Connect with us

Hi, what are you looking for?

News

မြောင်တွင်စစ်​​ရှောင်ပြည်သူ ၁,၀၀၀ ​ကျော်လာ၊အကူအညီများလိုအပ်​နေ

“မနေ့က နဲ့ ဒီနေ့(ဒီဇင်ဘာ ၁၂ ရက်)အထိ စစ်ဘေးရှောင် အရေအတွက်က ၁၀၀၀ ကိုကျော်လာပြီဲ။ဒေသခံတွေ နေဖို့စားဖို့အတွက်လည်း ကျွန်တော်တို့ လုံးပန်းကြိုးစားနေတယ်။ပြည်သူတွေ အနေနဲ့လည်း ဝိုင်းဝန်းကူညီကြဖို့ မေတ္တာရပ်ခံတယ်”ဟု အထက်ပါတာဝန်ရှိသူကပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာခြင်းကြောင့် မြောင်မြို့နယ်အတွင်း စစ်ဘေးရှောင်ပြည်သူ ၁,၀၀၀ ကျော်အထိရှိလာကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ပြောသည်။

ဒီဇင်ဘာ ၇ ရက်ကစ၍ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်ကောင်စီအင်အားသည် မြောင်မြို့နယ်တွင်အင်းအား ၃၀၀ ခန့်ရှိပြီး တပ်ကူရန် စောင့်ဆိုင်နေသည့် အရန် အင်အားမှာလည်း ၁၀၀အထိ ရှိနိုင်ကြောင်း မြေပြင်ကင်းထောက်အဖွဲ့များ၏ အချက်အလက်များကို ၎င်းက ကိုးကားသည်။

(အကြမ်းဖက်စစ်​ကောင်စီ စစ်​ကြောင်းထိုးလာ​သော​ကြောင့်ထွက်​ပြေး​နေရ​သော စစ်​ဘေးဒုက္ခသည်များ)

“မနေ့က နဲ့ ဒီနေ့(ဒီဇင်ဘာ ၁၂ ရက်)အထိ စစ်ဘေးရှောင် အရေအတွက်က ၁၀၀၀ ကိုကျော်လာပြီဲ။ဒေသခံတွေ နေဖို့စားဖို့အတွက်လည်း ကျွန်တော်တို့ လုံးပန်းကြိုးစားနေတယ်။ပြည်သူတွေ အနေနဲ့လည်း ဝိုင်းဝန်းကူညီကြဖို့ မေတ္တာရပ်ခံတယ်”ဟု အထက်ပါတာဝန်ရှိသူကပြောသည်။

​ခေါင်းခွဲ၊အုတ်နှဲဘုတ်၊မြစံ၊ပရိမ္မ နှင့် သနပ်ကုန်းကျေးရွာတို့မှ ဒေသခံများသည် ရွာလုံးကျွတ် ထွက်ပြေးနေရသည်ဟုလည်းသိရသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ယနေ့ (ဒီဇင်ဘာ ၁၂ ရက်)က ခေါင်းကွဲ ကျေးရွာသား လေးဦးကို အကြမ်းဖက်စစ် ကောင်စီတပ်မှ ပစ်သတ်ခဲ့သည်။ဒီဇင်ဘာ ၈ ရက်ကလည်း သနပ်ကုန်းကျေးရွာသာနှစ်ဦးမှာလည်း အကြမ်းဖက်စစ်တပ်၏ ဖမ်းဆီးသတ်ဖြတ်ခြင်းကို ခံထားရသည်။

(အကြမ်းဖက်စစ်​ကောင်စီ စစ်​ကြောင်းထိုးလာ​သော​ကြောင့်ထွက်​ပြေး​နေရ​သော စစ်​ဘေးဒုက္ခသည်များ)

စစ်ကိုင်းတိုင်းရှိ မြောင်မြို့နယ်ကို အဝင်၊အထွက်ဂိတ်များထားရှိပြီး မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့-CDSOMတို့က စစ်ဆေးမှုများပြုလုပ်သွားမည်ဟု ဒီဇင်ဘာ ၄ရက်က အသိ​ပေး​ကြေညာခဲ့ပြီးနောက် စစ်ကောင်စီတပ်က မြောင်ဒေသကို ထိန်းချုပ်ရန် အင်အားအလုံးအရင်းဖြင့် ကြိုးပမ်းလာခြင်းလည်းဖြစ်သည်။

ဒီဇင်ဘာ ၁၁ ရက်က မြောင် နှင့် ရေစကြို မြို့နယ် ကြား၌ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပြည်သူ့တပ်ဖွဲ့များ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ထိုတိုက်ပွဲ၌ အကြမ်းဖက်စစ်ကောင်စီဘက် ကရှစ်ဦးသေကာ မြောင်မြို့နယ်ပြည်သူ့တပ်ဖွဲ့မှသုံးဦးကျဆုံးခဲ့သည်။

မြောင်မြို့သည် စစ်ကိုင်းခရိုင်၏ အနောက်ဖက်ပိုင်းတွင်တည်ရှိပြီး မြင်းမူမြို့၏ အနောက်တောင်ဖက် (၁၄)မိုင်အကွာ ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်တို့ဆုံရာဧရာဝတီမြစ်၏ညာဘက်ဖက်ကမ်းပေါ်တည်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ ဂျင်ဝိုင်းနဲ့ ကြက်ဝိုင်းအပါအဝင် လောင်းကစားဝိုင်းတွေ ပေါများနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို စစ်တပ်လွှတ်တော်က သမ္မတအဖြစ် တင်မြှောက်ပြီး နာရီပိုင်းအကြာမှာ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်က နဘက်ကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့လို့ အရပ်သားပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရပြီး အဆောက်အအုံအချို့ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ကို စစ်တပ်က လေကြောင်းမှဗုံးကြဲခဲ့ရာတွင် သက်ကြီးရွယ်အိုနဲ့ ကလေးသူငယ်သေဆုံးသူ ၆ ဦးအထိရှိလာပြီး ၂၀ ဦးကျော်ထိခိုက်ဒဏ်ရာရခဲ့ကြောင်း မြောင်မြို့နယ် T. G. R.သတင်းမှန်ပြန်ကြားရေးအဖွဲ့ကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်လို့ ပြည်သူတွေထိခိုက်မှုရှိပြီး နေအိမ်တွေ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။