Connect with us

Hi, what are you looking for?

News

အသက် ၁၀၀ အရွယ်​ဒေါ်​အေးမှတ် သတိလစ်​မေ့​မျော​နေခြင်းသာဖြစ်ပြီကွယ်လွန်ခြင်းမဟုတ်

“အမေကြီး ဒေါ်အေးမှတ် သည်ရေပြတ်၊ အစာအဟာရပြတ်ပြီး အအေးပတ်တဲ့ဒဏ်ကြောင့် လဲပြီး မလှုပ်နိုင် ဘဲဖြစ်နေတာပါ။စကားမပြောနိုင်တာပါ။ အသက်ရှုနေသေးကြောင်း သိရပါသည်” ဟုရဦးဒေသခံတစ်ဦးက လူမှုကွန်ရက်တွင် အသိပေးရှင်းထားသည်။

အကြမ်းဖက်စစ်ကောင်စီက ရေဦးမြို့နယ် ရေမြက်ရွာကို မီးရှို့ဖျက်ဆီးနေ၍ ထွက်ပြေးခဲ့ရပြီး လမ်းခုလတ်၌ ကွယ်လွန်သွားသည်ဟု သတင်းထွက်ခဲ့သော အသက် ၁၀၀နှစ်အရွယ် ဒေသခံအဘွားအိုသည် သတိလစ်မေ့မျောနေခြင်းသာဖြစ်ပြီး ဆေးကုသမှုခံယူနေပြီဟု ဒေသခံများကပြောသည်။

ရေမြက်ကျေးရွာနေ အသက် ( ၁၀၀ ) ရှိ အဘွားဒေါ်အေးမှတ်သည် ဒီဇင်ဘာလ ၂၁ရက်က စစ်ဘေးရှောင်ရင်း မိသားစုဝင်များနှင့် လမ်းကွဲသွားကာ ပျောက်ဆုံးခဲ့ကြောင်း၊ရာသီဥတု အအေးလွန်ပြီးနောက် သေဆုံးနေသည်ကို ရွာအတွင်း လမ်းဘေးတစ်နေရာ၌ နောက်တစ်နေ့(ဒီဇင်ဘာ ၂၂)တွင်း တွေ့ရှိခဲ့ကြောင်း ဒေသခံများက ပြောခဲ့သည်။

သို့​သော်အမှန်တစ်ကယ်တွင်မူ ဒေါ်အေးမှတ်သည် သတိလစ်မေ့မျောနေခြင်းသာဖြစ်ပြီး ကွယ်လွန်ခြင်းမဟုတ်ဟု ယ​နေ့ (ဒီဇင်ဘာ ၂၃) ည​နေ ၄ နာရီခွဲတွင်အတည်ပြုနိုင်ခဲ့သည်ဟု ရေမြက်ရွာဒေသခံတစ်ဦးကပြောသည်။

“အမေကြီး ဒေါ်အေးမှတ် သည်ရေပြတ်၊ အစာအဟာရပြတ်ပြီး အအေးပတ်တဲ့ဒဏ်ကြောင့် လဲပြီး မလှုပ်နိုင် ဘဲဖြစ်နေတာပါ။စကားမပြောနိုင်တာပါ။ အသက်ရှုနေသေးကြောင်း သိရပါသည်” ဟုရဦးဒေသခံတစ်ဦးက လူမှုကွန်ရက်တွင် အသိပေးရှင်းထားသည်။

Public Service Announcement

Public Service Announcement

အဘွား​ဒေါ်​အေးမှတ်ကွယ်လွန်သွားပြီး ဟု People’s Spring သတင်းဌာနက ယ​​နေ့မွန်းလွှဲပိုင်းတွင်​ဒေါသခံများအား​မေးမြန်း၍ သတင်း​ဖော်ပြမိခဲ့သဖြင့် ပြင်ဆင်ဖတ်ရှု​ပေး​စေလိုပါသည်။ ထိုသို့ မှားယွင်း​ဖော်ပြမိသဖြင့် အဘွား​ဒေါ်​အေးမှတ်နှင့် အဘွားမိသားစုဝင်များကို ​​တောင်းပန်အပ်ပါသည်။

ရေမြက်ရွာကိုအကြမ်းဖက်စစ်ကောင်စီက ဒီဇင်ဘာ ၂၀ ရက်နှင့် ၂၁ ရက်တွင် စစ်ကြောင်းထိုးတိုက်ခိုက်ခဲ့ပြီး လေကြောင်းမှလည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

လက်ရှိတွင် ရေဦးမြို့နယ်အတွင်းရှိ လေးရွာနှင့်ပလူဇဝရွာအပါအဝင် ရွာကိုးရွာမှ ဒေသခံပြည်သူများသည် စစ်ကောင်စီတပ်၏ အကြမ်းဖက်ရန်ပြုမှုကြောင့် ဘေးလွတ်ရာ ရှောင်တိမ်းနေကြရသည်ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့(ရေဦးမြို့နယ်)က ယနေ့(ဒီဇင်ဘာ ၂၃)ထုတ်ပြန်ထားသည်။လျှပ်စစ်မီးကြိုးများ ပြတ်ကျနေခြင်းနှင့် မိုင်းအန္တရာယ်ကြောင့် ရွာအတွင်းသို့ မဝင်ရောက်ကြသေးပါရန်နှင့် အန္တရာယ်ရှိပစ္စည်းများ ရှင်းလင်းပြီးမှသာ ဝင်ရောက်ကြရန် ဒေသခံစစ်ရှောင်ပြည်သူများအား ရေဦး(PDF)က မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးတာဝန်ထမ်းဆောင်ခဲ့သူ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုမျိုးဇော်သိန်း (ခ)ကိုဘိုဘို (ခ)ကိုဘီလားဟာ ဧပြီ ၇ရက် ညနေပိုင်းက ကွယ်လွန်သွားခဲ့ပါတယ်။

သတင်း

​စစ်ကိုင်းတိုင်း၊ ကလေးအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုဝင်းမြင့်စိုးဟာ ထောင်တွင်းကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရရှိတာကြောင့်ကွယ်လွန်သွားခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှားမှာ ပွက်ပွက်ဆူနေတဲ့ ရေနွေးကို သောက်ဖို့ အတင်းအကျပ် ဖိအားပေး ခံခဲ့ရတဲ့ ကလေးငယ် တစ်ဦးဟာ မသေဆုံးခင်မှာ သူ့ကို အဓမ္မ ခိုင်းစေခဲ့သူကို ဖော်ထုတ်သွားခဲ့ပါတယ်။

သတင်း

မန္တလေးမြို့က ထင်ရှားတဲ့ စာရေးဆရာ သင့်နော် ဒီကနေ့ စက်တင်ဘာ ၂၇ ရက် နေ့လယ်ပိုင်းမှာ ကွယ်လွန်သွားခဲ့ပါတယ်။