Connect with us

Hi, what are you looking for?

News

မြန်မာလွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ ရပ်တည်ကြောင်း IPU ထုတ်ပြန်ချက် CRPH ကြိုဆို

စပိန်နိုင်ငံ၊ မက်ဒရစ်မြို့၌ ကျင်းပခဲ့သည့် IPU အမှု ဆောင်ကောင်စီ၏ (၂၀၈) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်အတည်ပြုချက်မှာ မြန်မာပြည်သူများ၏ ပကတိသဘောထားနှင့် ဒီမိုကရေစီကို ကာကွယ်လိုသည့် ပြင်းပြသော စိတ်ဆန္ဒကို လေးစားတန်ဖိုးထားခြင်းဖြစ်ကြောင်း CRPH က ဆိုသည်။

–မြန်မာပြည်သူလူထု၏ အသက်နှင့်အခွင့်အရေးများကို ကာကွယ်ပေးရန် ထပ်မံတောင်းဆို

လူ့အခွင့်အရေးချိုးဖောက်ခံနေရသည့် မြန်မာလွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ ရပ်တည် သော နိုင်ငံတကာပါလီမန်များအဖွဲ့(IPU)၏ ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း ပြည်ထောင်စုလွှတ် တော်ကိုယ်စားပြုကော်မတီ (CRPH)က ယနေ့(ဒီဇင်ဘာ ၁၃ရက်)ထုတ်ပြန်သည်။

စပိန်နိုင်ငံ၊ မက်ဒရစ်မြို့၌ ကျင်းပခဲ့သည့် IPU အမှု ဆောင်ကောင်စီ၏ (၂၀၈) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်အတည်ပြုချက်မှာ မြန်မာပြည်သူများ၏ ပကတိသဘောထားနှင့် ဒီမိုကရေစီကို ကာကွယ်လိုသည့် ပြင်းပြသော စိတ်ဆန္ဒကို လေးစားတန်ဖိုးထားခြင်းဖြစ်ကြောင်း CRPH က ဆိုသည်။

စစ်ကောင်စီသည် အာဆီယံ၏ ဘုံသဘောတူညီချက် (၅)ရပ်ကို လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ ပြည်သူလူထုအပေါ် ပိုမိုဆိုးရွားသော အကြမ်းဖက်မှုများ ဆက်လက်ကျူး လွန်လျက်ရှိပြီး ယင်းဘုံသဘောတူညီချက်များသည်လည်း လက်ရှိ မြန်မာ့နိုင်ငံရေး အကြပ်အတည်းအတွက် ဖြေရှင်းနိုင်သည့် အခြေအနေတစ်ခုမဟုတ်ကြောင်း CRPHက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် CRPH သည် မြန်မာနိုင်ငံ၌ အကြမ်းဖက် စစ်ကောင်စီတပ်များ၏ လူ့အခွင့်အရေးချိုးဖောက်နေမှုများ၊ ဥပဒေမဲ့ ဖမ်းဆီးနေမှုများ၊ ညှဉ်းပမ်း နှိပ်စက်သတ်ဖြတ်နေမှုများ ရပ်တန့်ရေးအပါအဝင် စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းရေးတို့ အတွက် နိုင်ငံတကာအသိုက်အဝန်းနှင့် ပူးပေါင်းဆောင်ရွက်နေသည်ဟု ဆိုသည်။

အာဆီယံအပါအဝင် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် စစ်ကောင်စီအပေါ် ထိရောက်သည့် အရေးယူဆောင်ရွက်မှုများ ဆက်လက်ပြုလုပ်၍ မြန်မာပြည်သူလူထု၏ အသက်နှင့် အခွင့်အရေးများကို ကာကွယ်ပေးရန် CRPH က ထပ်မံတောင်းဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ဒီကနေ့ ဧပြီ ၁၀ရက်မှာ ကျရောက်တဲ့ အာရက္ခတပ်တော်(AA)တည်ထောင်ခြင်း (၁၇) နှစ်မြောက် အထိမ်းအမှတ်နေ့သို့ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ပြီး နောင်နှစ်ပေါင်းများစွာ တိုင် အာရက္ခပြည်သူတို့ ယုံကြည်အားကိုးရသော တပ်မတော်ကြီးအဖြစ် ခိုင်မာစွာရပ်တည် နိုင်ပါ စေကြောင်း ဖော်ပြထားပါတယ်။

သတင်း

စစ်အုပ်စုဖွဲ့မယ့် ဘယ်အဖွဲ့အစည်းမဆို အသိအမှတ်မပြုကြောင်းကြေညာဖို့ ပြည်ထောင်စုလွှတ်တော်ဆုံးဖြတ်

သတင်း

အာဏာရှင်တော်လှန်ရေးမှာ ပေးဆပ်ခဲ့ရသူတွေ ဒီမိုကရေစီတိုက်ပွဲမှာ ကျဆုံးခဲ့ရတဲ့သူတွေကို ဦးညွှတ်ဂုဏ်ပြုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ပြည်ထေင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)တို့က ကိုဖုန်းမော်နဲ့ကိုစိုးနိုင်တို့ ကျဆုံးခြင်း နှစ်ပတ်လည်နေ့သို့ သဝဏ်လွှာပေးပို့ ဖော်ပြပါတယ်။

သတင်း

စစ်အာဏာရှင်စနစ်ဖျက်သိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် ညီညွတ်စွာလုပ်ဆောင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ချင်းအမျိုးသားတပ်ဦး(CNF) နဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) ခေါင်းဆောင်တွေက ပြောကြားပါတယ်။

Facebook