Connect with us

Hi, what are you looking for?

LuduNwayOo

News

အသက် ၁၀၀ အရွယ်​ဒေါ်​အေးမှတ် သတိလစ်​မေ့​မျော​နေခြင်းသာဖြစ်ပြီကွယ်လွန်ခြင်းမဟုတ်

“အမေကြီး ဒေါ်အေးမှတ် သည်ရေပြတ်၊ အစာအဟာရပြတ်ပြီး အအေးပတ်တဲ့ဒဏ်ကြောင့် လဲပြီး မလှုပ်နိုင် ဘဲဖြစ်နေတာပါ။စကားမပြောနိုင်တာပါ။ အသက်ရှုနေသေးကြောင်း သိရပါသည်” ဟုရဦးဒေသခံတစ်ဦးက လူမှုကွန်ရက်တွင် အသိပေးရှင်းထားသည်။

အကြမ်းဖက်စစ်ကောင်စီက ရေဦးမြို့နယ် ရေမြက်ရွာကို မီးရှို့ဖျက်ဆီးနေ၍ ထွက်ပြေးခဲ့ရပြီး လမ်းခုလတ်၌ ကွယ်လွန်သွားသည်ဟု သတင်းထွက်ခဲ့သော အသက် ၁၀၀နှစ်အရွယ် ဒေသခံအဘွားအိုသည် သတိလစ်မေ့မျောနေခြင်းသာဖြစ်ပြီး ဆေးကုသမှုခံယူနေပြီဟု ဒေသခံများကပြောသည်။

ရေမြက်ကျေးရွာနေ အသက် ( ၁၀၀ ) ရှိ အဘွားဒေါ်အေးမှတ်သည် ဒီဇင်ဘာလ ၂၁ရက်က စစ်ဘေးရှောင်ရင်း မိသားစုဝင်များနှင့် လမ်းကွဲသွားကာ ပျောက်ဆုံးခဲ့ကြောင်း၊ရာသီဥတု အအေးလွန်ပြီးနောက် သေဆုံးနေသည်ကို ရွာအတွင်း လမ်းဘေးတစ်နေရာ၌ နောက်တစ်နေ့(ဒီဇင်ဘာ ၂၂)တွင်း တွေ့ရှိခဲ့ကြောင်း ဒေသခံများက ပြောခဲ့သည်။

သို့​သော်အမှန်တစ်ကယ်တွင်မူ ဒေါ်အေးမှတ်သည် သတိလစ်မေ့မျောနေခြင်းသာဖြစ်ပြီး ကွယ်လွန်ခြင်းမဟုတ်ဟု ယ​နေ့ (ဒီဇင်ဘာ ၂၃) ည​နေ ၄ နာရီခွဲတွင်အတည်ပြုနိုင်ခဲ့သည်ဟု ရေမြက်ရွာဒေသခံတစ်ဦးကပြောသည်။

“အမေကြီး ဒေါ်အေးမှတ် သည်ရေပြတ်၊ အစာအဟာရပြတ်ပြီး အအေးပတ်တဲ့ဒဏ်ကြောင့် လဲပြီး မလှုပ်နိုင် ဘဲဖြစ်နေတာပါ။စကားမပြောနိုင်တာပါ။ အသက်ရှုနေသေးကြောင်း သိရပါသည်” ဟုရဦးဒေသခံတစ်ဦးက လူမှုကွန်ရက်တွင် အသိပေးရှင်းထားသည်။

Public Service Announcement

Public Service Announcement

အဘွား​ဒေါ်​အေးမှတ်ကွယ်လွန်သွားပြီး ဟု People’s Spring သတင်းဌာနက ယ​​နေ့မွန်းလွှဲပိုင်းတွင်​ဒေါသခံများအား​မေးမြန်း၍ သတင်း​ဖော်ပြမိခဲ့သဖြင့် ပြင်ဆင်ဖတ်ရှု​ပေး​စေလိုပါသည်။ ထိုသို့ မှားယွင်း​ဖော်ပြမိသဖြင့် အဘွား​ဒေါ်​အေးမှတ်နှင့် အဘွားမိသားစုဝင်များကို ​​တောင်းပန်အပ်ပါသည်။

ရေမြက်ရွာကိုအကြမ်းဖက်စစ်ကောင်စီက ဒီဇင်ဘာ ၂၀ ရက်နှင့် ၂၁ ရက်တွင် စစ်ကြောင်းထိုးတိုက်ခိုက်ခဲ့ပြီး လေကြောင်းမှလည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

လက်ရှိတွင် ရေဦးမြို့နယ်အတွင်းရှိ လေးရွာနှင့်ပလူဇဝရွာအပါအဝင် ရွာကိုးရွာမှ ဒေသခံပြည်သူများသည် စစ်ကောင်စီတပ်၏ အကြမ်းဖက်ရန်ပြုမှုကြောင့် ဘေးလွတ်ရာ ရှောင်တိမ်းနေကြရသည်ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့(ရေဦးမြို့နယ်)က ယနေ့(ဒီဇင်ဘာ ၂၃)ထုတ်ပြန်ထားသည်။လျှပ်စစ်မီးကြိုးများ ပြတ်ကျနေခြင်းနှင့် မိုင်းအန္တရာယ်ကြောင့် ရွာအတွင်းသို့ မဝင်ရောက်ကြသေးပါရန်နှင့် အန္တရာယ်ရှိပစ္စည်းများ ရှင်းလင်းပြီးမှသာ ဝင်ရောက်ကြရန် ဒေသခံစစ်ရှောင်ပြည်သူများအား ရေဦး(PDF)က မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နာရေးသတင်းကို ကြားသိခဲ့တဲ့နောက် နိုင်ငံတကာ အစိုးရတွေက နမီးဘီးယား အစိုးရကိုရော၊ ကျန်ရစ်သူ မိသားစုကိုပါ ဝမ်းနည်း ကြေကွဲကြောင်း သဝဏ်လွှာတွေ ပေးပို့ခဲ့ကြပါတယ်။

နိုင်ငံတကာ

တရုတ် အစိုးရပိုင် ရှင်ဟွာလို သတင်းဌာနကြီးတွေမှာတော့ လီရဲ့ ဝန်ကြီးချုပ်ဘဝ ဖြတ်သန်းမှုလို အကြောင်းအရာတွေကို တလေးတနက် ဖော်ပြတာမျိုး မရှိဘဲ သူကွယ်လွန်တဲ့ ကိစ္စကို အတော်လေး သိုသိုသိပ်သိပ်သာ သတင်းရေးသားတာမျိုး တွေ့ရပါတယ်။

သတင်း

အသက် (၇၀) ဝန်းကျင်အရွယ်ဦးအောင်ဝင်းသည်စစ်တပ်ကနိုင်ငံတော်အာဏာသိမ်းပြီးသည့်နောက်ပိုင်း တိမ်းရှောင်နေသူဖြစ်သည်။ ခံဝန်ထိုးရန် စစ်ကောင်စီ၏ကမ်းလှမ်းမှုအား ပယ်ချပြီး အာဏာရှင်ကို ဆန့်ကျင်ခဲ့သူဟု ထားဝယ်မြို့ခံများကပြောသည်။

နိုင်ငံတကာ

ကိုကိုလီဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၃၁ ရက်က Instagramမှာ နောက်ဆုံးအကြိမ် ပို့စ်တင်ခဲ့ရာမှာ တစ်ခါတလေ လူ့ဘဝဟာ သည်းမခံနိုင်လောက်အောင် ဒုက္ခတွေ များလွန်းတယ်လို့ ရေးသားထားခဲ့ပါတယ်။