Connect with us

Hi, what are you looking for?

News

ကောနွဲ့ကျေးရွာထဲကို စစ်ကောင်စီလက်နက်ကြီးနဲ့ အချက်၄၀ နီးပါးပစ်ခတ်

ဒီလိုပစ်ခတ်မှုကြောင့် ကော့နွဲ့ရွာထဲက ဒေသခံပြည်သူတစ်ဦးရဲ့ နေအိမ် လက်နက်ကြီးထိမှန်ပျက်စီးခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှု မရှိဘူးလို့ ဒူးပလာယာခရိုင် သတင်းပြန်ကြားရေးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါသေးတယ်။

ကော့ကရိတ်မြို့နယ် ကော့နွဲ့ကျေးရွာထဲကို မနေ့ညပိုင်းက စစ်ကောင်စီတပ်ဖွဲ့တွေက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် နေအိမ်တစ်အိမ် ထိမှန်ပျက်စီးသွားခဲ့တယ်လို့ ကေအဲန်ယူ ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၂၃ ရက် ည ၁၀ နာရီအချိန်က ကော့ကရိတ်မြို့အခြေစိုက် စစ်ကောင်စီရဲ့ ခလရ(၉၇) တပ်ရင်းကနေ ကောနွဲ့ကျေးရွာထဲကို လက်နက်ကြီး အချက်ပေါင်း ၄၀ နီးပါးခန့် ပစ်ခတ်မှုတွေ လုပ်ခဲ့တာပါ။

ဒီလိုပစ်ခတ်မှုကြောင့် ကော့နွဲ့ရွာထဲက ဒေသခံပြည်သူတစ်ဦးရဲ့ နေအိမ် လက်နက်ကြီးထိမှန်ပျက်စီးခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှု မရှိဘူးလို့ ဒူးပလာယာခရိုင် သတင်းပြန်ကြားရေးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါသေးတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံပြည်သူလူထုတွေဟာ ကြောက်ရွံ့ထိတ်လန့်ပြီး ကော့နွဲ့ကျေးရွာမှာတော့ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU သတင်းရင်းမြစ်တစ်ဦးထံကနေ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

Facebook