Connect with us

Hi, what are you looking for?

News

ကယားပြည်နယ် မြို့နယ်ငါးခုမှ ပြည်သူ့ကာကွယ်​ရေးတပ်များ ဒေသတွင်းညီညွတ်သောညီနောင်မဟာမိတ်အဖွဲ့ ဖွဲ့စည်း

ဒေသတွင်း ညီညွတ်သောညီနောင်မဟာမိတ်အဖွဲ့သည် ရှေ့ဆက်လုပ်ငန်းတာဝန်များကို ပူးပေါင်း ဆောင်ရွက်သွားရန် သဘောတူညီမှု ရရှိပြီးဖြစ်ကာ အကြမ်းဖက်စစ်ကောင်စီတပ် ကျဆုံးသည့်တိုင်အောင် တိုက်ခိုက်သွားမည်ဟု ဆိုသည်။

ကယားပြည်နယ်တွင် မြို့နယ်ငါးခုမှ ပြည်သူ့ကာကွယ် ရေးတပ်များပူးပေါင်းကာ ဒေသတွင်းညီညွတ်သောညီနောင်မဟာမိတ်အဖွဲ့ ဖွဲ့စည်းလိုက်ပြီး အကြမ်းဖက်စစ်ကောင်စီကျဆုံးသွားသည်အထိ တိုက်ခိုက်သွားမည်ဟု မဟာမိတ်အဖွဲ့က ယနေ့ ကြေငြာသည်။

ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-PDF)၊ပြည်သူ့ကာကွယ်ရေးတပ် လွိုင်ကော် (LK-PDF)၊ပြည်သူ့ကာကွယ်ရေးတပ် မိုးဗြဲ (MB-PDF)၊ပြည်သူ့ကာကွယ် ရေးတပ်-ဖယ်ခုံ (PK-PDF)နှင့်ပြည်သူ့ကာကွယ်ရေးတပ်-ဖရူဆို (HPRUSO-PDF) တို့က ‘ဒေသတွင်းညီညွတ်သောညီနောင်မဟာမိတ်အဖွဲ့’ ဖွဲ့စည်းလိုက်ကြောင်း ယနေ့(ဒီဇင်ဘာ ၉ရက်) ကြေငြာလိုက်ခြင်းဖြစ်သည်။

ဒေသတွင်း ညီညွတ်သောညီနောင်မဟာမိတ်အဖွဲ့သည် ရှေ့ဆက်လုပ်ငန်းတာဝန်များကို ပူးပေါင်း ဆောင်ရွက်သွားရန် သဘောတူညီမှု ရရှိပြီးဖြစ်ကာ အကြမ်းဖက်စစ်ကောင်စီတပ် ကျဆုံးသည့်တိုင်အောင် တိုက်ခိုက်သွားမည်ဟု ဆိုသည်။

ကယားပြည်နယ်သည် အကြမ်းဖက်စစ်ကောင်စီအား လက်နက်စွဲကိုင်တော်လှန်သည့် အစောဆုံးဒေသတွင်ပါဝင်သည်။ ကနဦးကာလက ပြည်သူလူထုဖက်က ထိခိုက်မှုများခဲ့သော်လည်း ယခုအခါ ပြည်သူ့ကာကွယ်ရေးတပ်များအားကောင်းလာခြင်းနှင့်အတူ စစ်ကောင်စီကို အသာစီးရနေသည်။

Public Service Announcement

Public Service Announcement

ကယားပြည်နယ်အပြင် စစ်ကိုင်း၊မကွေးနှင့်ချင်းပြည် နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်များလည်း မဟာမိတ်ဖွဲ့ကာ စစ်ကောင်စီကို လက်တွဲညီညီ တိုက်ခိုက်နေကြပြီဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။