Connect with us

Hi, what are you looking for?

News

ရေနံနှင့် သဘာဝဓာတ်ငွေ့ကုမ္ပဏီအားလုံး စစ်အာဏာရှင်ထံ ငွေကြေးပေးသွင်းနေမှုကို ရပ်ဆိုင်းရန် Justice for Myanmar ထပ်မံတောင်းဆို

ယင်းနောက် နစက ၏ စီးပွားရေးဌာနက လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနကို ရဲတံခွန်စီမံကိန်းမှရရှိနိုင်မည့် သဘာဓာတ်ငွေ့မှခန့်မှန်းဝင်ငွေအား အစီရင်ခံတင်ပြရန် အမိန့်ပေးခဲ့သည်ဟု Jusitce for Myanmar ကထုတ်ပြန်သည်။

–အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်စိုးရိမ်ပူပန်နေဟုဆို

မြန်မာနိုင်ငံရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ကုမ္ပဏီအားလုံးအနေဖြင့် စစ်အာဏာရှင်ထံ ငွေကြေးပေးသွင်းနေမှုကို ရပ်ဆိုင်း၍ အကာအကွယ်ဖြင့် ထားသည့် ငွေစာရင်းသို့ပေးသွင်းရန် Justice For Myanmar ကတောင်းဆိုလိုက်သည်။

ပေါက်ကြားလာသည့် ရဲတံခွန်စီမံကိန်းနှင့် ပတ်သက်သော စာရွက်စာတမ်းများအရ မြန်မာနိုင်ငံတွင် ဆက်လက်လုပ်ကိုင်နေသည့် Total Energies ၊ Chevron ၊ CNPC ၊ POSCO International ၊ ONGC နှင့် GAIL စသည့်ကုမ္ပဏီများမှာ တရားမဝင်စစ်အုပ်စုထံ ငွေကြေးဆက်လက်ပေးသွင်းနေသည်ဟု ပြောနိုင်ကြောင်း Justice for Myanmarက ထုတ်ပြန်သည်။

သို့သော် လတ်တလော ပေါက်ကြားလာသော စာရွက်စာတမ်း အထောက်အထားများအရ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့မှ ဝင်ငွေများ အကြမ်းဖက်စစ်အုပ်စုထံ ဆက်လက်ရရှိနိုင်ရေး အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ကိုယ်တိုင် စိုးရိမ်ပူပန်နေသည်ဟု ကောက်ချက်ချနိုင်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့် အောက်တိုဘာလတွင် မင်းအောင်လှိုင်သည် ရဲတံခွန်စီမံကိန်းမှနိုင်ငံခြားသို့ပြန်လည်တင်ပို့ခြင်း၊ ငွေပေးချေခြင်း နှင့် အကယ်၍ ငွေမပေးချေပါက မည်သို့ လုပ်ဆောင်မည်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက)အား ညွှန်ကြားချက်ထုတ်ကာ မေးမြန်းထားသည်ဟု ဆိုသည်။

ယင်းနောက် နစက ၏ စီးပွားရေးဌာနက လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနကို ရဲတံခွန်စီမံကိန်းမှရရှိနိုင်မည့် သဘာဓာတ်ငွေ့မှခန့်မှန်းဝင်ငွေအား အစီရင်ခံတင်ပြရန် အမိန့်ပေးခဲ့သည်ဟု Jusitce for Myanmar ကထုတ်ပြန်သည်။

လူသားမျိုးနွယ်စုအပေါ်ဆန့်ကျင်သော ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများကို အရေးယူအပြစ်ပေးခံရခြင်း အလျဉ်းမရှိဘဲ ကျုးလွန်ခွင့်ရနေပြီး၊ နိုင်ငံအနှံ့ အကြမ်းဖက်တိုက်ခိုက်မှုများကို အရှိန်မြှင့်လုပ်ဆောင်လာသည့် စစ်အာဏာရှင်ခေါင်းဆောင်မင်းအောင်လှိုင်ကိုယ်တိုင် ရဲတံခွန်စီမံကိန်းမှဝင်ငွေကို စစ်ဆေးနေသည့်အချက်မှာ ထိုငွေကြေးသည် ၎င်းတို့ စစ်တပ်အတွက် မည်မျှအရေးပါသည်ကို ဖော်ပြနေကြောင်း Justice for Myanmarက သုံးသပ်သည်။

ဆက်စပ်သတင်းများ

သတင်း

အမေရိကန်ရဲ့ ပိတ်ဆို့ အရေးယူမှုကို ခံခဲ့ရတဲ့ ရုရှား ကုမ္ပဏီတွေဆီက ရေနံ ဝယ်ယူမှုတွေကို တရုတ် အစိုးရပိုင် ရေနံလုပ်ငန်းတွေက ရပ်ဆိုင်းထားလိုက်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားရေနံကို ဆက်ပြီး ဝယ်နေမယ်ဆိုရင် အိန္ဒိယဟာ အမေရိကန်ဆီက ကြီးမားပြင်းထန်တဲ့ သွင်းကုန်အခွန် စည်းကြပ်မှုတွေကို မလွဲမသွေ ကြုံရလိမ့်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေးခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ဖိအားပေး ဆန့်ကျင်မှုတွေ ရှိနေတဲ့တိုင် ရုရှားဆီက ရေနံကို ဆက်လက် ဝယ်ယူသွားမယ်လို့ အိန္ဒိယက အတည်ပြုခဲ့ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ဘင်းမ်စတက်ညီလာခံသို့ တက်ရောက်ခွင့်ပြုလိုက်သည့် ထိုင်းနှင့် ဘင်းမ်စတက်အဖွဲ့တို့၏ ဆုံးဖြတ်ချက်ကို ပြင်းထန်စွာရှုတ်ချကြောင်း Justice For Myanmar က ယနေ့ ထုတ်ပြန်သည်။