာဘုံဘဝသို့ ရောက်ရှိပါစေကြောင်း ဆုတောင်းမေတ္တာပို့သလျက် ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့အပ်ပါသည်ဟု ကန့်ဘလူမြို့နယ်ပညာရေးဘုတ်အဖွဲ့က ဒီဇင်ဘာ၈ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့အတွင်းက ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေကို အခုလာမယ့် ပညာသင်နှစ်ကနေစပြီး လစာအနေနဲ့ ထောက်ပံ့ပေးတော့မယ်လို့ အာရက္ခပညာရေးဌာနတာဝန်ရှိသူတွေက ပြောပါတယ်။

ဆောင်းပါး

ကမ္ဘာ့အကြီးဆုံးအနုပညာစင်မြင့်ဖြစ်တဲ့ အော်စကာ (Oscars) ဆုပေးပွဲကြီး ပြီးဆုံးသွားခဲ့ပါပြီ။ ဒီနှစ်မှာလည်း ရုပ်ရှင်တွေရဲ့ ဖျော်ဖြေရေးသက်သက်ထက် ကမ္ဘာမြေပေါ်က နာကျင်မှုတွေကို အော်စကာဆုပေးပွဲရဲ့ စင်မြင့်ပေါ်ကနေ ပြသပေးခဲ့ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်လက်​အောက်ခံ အသင်းအဖွဲ့များမှလုပ်ငန်းရှင်များက အ​မေရီကန်နိုင်ငံမှ ပဲပုပ်ဖတ်တင်သွင်းရန်စီစဥ်ခြင်းမှာ စီးပွား​ရေးထက် အ​မေရီကန်အစိုးရရဲ့အာရုံစူးစိုက်မှုရ​အောင်စစ်အုပ်စုရဲ့ကြိုးပမ်းမှုဖြစ်တယ်လို့လုပ်ငန်းရှင်​တွေကသုံးသပ်ကြပါတယ် ။

သတင်း

စီမံကိန်းအတွက် ​ငွေ​ကြေးများကိုတရုတ်ဘက်မှစိုက်ထုတ်မည်ဖြစ်ပြီး ထွက်ရှိ​သော ဓာတ်အားများ၏ ၉၀ ရာခိုင်နှုန်းကိုလည်း တရုတ်နိုင်ငံက ရယူမည်ဖြစ်သည်။