Connect with us

Hi, what are you looking for?

LuduNwayOo

News

ကရင်နှင့် နိုင်ငံတဝန်းကျယ်ပြန့်လာသော အကြမ်းဖက်မှုများအပေါ် လွန်စွာစိုးရိမ်ကြောင်းနှင့် ဘက်အားလုံးက အပစ်အခတ်ရပ်စဲရန် ကုလအထူးကိုယ်စားလှယ် တောင်းဆို

“ဒီလိုဘေးဒဏ်သင့်မြန်မာပြည်သူတွေအတွက် သေနတ်သံတွေ တိတ်ဆိတ်သွားဖို့လိုအပ်ပြီး ပြည်သူတွေကို အကာအကွယ်ပေးဖို့ အကြီးအကျယ်လိုအပ်နေပါတယ်”ဟု အထူးကိုယ်စားလှယ် Ms. Noeleen Heyzer က ကြေညာချက်၌ ဖော်ပြသည်။

ကရင်ပြည်နယ်နှင့် နိုင်ငံတဝန်းဆက်လက် ကျယ်ပြန့်လာသော အကြမ်းဖက်မှုများအပေါ် လွန်စွာစိုးရိမ်ကြောင်းနှင့် ဘက်အားလုံးက အပစ်အခတ်ရပ်စဲပေးရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာအထူးကိုယ်စားလှယ် Ms. Noeleen Heyzer က ထုတ်ပြန်တောင်းဆို လိုက်သည်။

ယနေ့(ဒီဇင်ဘာ ၂၇ရက်)ထုတ်ပြန်သော ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၏ ကြေညာချက်၌ မြန်မာပြည်သူများသည် လွန်စွာဆိုးရွားမှုကိုခံစားနေကြရပြီး COVID-19 ကြောင့် လူမှုစီးပွားရေးနှင့် လူသားချင်းစာနာမှုအခြေအနေများလည််း ပိုဆိုးလာကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

“ဒီလိုဘေးဒဏ်သင့်မြန်မာပြည်သူတွေအတွက် သေနတ်သံတွေ တိတ်ဆိတ်သွားဖို့လိုအပ်ပြီး ပြည်သူတွေကို အကာအကွယ်ပေးဖို့ အကြီးအကျယ်လိုအပ်နေပါတယ်”ဟု အထူးကိုယ်စားလှယ် Ms. Noeleen Heyzer က ကြေညာချက်၌ ဖော်ပြသည်။

Public Service Announcement

မြန်မာပြည်သူများ၏ အကျိုးစီးပွားနှင့် ဘဝများအတွက် ဘက်အားလုံးက အတတ်နိုင်ဆုံးထိန်းချုပ်ပြီး ငြိမ်းချမ်းစွာအဖြေရှာရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ တောင်းဆိုချက်နှင့် ချက်ချင်းအကြမ်းဖက်မှုရပ်တန့်ရေး အာဆီယံ၏ ဘုံဆုံးဖြတ်ချက် ၅ ရပ်ကို အထူးကိုယ်စားလှယ်က ထပ်လောင်းတောင်းဆိုသည်။

အရပ်သားများကို အကာအကွယ်ပေးရေး၊ လွတ်လပ်စွာသွားလာရေးအတွက် နိုင်ငံတကာလူသားချင်းစာနာမှုနှင့်လူ့အခွင့်အရေးပြဌာန်းချက်များကို လိုက်နာရန်လည်း ကုလအထူးကိုယ်စားလှယ်က တောင်းဆိုသည်။ အကြမ်းဖက်မှုများကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသူများကို လိုအပ်သည့် လူသားချင်းစာနာမှုအကူအညီများပေးနိုင်ရေးအတွက်လည်း အထူးကိုယ်စားလှယ်က တောင်းဆိုသည်။

ကုလအထူးကိုယ်စားလှယ်က ၎င်း၏ တာဝန်စတင်ထမ်း​ဆောင်သည့် ယခုလလယ်မှစတင်ကာဘက်ပေါင်းစုံမှ အကြံဥာဏ်များရယူကာ ဆက်လက်ဖြစ်ပွားနေဆဲ မြန်မာ့အကျပ်အတည်း ဆွေးနွေးဖြေရှင်းရေးအတွက် ကြိုးပမ်း​ဆောင်ရွက်နေကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

Public Service Announcement

Public Service Announcement

သို့ရာတွင် အကြမ်းဖက်စစ်ကောင်စီက ယခင်ကုလအထူးကိုယ်စားလှယ်၏ နေပြည်တော်ရုံးကို ပိတ်သိမ်းကြောင်း မကြာသေးခင်က ကြေညာခဲ့ပြီး ယခုကုလအထူးကိုယ်စားလှယ်ကို ရုံးခန်းဖွင့်လှစ်ခွင့်မပေးသေးပေ။