ကရင်အမျိုးသားအစည်းအရုံး(KNU)၏ ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်ဒေသတွင် အကြမ်းဖက်စစ်ကောင်စီက တပ်ရင်း ခြောက်ရင်းဖြင့် စစ်ရေးအင်အားတိုးချဲ့နေသောကြောင့် ဒေသခံပြည်သူများထွက် ပြေးတိမ်ရှောင်နေရကြောင်း KNU က ယနေ့ (ဒီဇင်ဘာ ၂၈ ရက်)တွင် ထုတ်ပြန်သည်။
ဒီဇင်ဘာ ၂၃ ရက်ကစ၍ အကြမ်းဖက်စစ်ကောင်စီ၏ တပ်များသည် ကျောက်ကြီးမြို့နယ် မူသယ်ဒေသ၌ အာဏာသိမ်း စစ်ကောင်စီ၏ တပ်များသည် ၎င်းတို့၏ တပ်အင်အားကိုတိုးချဲ့ပြီးစားနပ်ရိက္ခာ နှင့် မြင်းများကိုတင်ဆောင်သော စစ်ကားများအစီး ၃၀ သည် သံဘိုမှ မူသယ်သို့ ပို့ဆောင်ကာ ထိုမှတစ်ဆင့် မူတြော်ခရိုင်သို့ ပို့ဆောင်ခဲ့သည်။
စစ်ကောင်စီ၏ ကား ၃၀စီးထဲမှ ၁၂ စီးသည် စစ်၏ စားနပ်ရိက္ခာများကိုတင်ဆောင်ပြီး ၁၈စီးသည် မြင်း အကောင် ၁၀၀ ခန့် ကိုတင်ဆောင်ခဲ့သည်။
ထိုသို့ အာဏာသိမ်း စစ်ကောင်စီ၏ တပ်များမှ စစ်ရေးလှုပ်ရှားမှုနှင့် အင်အားတိုးချဲ့မှုများပိုမိုပြုလုပ်လာသောကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO တို့ နှင့်ထိတွေ့ပြီး မူသယ်ဒေသ၌ မကြာခဏ ပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်း KNU က ဆိုသည်။

Public Service Announcement
စစ်ရေးလှုပ်ရှားမှုနှင့် စစ်အင်အားတိုးချဲ့မှုကို ပြုလုပ်သော အာဏာသိမ်း စစ်ကောင်စီ၏ တပ်များမှာ တပ်ရင်းမှူး ရှမ်းလေးအောင် ဦးဆောင်သော ခလရ – ၃၅၁ ၊ တပ်ရင်းမှူး စိုးဇော်ထွန်း ဦးဆောင်သော ခလရ – ၁၂၄ ၊ တပ်ရင်းမှူး ထိန်လင်းအောင် ဦးဆောင်သော ခလရ – ၅၈၉ ၊ တပ်ရင်းမှူး လှိုင်ညို ဦးဆောင်သော ခလရ – ၅၉၈ ၊ ခလရ – ၄၄၀ ( ဦးဆောင်သူမသိ ) နှင့် ဇော်ဇော်နိုင် ဦးဆောင်သော ခမရ – ၇၅ တို့ဖြစ်သည်။
အဆိုပါတပ်ရင်း (၆) ရင်းကို ဗျူဟာမှူး မင်းထင်အောင်မှ ဦးစီးကွပ်ကဲကာ စုစုပေါင်း အင်အား ၄၈၀ ခန့် ရှိမည်ဟု KNU က ခန့်မှန်းသည်။
အာဏာသိမ်း စစ်ကောင်စီ၏ တပ်များမှ စစ်ရေးလှုပ်ရှား မှုကြောင့် မူသယ်အနီးအနား ကားလမ်း တစ်ဖက် တစ်ချက် ရှိကျေးရွာများဖြစ်သည့် ပေါ်ဖေါခီး၊ စေးဘောလူ၊ ထီးပနာအေခီး၊ ခယ်ခိုကာ၊ နှင့် သေနွယ်ထာ ( ခေါ် ) မူသယ် စသည့်ကျေးရွာ များမှ အိမ်ခြေ ၈၆ လုံး မှ ပြည် သူလူထုပေါင်း ၅၅၈ ယောက်တို့သည် ကျေးရွာထဲတွင် မနေရဲတော့သဖြင့် ထွက်ပြေးတိမ်းရှောင်ပုန်းအောင်နေရကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။


















































