Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ကောင်စီက သတင်းသမားများနှင့် သတင်းဌာနများကို ပိုမိုပစ်မှတ်ထားအကြမ်းဖက်လာ

“အကြမ်းဖက်စစ်ကောင်စီသည် မြန်မာနိုင်ငံတွင် သတင်းလွတ်လပ်ခွင့်ကို ပိတ်ပင်ပြီး သတင်းသမား အများအပြားကို တရားလက်လွတ်ညှဉ်းပန်းနှိပ်စက် ဖမ်းဆီးသတ်ဖြတ်လျက်ရှိရသည်” ဟု MPFI-D က ဆိုသည်။

(သတင်းမီဒီယာလွတ်လပ်ခွင့်နှင့်ပတ်သက်ပြီး ၂၀၁၇ ဇူလိုင်လအတွင်းက မော်လမြိုင်မြို့တွင် ဆန္ဒပြတောင်းဆိုနေစဥ်)

စစ်ကောင်စီသည် သတင်းသမားများနှင့် သတင်းဌာနများကို ပစ်မှတ်ထားအကြမ်းဖက်လာကြောင်း မြန်မာသတင်းလွတ်လပ်ခွင့်အဖွဲ့(MPFI-D)က ယနေ့(ဒီဇင်ဘာ ၂၃ ရက်)ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီသည် အလွတ်တန်းသတင်းဓာတ်ပုံဆရာ ကိုစိုးနိုင်ကို စစ်ကြောရေးတွင် သတ်ဖြတ်ခဲ့ပြီး အာဏာသိမ်းပြီးချိန်ကစ၍ သတင်းသမား ၄၃ ဦးကို ဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း MPFI-D က ဖော်ပြသည်။

“အကြမ်းဖက်စစ်ကောင်စီသည် မြန်မာနိုင်ငံတွင် သတင်းလွတ်လပ်ခွင့်ကို ပိတ်ပင်ပြီး သတင်းသမား အများအပြားကို တရားလက်လွတ်ညှဉ်းပန်းနှိပ်စက် ဖမ်းဆီးသတ်ဖြတ်လျက်ရှိရသည်” ဟု MPFI-D က ဆိုသည်။

မြန်မာစစ်တပ်အာဏာသိမ်းပြီးချိန်ကတည်းက သတင်းမီဒီယာလွတ်လပ်ခွင့် ပျက်သုဉ်းသွားခဲ့ပြီး စစ်တပ်နှင့် အဆင်ပြေသည့်၊ စစ်တပ်အလိုကျရေးသားသည့် သတင်းမီဒီယာအများစုသာ ပြည်တွင်း၌ ရပ်တည်နိုင်ကြောင်း ဝါရင့်သတင်းသမားတစ်ဦးက မှတ်ချက်ပြုသည်။

Public Service Announcement

Public Service Announcement

“အခုဆိုရင် သူတို့(စစ်တပ်)က သတင်းထောက်တွေကို ရန်ပြုရုံတင်မကဘဲ သတင်းရင်းမြစ်တွေကိုပါ လိုက်ပြီး အန္တရာယ်ပေးနေတော့ သတင်းရင်းမြစ်တွေကအစ မဖြေရဲတာတွေ ရှိလာတယ်။ အခုက ပြည်တွင်းက သတင်းထောက်တွေအနေနဲ့ တော်တော်ကြီး ကြိုးစားရုန်းကန်ပြီး လုပ်နေကြရတယ်။ စစ်တပ်က အကုန်လုံး ပတ်ရမ်း၊ ဖိနှိပ်နေတာပေါ့”ဟု ၎င်းက ပြောသည်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းသတင်းဌာန ၉ ခုကို ပိတ်ပင်ခဲ့ပြီး အလွတ် တန်းသတင်းထောက်များသာမက ယခင် သတင်းမီဒီယာလုပ်ကိုင်ခဲ့သူများကိုပါ လိုက်လံဖမ်းဆီးမှုများရှိခဲ့သည်။

(သတင်းမီဒီယာလွတ်လပ်ခွင့်နှင့်ပတ်သက်ပြီး ၂၀၁၇ ဇူလိုင်လအတွင်းက မော်လမြိုင်မြို့တွင် ဆန္ဒပြတောင်းဆိုနေစဥ်)

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။