Connect with us

Hi, what are you looking for?

LuduNwayOo

News

ကယားပြည်နယ် မြို့နယ်ငါးခုမှ ပြည်သူ့ကာကွယ်​ရေးတပ်များ ဒေသတွင်းညီညွတ်သောညီနောင်မဟာမိတ်အဖွဲ့ ဖွဲ့စည်း

ဒေသတွင်း ညီညွတ်သောညီနောင်မဟာမိတ်အဖွဲ့သည် ရှေ့ဆက်လုပ်ငန်းတာဝန်များကို ပူးပေါင်း ဆောင်ရွက်သွားရန် သဘောတူညီမှု ရရှိပြီးဖြစ်ကာ အကြမ်းဖက်စစ်ကောင်စီတပ် ကျဆုံးသည့်တိုင်အောင် တိုက်ခိုက်သွားမည်ဟု ဆိုသည်။

ကယားပြည်နယ်တွင် မြို့နယ်ငါးခုမှ ပြည်သူ့ကာကွယ် ရေးတပ်များပူးပေါင်းကာ ဒေသတွင်းညီညွတ်သောညီနောင်မဟာမိတ်အဖွဲ့ ဖွဲ့စည်းလိုက်ပြီး အကြမ်းဖက်စစ်ကောင်စီကျဆုံးသွားသည်အထိ တိုက်ခိုက်သွားမည်ဟု မဟာမိတ်အဖွဲ့က ယနေ့ ကြေငြာသည်။

ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-PDF)၊ပြည်သူ့ကာကွယ်ရေးတပ် လွိုင်ကော် (LK-PDF)၊ပြည်သူ့ကာကွယ်ရေးတပ် မိုးဗြဲ (MB-PDF)၊ပြည်သူ့ကာကွယ် ရေးတပ်-ဖယ်ခုံ (PK-PDF)နှင့်ပြည်သူ့ကာကွယ်ရေးတပ်-ဖရူဆို (HPRUSO-PDF) တို့က ‘ဒေသတွင်းညီညွတ်သောညီနောင်မဟာမိတ်အဖွဲ့’ ဖွဲ့စည်းလိုက်ကြောင်း ယနေ့(ဒီဇင်ဘာ ၉ရက်) ကြေငြာလိုက်ခြင်းဖြစ်သည်။

ဒေသတွင်း ညီညွတ်သောညီနောင်မဟာမိတ်အဖွဲ့သည် ရှေ့ဆက်လုပ်ငန်းတာဝန်များကို ပူးပေါင်း ဆောင်ရွက်သွားရန် သဘောတူညီမှု ရရှိပြီးဖြစ်ကာ အကြမ်းဖက်စစ်ကောင်စီတပ် ကျဆုံးသည့်တိုင်အောင် တိုက်ခိုက်သွားမည်ဟု ဆိုသည်။

ကယားပြည်နယ်သည် အကြမ်းဖက်စစ်ကောင်စီအား လက်နက်စွဲကိုင်တော်လှန်သည့် အစောဆုံးဒေသတွင်ပါဝင်သည်။ ကနဦးကာလက ပြည်သူလူထုဖက်က ထိခိုက်မှုများခဲ့သော်လည်း ယခုအခါ ပြည်သူ့ကာကွယ်ရေးတပ်များအားကောင်းလာခြင်းနှင့်အတူ စစ်ကောင်စီကို အသာစီးရနေသည်။

Public Service Announcement

Public Service Announcement

ကယားပြည်နယ်အပြင် စစ်ကိုင်း၊မကွေးနှင့်ချင်းပြည် နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်များလည်း မဟာမိတ်ဖွဲ့ကာ စစ်ကောင်စီကို လက်တွဲညီညီ တိုက်ခိုက်နေကြပြီဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

သရက်ကုန်းတိုက်ပွဲအတွင်း လက်နက်ငယ် (၄၀)ကျော် ၊ ၆၀မမ (၂)လတ် ၊ Drone Jammar (၁)ခု ၊ ခဲယမ်းအမြောက်အများအပါအဝင် ရန်သူ့အလောင်း ၂၁လောင်းသိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်သည်။

သတင်း

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကာ ၎င်းတို့ထံမှ ၆၀ မမ အဝေးပစ်ပို့ယမ်း (၅)ထုပ်ရရှိခဲ့ကြောင်း MBT တပ်ဖွဲ့က အသိပေးသည်။

သတင်း

"ပြည်သူတွေ စိတ်မပူပါနဲ့။ ကျွန်တော်တို့ အဲဒီစစ်ကြောင်း မြဝတီကိုမရောက်နိုင်အောင် တားဆီးပါမယ်"ဟု ကျားဖြူစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူး ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။

သတင်း

တိုက်ခိုက်မှုအတွင်း ခမရ (၅၆၁) တပ်ရင်းမှ စစ်ကောင်စီတပ်သား လေးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ပြီး အသေးစိပ်အခြေအနေကိုအတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းဆဲဖြစ် ကြောင်း ပူးပေါင်းစစ်ကြောင်းက အသိပေးသည်။