Connect with us

Hi, what are you looking for?

LuduNwayOo

News

တရားမဝင်စစ်ကောင်စီကို အသိအမှတ်မပြုဘဲ NUG နှင့်စေ့စပ်ဆွေးနွေးရန် Justice for Myanmar တောင်းဆို

အင်ဒိုနီးရှားသည် ပထမဆုံးအကြိမ် အာဆီယံ-ရုရှား ရေတပ်စစ်ရေးလေ့ကျင့်မှုကို ပြီးခဲ့သည့် သီတင်းပတ်ကလက်ခံကျင်းပခဲ့ပြီး အကြမ်းဖက်မြန်မာစစ်ကောင်စီကိုလည်း ဖိတ်ကြားခဲ့သည်။

-အာဆီယံ-ရုရှား ရေတပ်စစ်ရေးလေ့ကျင်မှုတွင် မြန်မာစစ်ကောင်စီပါဝင်ခြင်းကို ဝေဖန်

အာဆီယံသည် တရားမဝင်စစ်ကောင်စီကို အစည်း အဝေးများ၊ တွေ့ဆုံပွဲများနှင့် အခမ်းအနားများ အားလုံးမှ ဖယ်ရှားပြီး ဒီမိုကရေစီအစိုးရဖြစ်သည့် အမျိုးသားညီညွတ်​ရေးအစိုးရ (NUG)နှင့်စေ့စပ်ဆွေးနွေးရန် Justice for Myanmarက တောင်းဆိုသည်။

အင်ဒိုနီးရှားသည် ပထမဆုံးအကြိမ် အာဆီယံ-ရုရှား ရေတပ်စစ်ရေးလေ့ကျင့်မှုကို ပြီးခဲ့သည့် သီတင်းပတ်ကလက်ခံကျင်းပခဲ့ပြီး အကြမ်းဖက်မြန်မာစစ်ကောင်စီကိုလည်း ဖိတ်ကြားခဲ့သည်။

အဆိုပါ စစ်ရေးလေ့ကျင့်မှုသည် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများကို အပြစ်ပေးခံရခြင်းအလျင်းမရှိဘဲ ဆက်လက်ကျူးလွန်နေသည့် မြန်မာစစ်တပ်၏ စွမ်းရည်များကို မြှင့်တင်ပေးခြင်းဖြစ်ပြီး ယင်းမှာ နိုင်ငံတကာအသိအမှတ်ပြုမှုလိုအပ်နေသော အကြမ်းဖက်အဖွဲ့အစည်း တရားမဝင်စစ်ကောင် စီကို တရားဝင်မှုပေးအပ်ခြင်းဖြစ်သည်ဟု Justice for Myanmar က သုံးသပ်သည်။

Public Service Announcement

Public Service Announcement

အာဆီယံ၏ မြန်မာစစ်ကောင်စီနှင့် စက်ဆုပ်ရွံရှာဖွယ် ရေတပ်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုသည် မြန်မာ့အရေးတွင် အာဆီယံက ဦးဆောင်မည်ဆိုသည်မှာ မဖြစ်သင့်ကြောင်း နိုင်ငံတကာအသိုင်းအဝန်းအတွက် ခိုင်လုံသည့်အချက်ပေးခေါင်းလောင်းဖြစ်စေသည်ဟု ဆိုသည်။

နိုင်ငံတကာအသိုင်းအဝန်းသည် အာဆီယံ၏ နောက်တွင် ပုန်းကွယ်နေခြင်းကို ရပ်တန့်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီမှတဆင့် ပစ်မှတ်ထား အရေးယူပိတ်ဆို့မှုများ၊ ကမ္ဘာလုံးဆိုင်ရာ လက်နက်ရောင်းချမှုပိတ်ပင်ခြင်း၊ မြန်မာစစ်တပ်ကျူးလွန်သူများကို နိုင်ငံတကာရာဇဝတ်ခုံရုံးသို့ လွှဲပြောင်းခြင်းများအတွက် ပြတ်သားသည့်အရေးယူဆောင်ရွက်များ ချမှတ်လုပ်ဆောင်ရန်လည်း Jusitce for Myanmarက တောင်းဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ၊ ARSAနှင့် ARA တို့သည် အကျိုးစီးပွား အတွက် ယာယီ ပေါင်းစည်းကြခြင်းဖြစ်ကြောင်း ဦးခိုင်သုခကပြောသည်။

သတင်း

စစ်ကောင်စီတပ်ကမူ မြဝတီမြို့ပြင်ရှိ KNU၏ KNLA ဦးဆောင်သည့် ပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)ကို ဧပြီ ၁၁ ရက်နောက်ပိုင်း လေကြောင်းမှ တိုက်လေယာဥ်ဖြင့် ပေါင် ၅၀၀ ဗုံးများချကာ အနည်းဆုံး နှစ်ကြိမ် တိုက်ခိုက်ခဲ့သည်။

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။