Connect with us

Hi, what are you looking for?

News

လှည်းကူးက ပျူ​စောထီး​ခေါင်​ဆောင်ဆိုသူ ပစ်သတ်ခံရ

ယနေ့(ဒီဇင်ဘာ ၂၂ရက်) ညနေ၅နာရီခန့်ကလှည်းကူးမြို့နယ် ပျူစောထီးခေါင်းဆောင်ဟုသတ်မှတ်ခံထားရသူ ဦးအောင်ကြည်သိန်း(ခ) စောဖိုးခွားသည် ကျွန်းကလေးကျေးရွာ အာဇီဝမှတ်တိုင်အနီးတွင် ပစ်သတ်ခံခဲ့ရခြင်း ဖြစ်သည်။

People's Spring
People's Spring

လှည်းကူးမြို့နယ် ပျူစောထီးခေါင်းဆောင်ဆိုသူကို ပြစ်ဒဏ်စီရင်လိုက်ကြောင်း လှည်းကူးPDFက ယနေ့ညပိုင်းတွင် ထုတ်ပြန်သည်။

ယနေ့(ဒီဇင်ဘာ ၂၂ရက်) ညနေ၅နာရီခန့်ကလှည်းကူးမြို့နယ် ပျူစောထီးခေါင်းဆောင်ဟုသတ်မှတ်ခံထားရသူ ဦးအောင်ကြည်သိန်း(ခ) စောဖိုးခွားသည် ကျွန်းကလေးကျေးရွာ အာဇီဝမှတ်တိုင်အနီးတွင် ပစ်သတ်ခံခဲ့ရခြင်း ဖြစ်သည်။

ဦးအောင်ကြည်သိန်းသည် စစ်ကောင်စီနှင့်ပူးပေါင်း၍ လှည်းကူးမြို့ရှိပြည်သူများ​ကို အနိုင်ကျင့်ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်း၊ လောင်းကစားဝိုင်းများကျင်းပကာ အခွန်ကောက်ခြင်း၊ ပြည်သူများကိုငွေညှစ်ဖမ်းဆီးခြင်းတို့ကြောင့် ပြည်သူများ၏ မေတ္တာဖြင့် ပြစ်ဒဏ်စီရင်လိုက်ခြင်း ဖြစ်သည်ဟု လှည်းကူး PDF က ဆိုသည်။

ထို့အပြင် ဆက်လက်၍ ပြစ်ဒဏ်စီရင်ရန်ကျန်ရှိနေသေးသည့် လှည်းကူးမြို့နယ် ပျူစောထီးအဖွဲ့ဝင် ရှစ်ဦး၏ အမည်ကိုလည်း ပူးတွဲထုတ်ပြန် သတိပေးခဲ့သည်။

Public Service Announcement

Public Service Announcement

ယနေ့ ပစ်ခတ်မှုဖြစ်စဥ်တွင် ဦးအောင်ကြည်သိန်းနှင့်အတူသားဖြစ်သူ ရဲဇော်ဦးမှာလည်း ကြက်ဝိုင်းမှ ဆိုင်ကယ်ဖြင့်ပြန်လာစဥ် ပစ်ခတ်ခံရပြီ သေဆုံးသွားသည်ဟုလည်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ ဒုရဲမှူးတစ်ဦးကို စစ်တပ်က သေနတ်နဲ့ ပစ်သတ်ပြီး ရုပ်အလောင်း ဖျောက်ဖျက်ဖို့ ကြိုးစားနေတယ်လို့ ရေဦးမြို့အဝင်က စစ်ကောင်စီရဲ့ကြာပန်းစစ်ဆေးရေးဂိတ်နဲ့ နီးစပ်သူက ပြောပါတယ်။

သတင်း

ဖားကန့်၊လုံးခင်းကျေးရွာအုပ်စုထဲမှာတိုက်ပွဲဖြစ်ပွားနေချိန် ပိတ်မိနေတဲ့အရပ်သားတွေထဲက ၂ ဦးကို အာဏာသိမ်းစစ်တပ်ကပစ်သတ်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

​စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က ထနောင်းတောကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး ဒေသခံလူငယ် ၂ဦးကို ပစ်သတ်ကာ နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

သတင်း

ရန်ကုန်တိုင်း လှည်းကူးမြို့နယ်မှာ ဒီကနေ့ (ဖေဖော်ဝါရီ ၃) နံနက်က စက်ရုံဖယ်ရီကားနဲ့ ပဲခူး-ရန်ကုန်ပြေးဆွဲတဲ့ မီနီဘတ်စ် တိုက်မိရာ လူလေးဦး သေဆုံးပြီး ၃၀နီးပါး ဒဏ်ရာရခဲ့ကြောင်း ဒေသခံပြည်သူတွေက ပြောပါတယ်။