စွယ်စုံရ အနုပညာရှင် စည်သူဗိုလ်ကလေးတင့်အောင်သည် ယမန်နေ့(ဒီဇင်ဘာ ၁၆) ည ၁၁ နာရီတွင် SSC ဆေးရုံ၌ ကွယ်လွန်သွားသည်။
“SSC မှာတတ်တာတော့ တစ်ပတ်လောက်ရှိပြီ။ ရောဂါဆိုပြီး မည်မည်ရရတော့ မရှိပါဘူး” ဟု ဗိုလ်ကလေးတင့်အောင်နှင့်ပတ်သက်၍ ဒါရိုက်တာ နှင်းမိုးကပြောသည်။
ဗိုလ်ကလေးတင့်အောင်သည် ကွယ်လွန်ချိန်တွင် အသက် ၁၀၀ ဖြစ်ပြီး နာရေးအစီအစဥ်နှင့်ပတ်သက်၍ အသေးစိတ်မသိရသေးကြောင်း ၎င်းကပြောသည်။
ဗိုလ်ကလေးတင့်အောင်သည် ရုပ်ရှင်အစည်းအရုံး ၊ ဂီတအစည်းအရုံးတို့၌ နာယကတစ်ဦးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး အနုပညာနှင့်ပတ်သက်၍ ဝါသနာကြီးသူဖြစ်ကြောင်း ၎င်းကဆိုသည်။

Public Service Announcement
စည်သူဘွဲ့ရရှိသည့် အနုပညာရှင်တစ်ဦးဖြစ်သလို ရုပ်ရှင်လောကတွင် ပထမဆုံးချီးမြှင့်သည့် ရုပ်ရှင်တစ်သက်တာဆုရှင်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဆုချီးမြှင့်ပေးခဲ့ခြင်းဖြစ်သည်။
