Connect with us

Hi, what are you looking for?

News

စစ်အာဏာရှင်ကို တော်လှန်ရန် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ ဖွဲ့စည်း

ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ တွင် ပါဝင်သည့် ပအိုဝ်းလက်နက်ကိုင် အင်အားစုဆိုသည်မှာ ကရင် ပြည်နယ်နှင့် မွန်ပြည်နယ်ရှိ ပအိုဝ်းတိုင်းရင်းသားလူငယ်များဖြင့် စုဖွဲ့ထားသော ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဖြစ်သည်ဟု ခွန်ဝေထူးက ပြောသည်။

ပအိုဝ်းလူမျိုးအပါအဝင် တိုင်းရင်းသားလူမျိုးပေါင်းစုံ လူထုလူတန်းစားအလွှာအသီးသီး အဖွဲ့အသီးသီးမှ ပြည်သူတစ်ရပ်လုံးနှင့်အတူ စစ်အာဏာရှင် စနစ်အပါအဝင် အာဏာရှင်စနစ် အမျိုးမျိုးကို နည်းလမ်းပေါင်းစုံဖြင့် တော်လှန်ရန် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC)ကို ဖွဲ့စည်းလိုက်ကြောင်း အဆိုပါအဖွဲ့က ထုတ်ပြန် သည်။

ဒီဇင်ဘာ ၁၁ရက်က ကျရောက်သည့် (၇၂) နှစ်မြောက် ပဒေသရာဇ်ဆန့်ကျင်တော်လှန်ရေးနေ့တွင် ဒေသပေါင်းစုံ အလွှာပေါင်းစုံ၊ အဖွဲ့ပေါင်းစုံမှ ပအိုဝ်းတော်လှန်ရေး အင်အားစုများ ပူးပေါင်း၍ ပအိုဝ်းအမျိုးသားဖက်ဒရယ်ညီလာခံကို ကျင်းပပြီးဖက်ဒရယ်ကောင်စီကို ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်ဟု PNFC ပြောရေးဆိုခွင့်ရှိသူ ခွန်ဝေထူးက ပြောသည်။

” ဒီဇင်ဘာ ၁၁ရက်နေ့မှာ မင်းအောင်လှိုင်စစ်အာဏာရှင်ကို တော်လှန်ဖို့အတွက် မြေပြန့်ဒေသ တောင်ပေါ်ဒေသ ၊ပြည်တွင်း ပြည်ပမှာရှိတဲ့ အလွှာပေါင်းစုံ ပအိုဝ်းအဖွဲ့အစည်းပေါင်းစုံ၊ တော်လှန်ရေး အင်အားစုတွေနဲ့ ကျွန်တော်တို့ စုဖွဲ့ပြီး ပအိုဝ်းအမျိုးသားဖက်ဒရယ်ညီလာခံက တစ်ဆင့် ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီကို ဒီဇင်ဘာ ၁၁ရက်နေ့မှာပဲ ထပ်မံဖွဲ့စည်းအတည်ပြု ကြေညာနိုင်ခဲ့တယ်။ ဒါဟာ ယခင်က သမိုင်းကို ကျွန်တော်တို့က ပြန်လည်ပြီး အသက်သွင်းသလို ဒီကောင်စီဟာလည်း အလွှာပေါင်းစုံ အင်အားစုပေါင်းစုံပါဝင်တာဖြစ်တဲ့အတွက် ဒီတော်လှန်ရေးမှာ ထိထိရောက်ရောက် နက်နက်ရှိုင်းရှိုင်းနဲ့ ပါဝင်သွားနိုင်မယ့် အင်အားတစ်ခုဖြစ်ပါတယ်”ဟု ခွန်ဝေထူးက ပြောသည်။

လက်ရှိတွင်လည်း ပအိုဝ်းလက်နက်ကိုင်အဖွဲ့များအဖြစ် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO/PNLA)နှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO/PNA) ဟူ၍ရှိရာ PNO/PNAသည် စစ်ကောင်စီလက်အောက်ခံ ဖြစ်ပြီး PNLO/PNLAသည် NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဖြစ်သည်။

Public Service Announcement

Public Service Announcement

ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ တွင် ပါဝင်သည့် ပအိုဝ်းလက်နက်ကိုင် အင်အားစုဆိုသည်မှာ ကရင် ပြည်နယ်နှင့် မွန်ပြည်နယ်ရှိ ပအိုဝ်းတိုင်းရင်းသားလူငယ်များဖြင့် စုဖွဲ့ထားသော ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဖြစ်သည်ဟု ခွန်ဝေထူးက ပြောသည်။

“ဒီ PNLA ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် သူတို့ရဲ့ပါဝင်မှုက ဘယ်လိုဆက်ဖြစ်မလဲဆိုတာ သူတို့အပေါ်မှာပဲ မူတည်ပါမယ်” ဟု ၎င်းကဆိုသည်။

ပအိုဝ်းအမျိုးသားဖက်ဒရယ် ကောင်စီအနေဖြင့် လူထုများ ရင်ဆိုင်နေရသည့် အသက်အိုးအိမ်စည်းစိမ်ပျက်စီးဆုံးရှုူံရမှုများ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ၊သဘာ၀ အရင်းအမြစ်ဆုံးရှုံးဖျက်ဆီးခံရမှုများ တို့မှ ကာကွယ်စောင့်ရှောက် သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံသည့် ပြည်နယ်သစ်များ ပေါ်ထွန်းခွင့်ရှိသော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူလူထု တစ်ရပ်လုံးနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဟုလည်း ကြေညာခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ မြန်မာ့ဒီမိုကရေစီအရေးဆောင်ရွက်သူတွေက စုပေါင်းပြီး မြန်မာစစ်အာဏာရှင်ကို အသိအမှတ်ပြုဆက်ဆံတာမျိုးမလုပ်ဖို့ ထိုင်းအစိုးရကို တောင်းဆိုတဲ့ ဆန္ဒပြပွဲကို ဇူလိုင် ၃၁ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

SCEFရဲ့ရည်မှန်းချက်ဟာ နိုင်ငံရေးပုံမှန်ပြန်လည်တည်ဆောက်ရေးမဟုတ်၊ စစ်တပ်အာဏာလွှမ်းမိုးမှုကို အဆုံးသတ်၊ ပဋိပက္ခ ဖြစ်စေတဲ့အရင်းခံတွေဖြေရှင်းဖို့ ဖြစ်ကြောင်းအသိပေး

သတင်း

စစ်အာဏာရှင်တွေကို အခါတော်ပေးခဲ့သူ ဒေါက်တာဖေဉာဏ် အသတ်ခံရမှုအတွက် အရပ်သားတွေကို ရိုက်နှက်စစ်ဆေးနေတဲ့ စစ်တပ်နဲ့ရဲက ပန်းရံလုပ်သား လေးဦးကို တရားခံအဖြစ် ခေါင်းစဉ်တပ် ဖမ်းဆီးလိုက်တယ်လို့ မှော်ဘီမြို့ခံတွေကပြောပါတယ်။

သတင်း

ဆဲဗင်းဂျူလိုင် စိတ်ဓာတ်နဲ့ စစ်အာဏာရှင်စနစ်ကို ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ)က သဘောထားကြေညာချက် ထုတ်ပြန်ပါတယ်။