Connect with us

Hi, what are you looking for?

News

ကရင်နှင့် နိုင်ငံတဝန်းကျယ်ပြန့်လာသော အကြမ်းဖက်မှုများအပေါ် လွန်စွာစိုးရိမ်ကြောင်းနှင့် ဘက်အားလုံးက အပစ်အခတ်ရပ်စဲရန် ကုလအထူးကိုယ်စားလှယ် တောင်းဆို

“ဒီလိုဘေးဒဏ်သင့်မြန်မာပြည်သူတွေအတွက် သေနတ်သံတွေ တိတ်ဆိတ်သွားဖို့လိုအပ်ပြီး ပြည်သူတွေကို အကာအကွယ်ပေးဖို့ အကြီးအကျယ်လိုအပ်နေပါတယ်”ဟု အထူးကိုယ်စားလှယ် Ms. Noeleen Heyzer က ကြေညာချက်၌ ဖော်ပြသည်။

ကရင်ပြည်နယ်နှင့် နိုင်ငံတဝန်းဆက်လက် ကျယ်ပြန့်လာသော အကြမ်းဖက်မှုများအပေါ် လွန်စွာစိုးရိမ်ကြောင်းနှင့် ဘက်အားလုံးက အပစ်အခတ်ရပ်စဲပေးရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာအထူးကိုယ်စားလှယ် Ms. Noeleen Heyzer က ထုတ်ပြန်တောင်းဆို လိုက်သည်။

ယနေ့(ဒီဇင်ဘာ ၂၇ရက်)ထုတ်ပြန်သော ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၏ ကြေညာချက်၌ မြန်မာပြည်သူများသည် လွန်စွာဆိုးရွားမှုကိုခံစားနေကြရပြီး COVID-19 ကြောင့် လူမှုစီးပွားရေးနှင့် လူသားချင်းစာနာမှုအခြေအနေများလည််း ပိုဆိုးလာကြောင်း ဖော်ပြသည်။

“ဒီလိုဘေးဒဏ်သင့်မြန်မာပြည်သူတွေအတွက် သေနတ်သံတွေ တိတ်ဆိတ်သွားဖို့လိုအပ်ပြီး ပြည်သူတွေကို အကာအကွယ်ပေးဖို့ အကြီးအကျယ်လိုအပ်နေပါတယ်”ဟု အထူးကိုယ်စားလှယ် Ms. Noeleen Heyzer က ကြေညာချက်၌ ဖော်ပြသည်။

Public Service Announcement

မြန်မာပြည်သူများ၏ အကျိုးစီးပွားနှင့် ဘဝများအတွက် ဘက်အားလုံးက အတတ်နိုင်ဆုံးထိန်းချုပ်ပြီး ငြိမ်းချမ်းစွာအဖြေရှာရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ တောင်းဆိုချက်နှင့် ချက်ချင်းအကြမ်းဖက်မှုရပ်တန့်ရေး အာဆီယံ၏ ဘုံဆုံးဖြတ်ချက် ၅ ရပ်ကို အထူးကိုယ်စားလှယ်က ထပ်လောင်းတောင်းဆိုသည်။

Public Service Announcement

Public Service Announcement

အရပ်သားများကို အကာအကွယ်ပေးရေး၊ လွတ်လပ်စွာသွားလာရေးအတွက် နိုင်ငံတကာလူသားချင်းစာနာမှုနှင့်လူ့အခွင့်အရေးပြဌာန်းချက်များကို လိုက်နာရန်လည်း ကုလအထူးကိုယ်စားလှယ်က တောင်းဆိုသည်။ အကြမ်းဖက်မှုများကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသူများကို လိုအပ်သည့် လူသားချင်းစာနာမှုအကူအညီများပေးနိုင်ရေးအတွက်လည်း အထူးကိုယ်စားလှယ်က တောင်းဆိုသည်။

ကုလအထူးကိုယ်စားလှယ်က ၎င်း၏ တာဝန်စတင်ထမ်း​ဆောင်သည့် ယခုလလယ်မှစတင်ကာဘက်ပေါင်းစုံမှ အကြံဥာဏ်များရယူကာ ဆက်လက်ဖြစ်ပွားနေဆဲ မြန်မာ့အကျပ်အတည်း ဆွေးနွေးဖြေရှင်းရေးအတွက် ကြိုးပမ်း​ဆောင်ရွက်နေကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

သို့ရာတွင် အကြမ်းဖက်စစ်ကောင်စီက ယခင်ကုလအထူးကိုယ်စားလှယ်၏ နေပြည်တော်ရုံးကို ပိတ်သိမ်းကြောင်း မကြာသေးခင်က ကြေညာခဲ့ပြီး ယခုကုလအထူးကိုယ်စားလှယ်ကို ရုံးခန်းဖွင့်လှစ်ခွင့်မပေးသေးပေ။

ဆက်စပ်သတင်းများ

သတင်း

ကုလသမဂ္ဂက အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၀ ကျော်ရဲ့ နိုင်ငံ့အကြီးအကဲ၊ အစိုးရခေါင်းဆောင်၊ နိုင်ငံခြားရေးဝန်ကြီးတွေကို အသိအမှတ်ပြုစာရင်းထုတ်ပြန်ရာမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံ့အကြီးအကဲနေရာမှာ သမ္မတဦးဝင်းမြင့်၊ နိုင်ငံခြားရေးဝန်ကြီးနေရာမှာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ကို ဆက်လက်ထားရှိပါတယ်။

သတင်း

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအခြေအနေ အထူးအစီရင်ခံစာတင်သွင်းသူ(Special Rapporteur)အဖြစ် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီဥက္ကဋ္ဌ အဆိုပြုခဲ့တဲ့ အမေရိကန်နိုင်ငံသူ မစ္စစ်ကယ်လီအန်းကို မတ်လ ၃၁ရက် မနေ့က အတည်ပြုခန့်အပ်လိုက်ပါတယ်။

သတင်း

မစ္စစ်ကယ်လီကာရီကိုရွေးချယ်မှုအ​ပေါ် မစ္စတာရှောင်တာနဲလ်က သတင်းကောင်းအဖြစ်ကြိုဆို

သတင်း

အရှေ့အလယ်ပိုင်း ဒေသမှာ ဖြစ်ပွားနေတဲ့ စစ်ရေး ပဋိပက္ခဟာ မြန်မာ့ ရှိရင်းစွဲ အကျပ်အတည်းတွေကို ပိုမို ဆိုးရွားလာစေနိုင်ကြောင်းမြန်မာ့လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က သတိပေးသွားပါတယ်။