Connect with us

Hi, what are you looking for?

News

ကော့ကရိတ်မြို့အနီးမှာ စစ်​ကောင်စီအင်အား ၂၀၀ ​လောက် ​နေရာယူထား

မနေ့က ကော့ကရိတ် မြဝတီ အာရှလမ်းမသစ်မှာ စစ်ကောင်စီတပ်နဲ့ KNLA တပ်မဟာ ၆ တို့အကြား ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အရာရှိနှစ်ဦး အပါအဝင် ၇ ဦးသေဆုံးခဲ့ကာ ၄ ဦးဒဏ်ရာရရှိသွားခဲ့တာ ဖြစ်ပါတယ်။

People's Spring
People's Spring

ကော့ကရိတ်မြို့အနီးက ဒေါနတောင်ပေါ် ကားလမ်းမဟောင်းဘက်မှာ စစ်ကောင်စီတပ်ဖွဲ့ အင်အား ၂၀၀ ခန့်နဲ့ စစ်ကား ၁၅ စီး ရောက်ရှိနေရာယူထားတယ်လို့ ကေအဲန်ယူသတင်းရင်းမြစ်ထံကနေ သိရပါတယ်။

ဒီကနေ့ မွန်းလွဲပိုင်း ၁ နာရီခန့်က ကော့ကရိတ်မြို့အနီး တတန်းကူးရွာ ကော့ကရိတ် – မြဝတီ ဒေါနတောင်ပေါ်ကားလမ်းဟောင်းကနေ အာရှလမ်းမသစ်အထိ နေရာယူထားတာဖြစ်ပြီး လက်ရှိအချိန်ထိ ရှိနေတုန်းပဲလို့ သိရပါတယ်။

မနေ့က ကော့ကရိတ် မြဝတီ အာရှလမ်းမသစ်မှာ စစ်ကောင်စီတပ်နဲ့ KNLA တပ်မဟာ ၆ တို့အကြား ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အရာရှိနှစ်ဦး အပါအဝင် ၇ ဦးသေဆုံးခဲ့ကာ ၄ ဦးဒဏ်ရာရရှိသွားခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook