ကော့ကရိတ်မြို့နယ် ကော့နွဲ့ကျေးရွာထဲကို မနေ့ညပိုင်းက စစ်ကောင်စီတပ်ဖွဲ့တွေက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် နေအိမ်တစ်အိမ် ထိမှန်ပျက်စီးသွားခဲ့တယ်လို့ ကေအဲန်ယူ ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ ၂၃ ရက် ည ၁၀ နာရီအချိန်က ကော့ကရိတ်မြို့အခြေစိုက် စစ်ကောင်စီရဲ့ ခလရ(၉၇) တပ်ရင်းကနေ ကောနွဲ့ကျေးရွာထဲကို လက်နက်ကြီး အချက်ပေါင်း ၄၀ နီးပါးခန့် ပစ်ခတ်မှုတွေ လုပ်ခဲ့တာပါ။

ဒီလိုပစ်ခတ်မှုကြောင့် ကော့နွဲ့ရွာထဲက ဒေသခံပြည်သူတစ်ဦးရဲ့ နေအိမ် လက်နက်ကြီးထိမှန်ပျက်စီးခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှု မရှိဘူးလို့ ဒူးပလာယာခရိုင် သတင်းပြန်ကြားရေးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါသေးတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံပြည်သူလူထုတွေဟာ ကြောက်ရွံ့ထိတ်လန့်ပြီး ကော့နွဲ့ကျေးရွာမှာတော့ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU သတင်းရင်းမြစ်တစ်ဦးထံကနေ သိရပါတယ်။

Public Service Announcement















































