Connect with us

Hi, what are you looking for?

News

မြန်မာ့မြေပေါ်၌ စစ်ကောင်စီ ဆက်လက်ရပ်တည်မရသည်မှာ ပိုမိုသေချာလာဟု NUG ဝန်ကြီးချုပ်ပြော

“လူတစ်စုရဲ့အာဏာကိုတပ်မက်တဲ့လောဘမီးဟာ အပြစ်မဲ့ပြည်သူတွေအားလုံးကို ဒုက္ခရောက်စေတာ တွေ့ရလို့ ဒီတော်လှန်ရေးကို ကျတော်တို့အားလုံး မီးကုန်ယမ်းကုန် အားထည့်ပြီး အောင်မြင်အောင်လုပ်ရမယ်လို့ယုံကြည်ထားကြောင်း” ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ဆိုသည်။

-တော်လှန်ရေးကို မီးကုန်ယမ်းကုန်အားထည့်၍ အောင်မြင်အောင်လုပ်ရမည်ဟုဆို

အကြမ်းဖက်စစ်ကောင်စီသည် မြန်မာ့မြေပေါ်၌ မည်သို့မျှ ဆက်လက်ရပ်တည်၍မရသည်မှာ ပိုမိုသေချာလာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီး ချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ အစည်းအဝေးကို ယနေ့(ဒီဇင်ဘာ ၂၁ ရက်)ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မြန်မာပြည်သူများသည် အကြမ်းဖက်စစ်ကောင်စီအပေါ် စိတ်ဆိုးဒေါသထွက်ရုံမဟုတ်ဘဲ နာနာကျည်းကျည်းဖြစ်ကုန်ကြသဖြင့် အကြမ်းဖက်စစ် ကောင်စီ ရပ်တည်မရသည်မှာ ပိုမိုသေချာလာကြောင်း ထည့်သွင်းပြောကြားသည်။

“လူတစ်စုရဲ့အာဏာကိုတပ်မက်တဲ့လောဘမီးဟာ အပြစ်မဲ့ပြည်သူတွေအားလုံးကို ဒုက္ခရောက်စေတာ တွေ့ရလို့ ဒီတော်လှန်ရေးကို ကျတော်တို့အားလုံး မီးကုန်ယမ်းကုန် အားထည့်ပြီး အောင်မြင်အောင်လုပ်ရမယ်လို့ယုံကြည်ထားကြောင်း” ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ဆိုသည်။

Public Service Announcement

Public Service Announcement

နွေဦးတော်လှန်ရေးတွင် ပြည်သူများက ကြောက်ရွံ့စိတ်ဖြင့် နောက်ဆုတ်အရှုံးပေးသွားခြင်းမျိုးမရှိဘဲ ရှိသမျှစိတ်ဓာတ်ခွန်အားများနှင့် နေ့စဉ်နည်းလမ်း မျိုးစုံအသုံးပြုကာ ညီညွတ်စွာတွန်းလှန်နေကြသည်ကို မြင်တွေ့နေရသဖြင့် ပြည်သူများကို အထူးကျေးဇူးကြောင်း မန်းဝင်းခိုင်သန်းက ပြောသည်။ ထို့အပြင် အားလုံးအတူသွားကြရမည့် ပန်းတိုင်အတွက်လည်း ပိုမိုကြိုးစားသွားရ မည်ဆိုသော စိတ်ဆန္ဒ ဖြစ်ပေါ်မိကြောင်း ၎င်းက ဆက်ပြောသည်။

NUG ယာယီသမ္မတ ဒူဝါလရှီးလက ပအို့ဝ်း (Pa-O) အမျိုးသားများက PNFC ခေါ် ပအို့ဝ်း (Pa-O) အမျိုးသားဖက်ဒရယ်ကောင်စီကို ဖွဲ့စည်းလိုက်သည်ကို တွေ့ရ၍ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြောင်းအထက်ပါအစိုးရအဖွဲ့အစည်းအဝေး၌ ပြောသည်။

အလားတူ အခြားကျန်ရှိသည့် တိုင်းရင်းသားများကိုလည်း NUG ၊ NUCC တို့နှင့် အမြန်ဆုံးပူးပေါင်းကြရန် ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းသည်။

ထို့အပြင် ပြည်သူလူထု၏ အသက်အိုးအိမ်များ ဆက်လက် မဆုံးရှုံးစေရန်၊ နွေဦးတော်လှန်ရေးအောင်မြင်မြန်ဆန်စေရန် လက်ရှိစစ်တပ်တွင် တာဝန်ထမ်းဆောင်နေသူများအနေဖြင့် မှန်ကန်သည့် ဆုံးဖြတ်ချက်ချကာ ပြည်သူဘက်သို့ပူးပေါင်းကြရန် ယာယီသမ္မတက ထပ်မံတိုက်တွန်းသည်။

လေးကေ့ကော်ဖြစ်စဉ်အတွက် စတင်တိုက်ပွဲဖြစ်သည့်နေ့တွင် လုံခြုံရေးနှင့်ကာကွယ်ရေးကောင်စီ အဖွဲ့ဝင်အချို့နှင့် သက်ဆိုင်ရာဝန်ကြီး ဌာနများကို ညတွင်းချင်း အစည်းအဝေးခေါ်ကာ လုပ်ဆောင်သင့်သည်များကို တိုင်ပင်ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

နိုင်ငံတကာ

ထိုင်းတစ်နိုင်ငံလုံးစိတ်ဝင်တစားစောင့်ကြည့်နေတဲ့ရုရှားမောင်နှမအသတ်ခံရမှုဟာကွင်းဆက်လူသတ်မှုအသွင် ဆောင်လာတဲ့နောက် ဝန်ကြီးချုပ်ကိုယ်တိုင်တခြားခရီးစဉ်တစ်ခုကနေအချိန်စောပြန်လာပြီး ကွင်းဆင်း စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။