Connect with us

Hi, what are you looking for?

News

တရားမဝင်သယ်လာ​သော ​ကျောက်စိမ်းများ မင်းကင်း PDF ဖမ်းဆီးရမိပြီး NUGထံ ​ပေးအပ်

ထိုသို့ ရေကြောင်းစိုးမိုးရေးကိစ္စများဆောင်ရွတ်​နေစဥ် တရားမဝင် ကျောက်စိမ်းများသယ်ယူလာသည်ကို ဖမ်းဆီးရရှိခဲ့ပြီး NUGအစိုးရ တာဝန်ရှိသူများနှင့် ချိတ်ဆက်ကာ လွှဲပြောင်းပေးအပ်နိုင်ခဲ့ခြင်းဖြစ်သည်။

တရားမဝင်သယ်ယူလာသော ကျောက်စိမ်းများအား ဖမ်းဆီးရမိခဲ့ပြီး အမျိုးသားညီညွတ်​ရေးအစိုးရ(NUG) ထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း မင်းကင်းပြည်သူ့ကာကွယ်ရေးတပ်က ယနေ့(ဒီဇင်ဘာ၂၃) ထုတ်ပြန် သည်။

မင်းကင်းပြည်သူ့ကာကွယ်ရေးတပ်ရင်း(၁)သည်ချင်းတွင်းမြစ်ရေကြောင်း စိုးမိုးရေးလုပ်ငန်းများ လုပ်ကိုင်နေပြီး လွန်ခဲ့သောရက်အနည်းငယ်က တရားမဝင်သယ်ဆောင်လာသော ကျောက်စိမ်းဖလက်ခွံအပါအဝင် ရေယာဥ် ၁၁ စီးကိုလည်း မိုင်းစွဲတိုက်ခိုက်ခြင်းနှင့် ချောင်းမြောင်းပစ်ခက်ခြင်းများလည်း ပြုလုပ်ခဲ့သည်။

ချင်းတွင်းမြစ်ကိုအသုံးပြု၍ မှောင်ခိုပစ္စည်းများသယ်ယူခြင်း၊ ပျူ​စောထီးနှင့် အကြမ်းဖက်စစ်ကောင်စီတို့ ရိက္ခာများ၊ ခဲယမ်းလက်နက်များ သယ်ယူနေခြင်း၊အကြမ်းဖက် စစ်ကောင်စီက ရေကြောင်းကိုအသုံးပြု၍ နယ်မြေစိုးမိုးရေးလုပ်ငန်းများ လုပ်ဆောင်နေကြခြင်းတို့ကြောင့် မိမိတို့တပ်ရင်းမှ ရေကြောင်းစိုးမိုးရေးလုပ်ငန်းများ အားဖြည့်လုပ်ဆောင်နေသည်ဟုလည်း မင်းကင်းပြည်သူ့ကာကွယ်ရေးတပ်က ဆိုသည်။

ထိုသို့ ရေကြောင်းစိုးမိုးရေးကိစ္စများဆောင်ရွတ်​နေစဥ် တရားမဝင် ကျောက်စိမ်းများသယ်ယူလာသည်ကို ဖမ်းဆီးရရှိခဲ့ပြီး NUGအစိုးရ တာဝန်ရှိသူများနှင့် ချိတ်ဆက်ကာ လွှဲပြောင်းပေးအပ်နိုင်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

မင်းကင်းပြည်သူ့ကာကွယ်ရေးတပ်ရင်း(၁)အနေဖြင့် ရေကြောင်းစိုးမိုးမှုများကို ဆက်လျှက်လုပ်ဆောင်နေဆဲဖြစ်ပြီး တရားမဝင်သစ်ဝါးများ သယ်ယူနေခြင်း၊ ကျောက်မီးသွေး၊ ကျောက်စိမ်းများ အပါအဝင် စစ်ကောင်စီနှင့် ဆက်နွယ်နေသော စီးပွားရေးလုပ်ငန်းများမှန်သမျှ ထိန်းသိမ်းခြင်း၊ဖျက်စီးခြင်း၊NUG ထံအပ်နှံခြင်းများ ဆောင်ရွတ်လျှက်ရှိကြောင်းလည်း အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကတ်ထုတ်​ပေးတဲ့ ထိုင်းအရာရှိအချို့ပါဖမ်းဆီးခံရ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။