Connect with us

Hi, what are you looking for?

News

မြဝတီက ရွာထဲ စစ်​ကောင်စီ လက်နက်ကြီးနဲ့ထပ်ပစ်

ဒီကနေ့ မနက် ၉ နာရီအချိန်ခန့်က စစ်ကောင်စီတပ်က သေ့ဘောဘိုးနယ်မြေထဲကို လက်နက်ကြီးထပ်မံပစ်ခတ်ခဲ့ပြီး ရွာသားတွေဟာ ထိုင်းဘက်ကို ဖြတ်ကျော်ဝင်ရောက်လာခဲ့ရသလို လက်ရှိမှာ မြန်မာဘက်ခြမ်းမှာ အခြေအနေတွေ ဖရိုဖရဲဖြစ်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“​​လေး​ကေ​ကော်စစ်ဘေး​ရှောင် တစ်​သောင်းခန့်ရှိ”

မြဝတီမြို့နယ် သေ့ဘောဘိုးရွာထဲကို ဒီကနေ့ မနက်ပိုင်းက စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ထပ်ပစ်လို့ ဒေသခံရွာသားတွေ ထိုင်းဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိမှာ လေးကေကော်တိုက်ပွဲကြောင့် စစ်ရှောင်ဦးရေ တစ်​သောင်း ခန့်ရှိနေတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG)က ထုတ်ပြန်ပါတယ်။

ဒီကနေ့ မနက် ၉ နာရီအချိန်ခန့်က စစ်ကောင်စီတပ်က သေ့ဘောဘိုးနယ်မြေထဲကို လက်နက်ကြီးထပ်မံပစ်ခတ်ခဲ့ပြီး ရွာသားတွေဟာ ထိုင်းဘက်ကို ဖြတ်ကျော်ဝင်ရောက်လာခဲ့ရသလို လက်ရှိမှာ မြန်မာဘက်ခြမ်းမှာ အခြေအနေတွေ ဖရိုဖရဲဖြစ်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ ပစ်ခတ်မှုတွေဟာ ဆက်လက်ဖြစ်ပွားနေတဲ့အတွက် ဒေသခံရွာသူရွာသားတွေဟာ စားနပ်ရိက္ခာ၊ အနွေးထည်၊ အမိုးအကာပစ္စည်းတွေကို မသယ်ယူနိုင်ပဲ နေအိမ်တွေကို စွန့်ခွာခဲ့ရပြီး အကူအညီတွေ လိုအပ်ချက်ရှိနေတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့က ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်တဲ့ စောနန္ဒဆူးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“လက်ရှိအချိန်ထိ အရေးတကြီးလိုအပ်နေတဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေဖြစ်တဲ့ စားနပ်ရိက္ခာနဲ့ နေရာထိုင်ခင်းရယ် စောင်ခြင်ထောင်ရယ် အဓိကလိုအပ်တယ်။ ဘာလို့လည်းဆိုလို့ရှိရင် သူတို့ကလည်း အခု ပြေးတယ်ဆိုတာက တနေရာကိုအတိတကျလည်း ပြေးနေရတာမဟုတ်ဘူး။ တချို့ဆို ဥပမာ လေးကေကော်ကနေ ဖလူးကြီးကနေ ဖလူးလေး နောက်တစ်နေရာ အဲ့လိုမျိုးပေါ့နော်။ တိုက်ပွဲဖြစ်ရင် ဖြစ်သလို သူတို့က တစ်နေရာနဲ့တစ်နေရာ ရွှေ့ပြောင်းနေထိုင်ရတာပေါ့နော်။ ပြေးရင်းပြေးရင်းနဲ့ ထိုင်းဘက်ကိုရောက်တာရှိသလို တချို့ကလည်း ကမ်းနားတစ်လျှောက်မှာ ပြေးနေရတာပေါ့။ အဲ့ဒါကြောင့် ဒီလူတွေအားလုံးအတွက် စားနပ်ရိက္ခာနဲ့ နေရာထိုင်ခင်း အပြည့်အဝရရှိဖို့တော့ အရေးတကြီးလိုအပ်ပါတယ်” လို့ KHRG က စောနန္ဒဆူးက ပြောပါတယ်။

ဒါ့အပြင် စစ်ရှောင်တွေတိမ်းရှောင်ယာယီနေထိုင်ရတဲ့ နေရာတွေမှာ အိမ်သာမရှိတာ၊ မသန့်ရှင်းတာတွေကြောင့် နယ်စပ်နှစ်ဘက်စလုံးမှာရှိတဲ့ စစ်ဘေးရှောင်တွေကြားမှာ ဝမ်းပျက်ဝမ်းလျှောရောဂါတွေ ဖြစ်ပွားနိုင်တယ်လို့ KHRG က ဆိုထားပါသေးတယ်။

နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ စစ်ဘေးရှောင်တွေကို ထိုင်းအစိုးရအနေနဲ့ ကူညီပေးဖို့ ခွင့်ပြုပေးဖို့ လက်ခံပေးဖို့နဲ့ နိုင်ငံတကာ လူသားချင်း စာနထောက်ထားမှု အကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေအနေနဲ့ အကူအညီပေးဖို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က တိုက်တွန်းတောင်းဆိုလိုက်တယ်လို့လည်း သိရပါတယ်။

KHRG အဖွဲ့အနေနဲ့ ဖလူးကြီးဒေသအပါအဝင် လေးကေကော်၊ ထီးမယ်ဝါးခီး၊ ရသေ့ဂူ၊ ပဟိကလော်နဲ့ မယ်ထော်သလေးကျေးရွာတွေက စစ်ဘေးရှောင်ပြည်သူ ၄၀၀၀ ဆီကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ဖြန့်ဝေပေးနိုင်ခဲ့တယ်လို့လည်း KHRG ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း