Connect with us

Hi, what are you looking for?

News

အကြမ်းဖက်စစ်ကောင်စီကို ရရာလက်နက်စွဲကိုင်ကာ စတင်တိုက်ပွဲဖော်ဆောင်မည်ဟု ကရင်ပြည်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကြေညာ

(KNDO တပ်ဖွဲ့ဝင်များကို တွေ့ရစဥ်)

-ယခုထက်တိုက်ပွဲပြင်းထန်လာနိုင်ဟု KNDO အသိပေး

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကရင်ပြည်နယ်(ပကဖ)သည် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီကို ယနေ့(ဒီဇင်ဘာ ၁၈ ရက်)မှစတင်ကာ တိုက်ပွဲဖော်ဆောင်သွားမည်ဟု ထုတ်ပြန်ကြေညာသည်။

နွေဦးတော်လှန်ရေးစတင်သည့်အချိန်ကစလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကရင်ပြည်နယ် (ပကဖ)ကို ဖွဲ့စည်းခဲ့သော်လည်း NCA လက်နက်ရေးထိုးထားသော ကရင်အမျိုးသားအစည်းအရုံး(KNU) နယ်မြေများဖြစ်နေခြင်းကြောင့် စစ်ရေးလှုပ်ရှားမှုများကို မဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

သို့ရာတွင် အကြမ်းဖက်စစ်ကောင်စီသည် NCA ကို အလေးမထားဘဲ CDM ဝန်ထမ်းများနှင့် တော်လှန်ရေးရဲ ဘော်များကို အင်အားအလုံးအရင်းဖြင့်ဖိနှိပ်လာသောကြောင့် ပ.က.ဖ အနေဖြင့် ရရာလက်နက်စွဲကိုင်ကာ တိုက်ပွဲဖော်ဆောင်သွားမည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ယင်းသို့တိုက်ပွဲဖော်ဆောင်ရာတွင် ပြည်သူလူထုတရပ်လုံး ပူးပေါင်းပါဝင်ရန်၊ အကြမ်းဖက်စစ်ကောင်စီ ယာဉ်တန်းနှင့် ၎င်းတို့သွားလာလှုပ်ရှားသည့်အနီးအနားကို သွားလာခြင်းမပြုရန်၊ ည အချိန်သွားလာခြင်းမပြုရန်၊ အာရှလမ်းမကြီးနှင့် ဘားအံ-ကော့ကရိတ်-ကြာအင်းဆိပ်ကြီး ဘု ရားသုံးဆူလမ်းပိုင်းများအပေါ် စစ်ရေးသတိဖြင့်သွားလာကြရန် အလေးအနက် အသိပေးကြောင်း ထုတ်ပြန်သည်။

ထို့အပြင် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO)ကလည်း လေးကေကော်၌ တပ်စွဲထားသော စစ်ကောင်စီတပ်များ အထိနာကာ ပြန်လည်ဆုတ်ခွာသွားသော်လည်း အင်အားအလုံးအရင်းဖြင့် ပြန်လည် တိုက်ခိုက်မည့် အနေအထားရှိကြောင်း ယနေ့ထုတ်ပြန်သည်။

တိုက်ပွဲအခြေအနေသည် ယခုထက်မက ကြီးမားလာနိုင်ပြီး ပြည်တွင်း၊ ပြည်ပ ညီအစ်ကိုများက စစ်ကောင်စီကို အပြည့်အ၀ဆန့်ကျင်ကာ ပြည်သူအတွက် မားမားမတ်မတ်ရပ်တည်ပေးသော KNU/KNLA/KNDO အဖွဲ့အစည်းများကို တတ်နိုင်သည့်ဘက်မှ များများထောက်ပံ့ပေးရန် တိုက် တွန်းကြောင်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော