Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီတပ်က ပစ်သည့် လက်နက်ကြီးကျည် ထိုင်းဘက်သို့ ထပ်မံကျရောက်၍ နေအိမ်တစ်လုံး ပျက်စီး

လက်နက်ကြီးကျည်မကျခင် လက်နက်ငယ်သံများ ပစ်ခတ်သံကြားချိန်ကတည်းက ထိုင်းဒေသခံများသည် နယ်စပ်မှ ဘေးလွတ်ရာသို့ သွားရောက်နေထိုင်ကြခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

ကရင်ပြည်နယ် မြ၀တီမြို့ သေ့ဘောဘိုးဒေသရှိ အာဏာသိမ်းစစ်​ကောင်စီတပ်မှ ပစ်ခတ်သည့်လက်နက်ကြီးကျည် ထိုင်းနိုင်ငံဘက်သို့ ယနေ့ ထပ်မံ ကျရောက်၍ ထိုင်းဒေသခံတစ်ဦး၏ နေအိမ် ပျက်စီးမှုဖြစ်ပေါ်ခဲ့သည်ဟု မဲဆောက်အခြေစိုက် ကရင်အမျိုးသားမီဒီယာမှ ဦးမန်းမျိုးမြင့်က ပြောကြားသည်။

“ဒီမနက် ထိုင်းစံတော်ချိန် ၉နာရီ ၄၅မိနစ်အချိန်မှာ ကျွန်တော်တို့ ထိုင်း-မြန်မာ နယ်စပ် နယ်ခြား သောင်ရင်းမြစ်ခြားတဲ့ မဲဆောက်မြို့နယ်အတွင်းမှာရှိတဲ့ မော်လီချိုင်း နယ်စပ်ရွာထဲကို မြ၀တီမြို့နယ်မှာ ရှိတဲ့ သေ့ဘောဘိုးကျေးရွာ အဲဒီကနေ ပစ်လိုက်တဲ့ RPG -7 ကျည်တစ်လုံးဟာ ထိုင်းကျေးရွာဘက် ရောက်လာပြီး အိမ်တစ်အိမ်မှာကျတယ်။ ကံကောင်းထောက်မစွာနဲ့ လူတွေမရှိတဲ့အချိန်မှာ ဖြစ်နေတယ်။ အဲဒါကြောင့် ကျည်တော့ ကျတယ် ထိခိုက်မှုမရှိဘူး”ဟု ဦးမန်းမျိုးမြင့်က ပြောသည်။

လက်နက်ကြီးကျည်မကျခင် လက်နက်ငယ်သံများ ပစ်ခတ်သံကြားချိန်ကတည်းက ထိုင်းဒေသခံများသည် နယ်စပ်မှ ဘေးလွတ်ရာသို့ သွားရောက်နေထိုင်ကြခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

မြန်မာစစ်တပ်က ပစ်ခတ်သည့် လက်နက်ကြီးများ ထိုင်းဘက်ကျရောက်၍ ထိုင်းဘက်က သတိပေး ပစ်ခတ်မှုအချို့ယခင်က ပြုလုပ်ခဲ့သော်လည်း ယမန်နေ့က လက်နက်ကြီးကျည် ၇လုံးနှင့် ယနေ့ ကျည်တစ်လုံးကျရောက်ခဲ့မှုများတွင် ထိုင်းစစ်တပ်က ပြန်လည်ပစ်ခတ်မှု ပြုလုပ်သည်ကို မကြားရဟုဆိုသည်။

Public Service Announcement

Public Service Announcement

“သက်ရောက်တာက သိတဲ့အတိုင်းပဲ။ ဒီမနက်ကျတာက RPG-7ကျည်ကျတယ်။ လက်နက်ကြီးကျည်ကျတာကတော့ ဒီလ ၁၅ရက်ကနေ တိုက်ပွဲဖြစ်တာ ဒီကနေ့ထိဆိုရင် ထိုင်းဘက်ကို လက်နက်ကြီးကျည်ကျတာ ၁၅လုံးနီးပါးလောက်ရှိပြီ”ဟု ဦးမန်းမျိုးမြင့်က ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်နယ်မြေ လေးကေ့ကော်ဒေသသို့ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းခြင်းကြောင့် ဒီဇင်ဘာ ၁၅ရက်မှစ၍ အဆိုပါဒေသ၌ တိုက်ပွဲများ ဖြစ်ပွားနေသည်။ တိုက်ပွဲဖြစ်ပွားခြင်း၊ စစ်ကောင်စီတပ်က လက်နက်ကြီးများ ရမ်းသမ်း ပစ်ခတ်ခြင်းများကြောင့် ဒေသခံများ စစ်ဘေးတိမ်းရှောင်နေကြရပြီး ထိုင်းဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်သူ ထောင်နှင့်ချီရှိသည်။ ထို့ပြင် ပြည်တွင်း တောတောင်များ၌လည်း ထောင်နှင့်ချီ၍ခိုလှုံနေကြရသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

နိုင်ငံတကာ

ထိုင်းမှာ နိုင်ငံခြားသား ရွှေ့ပြောင်း အခြေချသူတွေအတွက် တရားမဝင် မှတ်ပုံတင် လုပ်ပေးမှုနဲ့ ဆက်စပ်ပြီး လူ ၂၇ ဦးကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံရဲ့ဗီဇာစည်းမျဉ်းအပြောင်းအလဲတွေဟာ ဒီနေ့ (စက်တင်ဘာ ၁၅ ရက်)မှာစတင် အသက်ဝင်လာပြီ ဖြစ်ပါတယ်။