Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်​ကောင်စီက ​ကျောင်းဆရာတစ်ဦးကို စစ်​​ကြော​ရေးတွင် သတ်ဖြတ်

“ဒီလောက်အေးပြီး သဘောကောင်းစိတ်ဓာတ်ကောင်းအပြောအဆိုသိမ်မွေ့တဲ့ ဆရာတစ်ယောက်ကို ဘယ်သူက ချောက်တွန်းလိုက်တယ်မသိဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် အလယ်တန်းပြဆရာတစ်ဦးအား အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးသွားပြီးနောက် ညှင်းပန်းနှိပ်စက်ခံရ၍ လေးရက်အကြာတွင် ကျဆုံးသွားကြောင်း ကန့်ဘလူပညာရေးဘုတ်အဖွဲ့က အသိပေးသည်။

ကန့်ဘလူမြို့နယ်၊အ.လ.က(ဘော)တွင် အလယ်တန်းပြဝာာဝန်ထမ်းဆောင်နေသော ဆရာဦးလှိုင်ဝင်းသည် ဒီဇင်ဘာ၃ ရက်တွင် အကြမ်းဖက်စစ်တပ်၏ မတရားဖမ်းဆီးခြင်းကို ခံရပြီး ကန့်ဘလူမြို့၊၆၀၀၆တပ်ရင်းတွင် လူမဆန်စွာညှင်းပန်းနိုပ်စက်ခံရကာ ဒီဇင်ဘာ၇ရက်တွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်ကြောင်း ကန့်ဘလူမြို့နယ်ပညာရေးဘုတ်အဖွဲ့က သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီ၏ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသူ အသက် ၄၀ နှစ်အရွယ် ဆရာဦးလှိုင်ဝင်းသည် စံပါယ်နံသာကျေးရွာတွင်နေထိုင်ပြီး ၎င်းကျေးရွာမှအပြစ်မဲ့ပြည်သူငါးဦးနှင့်အတူဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ ဒီဇင်ဘာလ ၇ ရက်နေ့ ညပိုင်းက စစ်ကြောရေးတွင်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ​ပြောသည်။

“ဒီလောက်အေးပြီး သဘောကောင်းစိတ်ဓာတ်ကောင်းအပြောအဆိုသိမ်မွေ့တဲ့ ဆရာတစ်ယောက်ကို ဘယ်သူက ချောက်တွန်းလိုက်တယ်မသိဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ဒီမိုကရေစီတိုက်ပွဲတွင် ပြည်သူ့ဝန်ထမ်းပီသစွာအကြမ်းမဖက်အာဏာဖီဆန်ရေး လှုပ်ရှားမှု(CDM)ပြုလုပ်‌နေသော ဆရာဦးလှိုင်ဝင်း ကွယ်လွန်သွားခဲ့ခြင်းအတွက် မိသားစုနှင့်ထပ်တူဝမ်းနည်းရပြီးဆရာဦးလှိုင်ဝင်း၏ပေးဆပ်မှုနှင့်အတူ ဖက်စစ်အာဏာရှင်အမြစ်ပြုတ်ရေးအတွက် အဆုံးစွန်ထိ ဆန့်ကျင်တွန်းလှန်သွားမည်ဖြစ်ကြောင်း ကတိသစ္စာပြုကြောင်း၊ သို့ဖြစ်ပါ၍ ဘုတ်အဖွဲ့အနေဖြင့်ဆရာဦးလှိုင်ဝင်း၏ ဒီမိုကရေစီရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုများကို မှတ်တမ်းတင်အပ်ပါကြောင်းနှင့် ကောင်းရာဘုံဘဝသို့ ရောက်ရှိပါစေကြောင်း ဆုတောင်းမေတ္တာပို့သလျက် ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့အပ်ပါသည်ဟု ကန့်ဘလူမြို့နယ်ပညာရေးဘုတ်အဖွဲ့က ဒီဇင်ဘာ၈ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အလစ်အငိုက် တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်မှ ၂၀ဦးခန့်ထိခိုက်သေဆုံးခဲ့ကြောင်းဒေသခံက ပြောကြားပြီးယင်းသေဆုံးမှု အခြေအနေကို People's Spring ကသီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

သတင်း

ယနေ့( ဇူလိုင် ၄ )ရက် နံနက် ၂ နာရီခန့်က ဒီး​မော့ဆို မြို့နယ် အ​နောက်ခြမ်းရှိစစ်ဘေးရှောင် ပြည်သူများ၏စစ်ရှောင်စခန်းတစ်နေရာတွင် စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲခဲ့ခြင်းဖြစ်သည်။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့၊ရုံးပင်ရွာမှ အသက် ၆၇ နှစ်အရွယ် အငြိမ်းစားကျောင်းဆရာ ဦးသောင်းရီ ကခံဝန်ထိုးပြီးပြန်​နေရန်သွားစဥ် စစ်ကောင်စီက ဖမ်းဆီးနှိပ်စက်သတ်ဖြတ်လိုက်ခြင်းဟု ဦးသောင်းရီ၏တပည့်များက People's Spring သို့ပြောသည်။

သတင်း

လက်ရှိအခြေအနေများကြောင့် စစ်တွေမြို့တွင် လေကြောင်းလိုင်းများ ခေတ္တယာယီပိတ်ထားရခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်သံတွဲမြို့ကိုပုံမှန်ခရီးစဉ်ပြေးဆွဲလျက်ရှိသည်ဟု အခြားအရောင်းကိုယ်စားလှယ်တစ်ဦးကလည်းပြောသည်။