Connect with us

Hi, what are you looking for?

News

ထိုင်းဘက်ကို ထွက်ပြေးလာရတဲ့ မြန်မာဒုက္ခသည်အရေးအလေးအနက်ထားသွားမယ်လို့ UNHCR ဆို

ထိုင်းအစိုးရအနေနဲ့ လည်း ဒုက္ခသည်တွေကို ကူညီစောင့်ရှောက်ရာမှာ ဆယ်စုနှစ်နဲ့ချီတဲ့ အတွေ့အကြုံရှိထားပြီဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

ဓာတ်ပုံ − Kaung Khant

လေးကေ့ကော်ဒေသတိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်ရတဲ့ မြန်မာ ဒုက္ခသည်တွေအတွက်အရေးတကြီး အကာအကွယ်ပေးမှုနဲ့ ကူညီထောက်ပံ့ပေးဖို့အတွက် အလေးအနက်ထားသွားတယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR ) က ဒီနေ့မှာထုတ်ပြန်လိုက်ပါတယ်။

ထိုင်းကိုရောက်လာတဲ့ မြန်မာဒုက္ခသည်တွေအတွက် လိုအပ်တဲ့ ကာကွယ်ပေးမှုနဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကို ထောက်ပံ့ဖို့ UNHCR နဲ့မိတ်ဖက်တွေဟာ အဆင်သင့်ဖြစ်နေတဲ့အကြောင်း ထိုင်းအစိုးရ ထံထပ်လောင်းအသိပေးထားတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

Public Service Announcement

ထိုင်းအစိုးရရဲ့စာရင်းတွေအရ ဒီဇင်ဘာလ ၁၆ ရက်ကစတင်ပြီး ထိုင်းဘက်ကို ထွက်ပြေးခိုလှုံရတဲ့ မြန်မာဒုက္ခသည်ဟာ ၃၉၀၀ လောက်ရှိတယ်လို့ သိရပါတယ်။

သူတို့ကို လက်ရှိမှာတော့ မဲဆောက်ခရိုင်ထဲက နေရာအချို့မှာ လက်ခံထားတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ထိုင်းအစိုးရအနေနဲ့ လည်း ဒုက္ခသည်တွေကို ကူညီစောင့်ရှောက်ရာမှာ ဆယ်စုနှစ်နဲ့ချီတဲ့ အတွေ့အကြုံရှိထားပြီဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

နေရပ်စွန့်ခွာသူအရေးဆောင်ရွက်နေသူတွေကတော့ ထိုင်းအစိုးရအနေနဲ့ မြန်မာဒုက္ခသည်တွေကို အတင်းအကြပ်ပြန်မပို့ဖို့ တောင်းဆိုထားကြပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ grade 3 ကျောင်းသား တစ်ယောက်က ကိုင်းခုတ်ဓားကိုင်ပြီး လိုက်တဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့နေပါတယ်။

သတင်း

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ခွင့် စာရွက်စာတမ်း (work permit)တွေ မှန်မှန်ကန်ကန် ကိုင်ဆောင်ထားရင်တောင်မှ ဥပဒေအရ နိုင်ငံခြားသားတွေ ပါဝင် လုပ်ကိုင်ခွင့် မရတဲ့ အလုပ်အမျိုးအစားတွေ ရှိပါတယ်။

နိုင်ငံတကာ

ဆိုက်ဘာခြိမ်းခြောက်မှုတွေနဲ့ နယ်စပ်ဖြတ်ကျော် ဒုစရိုက် လုပ်ငန်းတွေကို တိုက်ဖျက်ရေးအတွက် အမေရိကန် ဖက်ဒရယ် ထောက်လှမ်းရေး ဗျူရိုနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ အရှိန်မြှင့်တင်သွားမယ်လို့ ထိုင်းအစိုးရက ပြောပါတယ်။

နိုင်ငံတကာ

သုံးနှစ်ကျော်ကြာ ကိုမာဝင်ပြီး သတိလစ် မေ့မြောနေခဲ့တဲ့ ထိုင်းတော်ဝင် မင်းသမီးဟာ အသက် ၄၇ နှစ် အရွယ်မှာ ကွယ်လွန်သွားပါတယ်။