Connect with us

Hi, what are you looking for?

News

ရဟတ်ယာဥ်သုံးတိုက်ခိုက်ခဲ့​သော နတ်ချောင်းနှင့်ဇင်းကလင်းရွာများအနီးတိုက်ပွဲစစ်​ကောင်စီတပ်အနည်းဆုံး ၃၃ ဦးသေဆုံး

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာ ၂၂ ရက်တွင် နတ်ချောင်းကျေးရွာကို မီးရှို့ဖျက်ဆီးခြင်း၊ ကျေးရွာနေပြည်သူအချို့ကိုလည်း မတရားဖမ်းဆီးပြီး ​အဆိုပါ​​ကျေးရွာ​ကျောင်းတွင် တပ်စွဲခဲ့သည်။

(ဓါတ်ပုံ- နတ်​ချောင်းရွာသို့ သွား​ရောက်ပစ်ခတ်ပြီး က​လေး​လေဆိပ်သို့ ပြန်လာ​​သော စစ်​ကောင်စီရဟတ်ယာဥ်)

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သုံးဖွဲ့ ပူး​ပေါင်းတိုက်ခိုက်မှုများကြောင့် အကြမ်းဖက်စစ်​ကောင်စီတပ်မှ ရဟတ်ယာဥ်အသုံးပြုခဲ့​သော်လည်း စစ်​ကောင်စီတပ်မှအနည်းဆုံး ၃၃ ဦးသေဆုံးခဲ့ကြောင်း ယင်းကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာ ၂၂ ရက်တွင် နတ်ချောင်းကျေးရွာကို မီးရှို့ဖျက်ဆီးခြင်း၊ ကျေးရွာနေပြည်သူအချို့ကိုလည်း မတရားဖမ်းဆီးပြီး ​အဆိုပါ​​ကျေးရွာ​ကျောင်းတွင် တပ်စွဲခဲ့သည်။

နတ်ချောင်းကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ကို PDF(Kalay)၊ CNDF နှင့် ရပ်ရွာ ပ.က.ဖ ပူးပေါင်းတပ်များက ယ​နေ့ (ဒီဇင်ဘာ ၂၃)တွင် လေးဘက်လေးတန် ပိတ်ဆို့ကာ တိုက်ခိုက်ခဲ့ရာ ပူး​ပေါင်းအဖွဲ့က စစ်ရေး အသာစီးရနေချိန်တွင် စစ်ကောင်စီတပ်ကရဟတ်ယာဉ် ၂ စီးဖြင့် လေကြောင်းပစ်ကူဖြင့် တရစပ် ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ဖော်ပြသည်။ ထို​ကြောင့်ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များကပြန်ဆုတ်ခဲ့ကြသည်။

နတ်ချောင်းကျေးရွာတိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား အနည်းဆုံး ၁၆ ဦးသေဆုံးကြောင်းသိရပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များဘက်မှ ၁ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ထုတ်ပြန်ချက်၌ပါရှိသည်။

Public Service Announcement

Public Service Announcement

အလားတူ နတ်​ချောင်းကို စစ်ကူလာ​သော စစ်​ကောင်စီကား ၃ စီးမှာ ပြည်သူ့ကာကွယ်ရေတပ်ဖွဲ့(ကလေး) များ၏ မိုင်းခွဲတိုက်ခိုက်မှုကြောင့် ဇင်းကလင်းရွာအနီးတွင် ကား ၃ စီးစလုံးထိမှန်စုတ်ပြတ်ပျက်ဆီးခဲ့ပြီး အကြမ်းဖက်စစ်သား ၁၇ ဦး သေဆုံး သွားကြောင်း ဆက်လက်ဖော်ပြသည်။ ချင်းအမျိုးသားအဖွဲ့ချုပ်ကလည်း ယ​နေ့တိုက်ပွဲသတင်းထုတ်ပြန်ရာတွင် တိုက်ပွဲမှာတစ်​နေကုန်နီးပါးကြာမြင့်ခဲ့ပြီး စစ်​ကောင်စီတပ်မှ ၃၆ ဦး​သေဆုံးကာအများအပြားဒဏ်ရာရရှိခဲ့​ကြောင်း​ဖော်ပြထားသည်။ CNDF တပ်ဖွဲ့ မှ အ​သေးစားဒဏ်ရာရရှိသူ ၁ ဦးသာရှိပြီး ​​ဘေးကင်းစွာဆုတ်ခွာနိုင်ခဲ​ကြောင်းပါရှိသည်။

ထိုအပြင် က​လေးမြို့နယ် ​တောင်ပိုင်း တွင်လည်း ချင်း​ဒေသကာကွယ်​ရေးတပ်၊က​လေး-က​ဘော်-ဂန့်​ဂေါ(CDF-KKG)က စစ်​ကောင်စီတပ်နှင့်ပျူ​​စောထီးပူး​ပေါင်းအဖွဲ့ကို ယ​နေတိုက်ခိုက်ခဲ့​ကြောင်းထုတ်ပြန်သည်။

“ကလေးမြို့နယ်တောင်ပိုင်း ကြံသာရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စကစတွေနဲ့ ၎င်းတို့ရဲ့လက်ပါးစေ ဗျူစောထီးအဖွဲ့ ၂၀ ဝန်းကျင်ခန့်သည် ယနေ့ ညနေ ၃ နာရီအချိန်ခန့်တွင် မှန်တောရွာဖက်သို့ ခြေလျင်လျှောက်လာခဲ့သည်။

ဟံသာဝတီမှ စကတွေနှင့် ကြံသာမှာကျန်ခဲ့တဲ့ စကတွေပေါင်းပြီး ဖောကားအပါအဝင် ကားလေးစီးနှင့် မှန်တောရွာ ဖက်သို့မောင်းနှင်လာပြီး မှန်တောရွာတွင်လူချကာ နှစ်စီး ကြံသာဖက်သို့ပြန်လှည့်သွားသည်။ထို့နောက် အင်အားစုစုပေါင်း (၆၀) ခန့်ရှိ စကစမှ မှန်တော – ကမ္ဘာနီတံတားကြားရှိ သစ်တောများထဲသို့ လက်နက်ကြီးများဖြင့်ဦးစွာပစ်ခတ်ပြီး လက်နက်ငယ်များဖြင့် ဆက်တိုက်ပစ်ခတ်ကာ ခြေလျင်ဆက်လျှောက်လာခဲ့ကြသည်။ထို့ကြောင့် အဆိုပါနေရာများတွင် ကြိုတင်နေရာယူထားကြသည့် CDF – KKG တပ်ဖွဲ့ဝင်များမှ လက်လုပ်အမြှောက်များ၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ကြရာ တစ်နာရီကျော်ကြာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။အဆိုပါတိုက်ပွဲတွင် ရန်သူဖက်မှ ထိခိုက်ကျဆုံးမှုရှိနိုင်ပြီးမိမိတို့ CDF-KKG တပ်ဖွဲ့ ထိခိုက်ကျဆုံးမှုမရှိဘဲဆုတ်ခွာနိုင်ခဲ့သည်”ဟု​ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။