Connect with us

Hi, what are you looking for?

News

မြန်မာလွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ ရပ်တည်ကြောင်း IPU ထုတ်ပြန်ချက် CRPH ကြိုဆို

စပိန်နိုင်ငံ၊ မက်ဒရစ်မြို့၌ ကျင်းပခဲ့သည့် IPU အမှု ဆောင်ကောင်စီ၏ (၂၀၈) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်အတည်ပြုချက်မှာ မြန်မာပြည်သူများ၏ ပကတိသဘောထားနှင့် ဒီမိုကရေစီကို ကာကွယ်လိုသည့် ပြင်းပြသော စိတ်ဆန္ဒကို လေးစားတန်ဖိုးထားခြင်းဖြစ်ကြောင်း CRPH က ဆိုသည်။

–မြန်မာပြည်သူလူထု၏ အသက်နှင့်အခွင့်အရေးများကို ကာကွယ်ပေးရန် ထပ်မံတောင်းဆို

လူ့အခွင့်အရေးချိုးဖောက်ခံနေရသည့် မြန်မာလွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ ရပ်တည် သော နိုင်ငံတကာပါလီမန်များအဖွဲ့(IPU)၏ ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း ပြည်ထောင်စုလွှတ် တော်ကိုယ်စားပြုကော်မတီ (CRPH)က ယနေ့(ဒီဇင်ဘာ ၁၃ရက်)ထုတ်ပြန်သည်။

စပိန်နိုင်ငံ၊ မက်ဒရစ်မြို့၌ ကျင်းပခဲ့သည့် IPU အမှု ဆောင်ကောင်စီ၏ (၂၀၈) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်အတည်ပြုချက်မှာ မြန်မာပြည်သူများ၏ ပကတိသဘောထားနှင့် ဒီမိုကရေစီကို ကာကွယ်လိုသည့် ပြင်းပြသော စိတ်ဆန္ဒကို လေးစားတန်ဖိုးထားခြင်းဖြစ်ကြောင်း CRPH က ဆိုသည်။

စစ်ကောင်စီသည် အာဆီယံ၏ ဘုံသဘောတူညီချက် (၅)ရပ်ကို လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ ပြည်သူလူထုအပေါ် ပိုမိုဆိုးရွားသော အကြမ်းဖက်မှုများ ဆက်လက်ကျူး လွန်လျက်ရှိပြီး ယင်းဘုံသဘောတူညီချက်များသည်လည်း လက်ရှိ မြန်မာ့နိုင်ငံရေး အကြပ်အတည်းအတွက် ဖြေရှင်းနိုင်သည့် အခြေအနေတစ်ခုမဟုတ်ကြောင်း CRPHက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် CRPH သည် မြန်မာနိုင်ငံ၌ အကြမ်းဖက် စစ်ကောင်စီတပ်များ၏ လူ့အခွင့်အရေးချိုးဖောက်နေမှုများ၊ ဥပဒေမဲ့ ဖမ်းဆီးနေမှုများ၊ ညှဉ်းပမ်း နှိပ်စက်သတ်ဖြတ်နေမှုများ ရပ်တန့်ရေးအပါအဝင် စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းရေးတို့ အတွက် နိုင်ငံတကာအသိုက်အဝန်းနှင့် ပူးပေါင်းဆောင်ရွက်နေသည်ဟု ဆိုသည်။

အာဆီယံအပါအဝင် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် စစ်ကောင်စီအပေါ် ထိရောက်သည့် အရေးယူဆောင်ရွက်မှုများ ဆက်လက်ပြုလုပ်၍ မြန်မာပြည်သူလူထု၏ အသက်နှင့် အခွင့်အရေးများကို ကာကွယ်ပေးရန် CRPH က ထပ်မံတောင်းဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းအကြမ်းဖက် စစ်အုပ်စုသည် မြန်မာနိုင်ငံ ပြိုကွဲမည့် အခြေအနေသို့ တွန်းပို့ဖန်တီးနေသည့် အဓိကတရားခံ ဖြစ်သည့်အပြင် မင်းအောင်လှိုင်နှင့်အပေါင်းအပါတို့သည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် မဖြစ်မနေတာဝန်ခံရမည်ဖြစ်ကြောင်း NUG၊ NUCC အပါအဝင် တော်လှန်ရေးအဖွဲ ၅ဖွဲ့က ပူးတွဲထုတ်ပြန်သည်။

သတင်း

ယနေ့ (အောက်တိုဘာ ၅ရက်)တွင် လကျရောက်သည့် (၂၉)နှစ်မြောက် ကမ္ဘာ့ဆရာများနေ့ကိုမြန်မာနိုင်ငံတွင် CDM ဆရာ၊ ဆရာများအနေဖြင့် စစ်အာဏာရှင်စနစ်ဆိုးကို ခုခံတော်လှန်ရင်း ဖြတ်ကျော်နေကြရကြောင်း ဖော်ပြသည်။

နိုင်ငံတကာ

လတ်တလောမှာတော့ ဂျကာတာ ရဲတပ်ဖွဲ့ကလည်း အမျိုးသမီးတွေရဲ့ တိုင်ကြားချက်ကို အခြေခံပြီး စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီလို့ ပြောပါတယ်။ အင်ဒိုနီးရှား အခြေစိုက် မိတ်ဖက် ကုမ္ပဏီဖက်ကတော့ အခုပြဿနာအတွက် ရှင်းရှင်းလင်းလင်း မှတ်ချက် မပေးသေးပါဘူး။

သတင်း

ကချင်တော်လှန်ရေးအင်အားစုများနှင့် လက်တွဲကာ စစ်အာဏာရှင်စနစ်ကို အပြီးတိုင်ချေမှုန်း၍ တိုင်းရင်းသားလူမျိုးစုအားလုံးပါဝင်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု NUGက သဝဏ်လွှာပေးပို့ ပြောကြားသည်။