Connect with us

Hi, what are you looking for?

News

စစ်ကောင်စီက သတင်းသမားများနှင့် သတင်းဌာနများကို ပိုမိုပစ်မှတ်ထားအကြမ်းဖက်လာ

“အကြမ်းဖက်စစ်ကောင်စီသည် မြန်မာနိုင်ငံတွင် သတင်းလွတ်လပ်ခွင့်ကို ပိတ်ပင်ပြီး သတင်းသမား အများအပြားကို တရားလက်လွတ်ညှဉ်းပန်းနှိပ်စက် ဖမ်းဆီးသတ်ဖြတ်လျက်ရှိရသည်” ဟု MPFI-D က ဆိုသည်။

(သတင်းမီဒီယာလွတ်လပ်ခွင့်နှင့်ပတ်သက်ပြီး ၂၀၁၇ ဇူလိုင်လအတွင်းက မော်လမြိုင်မြို့တွင် ဆန္ဒပြတောင်းဆိုနေစဥ်)

စစ်ကောင်စီသည် သတင်းသမားများနှင့် သတင်းဌာနများကို ပစ်မှတ်ထားအကြမ်းဖက်လာကြောင်း မြန်မာသတင်းလွတ်လပ်ခွင့်အဖွဲ့(MPFI-D)က ယနေ့(ဒီဇင်ဘာ ၂၃ ရက်)ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီသည် အလွတ်တန်းသတင်းဓာတ်ပုံဆရာ ကိုစိုးနိုင်ကို စစ်ကြောရေးတွင် သတ်ဖြတ်ခဲ့ပြီး အာဏာသိမ်းပြီးချိန်ကစ၍ သတင်းသမား ၄၃ ဦးကို ဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း MPFI-D က ဖော်ပြသည်။

“အကြမ်းဖက်စစ်ကောင်စီသည် မြန်မာနိုင်ငံတွင် သတင်းလွတ်လပ်ခွင့်ကို ပိတ်ပင်ပြီး သတင်းသမား အများအပြားကို တရားလက်လွတ်ညှဉ်းပန်းနှိပ်စက် ဖမ်းဆီးသတ်ဖြတ်လျက်ရှိရသည်” ဟု MPFI-D က ဆိုသည်။

မြန်မာစစ်တပ်အာဏာသိမ်းပြီးချိန်ကတည်းက သတင်းမီဒီယာလွတ်လပ်ခွင့် ပျက်သုဉ်းသွားခဲ့ပြီး စစ်တပ်နှင့် အဆင်ပြေသည့်၊ စစ်တပ်အလိုကျရေးသားသည့် သတင်းမီဒီယာအများစုသာ ပြည်တွင်း၌ ရပ်တည်နိုင်ကြောင်း ဝါရင့်သတင်းသမားတစ်ဦးက မှတ်ချက်ပြုသည်။

Public Service Announcement

Public Service Announcement

“အခုဆိုရင် သူတို့(စစ်တပ်)က သတင်းထောက်တွေကို ရန်ပြုရုံတင်မကဘဲ သတင်းရင်းမြစ်တွေကိုပါ လိုက်ပြီး အန္တရာယ်ပေးနေတော့ သတင်းရင်းမြစ်တွေကအစ မဖြေရဲတာတွေ ရှိလာတယ်။ အခုက ပြည်တွင်းက သတင်းထောက်တွေအနေနဲ့ တော်တော်ကြီး ကြိုးစားရုန်းကန်ပြီး လုပ်နေကြရတယ်။ စစ်တပ်က အကုန်လုံး ပတ်ရမ်း၊ ဖိနှိပ်နေတာပေါ့”ဟု ၎င်းက ပြောသည်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းသတင်းဌာန ၉ ခုကို ပိတ်ပင်ခဲ့ပြီး အလွတ် တန်းသတင်းထောက်များသာမက ယခင် သတင်းမီဒီယာလုပ်ကိုင်ခဲ့သူများကိုပါ လိုက်လံဖမ်းဆီးမှုများရှိခဲ့သည်။

(သတင်းမီဒီယာလွတ်လပ်ခွင့်နှင့်ပတ်သက်ပြီး ၂၀၁၇ ဇူလိုင်လအတွင်းက မော်လမြိုင်မြို့တွင် ဆန္ဒပြတောင်းဆိုနေစဥ်)

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။