Connect with us

Hi, what are you looking for?

News

စစ်တပ်အာဏာသိမ်းပြီးနောက် ချင်းတပ် CNA ၏ စစ်သင်တန်း ပိုစိပ်လာပြီး အင်အားပိုများလာ

“အာဏာမသိမ်းခင်က အခြေခံစစ်သင်တန်း က အင်အား ၁၀၀ ခန့်ဆိုရင် စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်းတော့ ၂၀၀ အဲဒီလို အင်အားတော့တိုးလာတယ်။ ပြီးတော့ သင်တန်းလုပ်တဲ့ အပတ်စဉ်ပိုစိပ်လာတယ်” ဟု ၎င်းက ပြောသည်။

ချင်းအမျိုးသားတပ်မတော်(CNA)၏ အပတ်စဉ် (၄၅) အခြေခံ စစ်သင်တန်းဆင်းပွဲ အခမ်းအနားတစ်ခုကို ချင်းပြည်နယ်ရှိ CNA တပ်စခန်း တစ်ခု၌ ပြုလုပ်ခဲ့ကြောင်း Chinland Information Center က သတင်းထုတ်ပြန်သည်။

ချင်းအမျိုးသားတပ်ဦး(CNF) စတင်ထူထောင်ကတည်း က CNA ၏ အပတ်စဉ် သင်တန်းများ လုပ်ဆောင်လာရာ အာဏာသိမ်းပြီးနောက်ပိုင်း သင်တန်းအပတ်စဉ်များ ခပ်စိပ်စိပ်လုပ်လာနိုင်ကြောင်း CNF/CNA ပြောရေး ဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

“အာဏာမသိမ်းခင်က အခြေခံစစ်သင်တန်း က အင်အား ၁၀၀ ခန့်ဆိုရင် စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်းတော့ ၂၀၀ အဲဒီလို အင်အားတော့တိုးလာတယ်။ ပြီးတော့ သင်တန်းလုပ်တဲ့ အပတ်စဉ်ပိုစိပ်လာတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် စစ်အာဏာရှင်ဖြုတ်ချရန် အတွက် ချင်းအမျိုးသားတပ်မတော်နှင့် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာသည့် ဒေသကာကွယ်ရေးတပ်ဖွဲ့ ၁၆ခု စုဖွဲ့ကာ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်နေသည်ဟု ဆလိုင်းထက်နီက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်တပ်အာဏာသိမ်းပြီးနောက် ချင်းပြည်နယ် မြို့နယ်အများအပြား၌ စစ်ကောင်စီတပ်ကိုခုခံတိုက်ခိုက်သည့် တိုက်ပွဲများ ဖြစ်ပေါ်ခဲ့ပြီး စစ်ကောင်စီတပ် အထိနာခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့မှာ ကြံ့ခိုင်ရေးပါတီအမတ်ဟောင်းနဲ့ စစ်တပ်ပေါင်းပြီး ဒေသခံ ၁၁ဦးကို စစ်သားစုဆောင်းဖို့ ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

သုံးပတ်အတွင်းစစ်တပ်ကြောင့် ရခိုင်မှာ​ပြည်သူ ၉ဦး​ သေဆုံးပြီး ၁၇ ဦးဒဏ်ရာရ

သတင်း

အင်းတော်ဗုံးကြဲခံရမှုသေဆုံးသူငါးဦးရှိလာ

Facebook