Connect with us

Hi, what are you looking for?

News

တောင်ဒဂုံတွင် ကင်းလှည့်နေသည့် စစ်ကောင်စီကား ဗုံးခွဲတိုက်ခိုက်ခံရ

ACPLF အဖွဲ့သည် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၇ရက်ကလည်း မြောက်ဥက္ကလာပမြို့နယ် (ဌ) ရပ်ကွက်ရှိ စစ်ကောင်စီဝင်များ တပ်စွဲရာ ကားကြီးဂိတ်မှတ်တိုင်အနီးတွင် အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဝင်အချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

(တောင်ဒဂုံမြို့နယ်တွင် ကင်းလှည့်နေသည့် စစ်ကားကို နိုဝင်ဘာအတွင်းက တွေ့ရစဉ်၊ ဓာတ်ပုံ CJ)

ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ်တွင် ယနေ့(ဒီဇင်ဘာ ၂၈) နံနက်အစောပိုင်းက အကြမ်းဖက်စစ်ကောင်စီဝင်များ ကင်းလှည့်နေသည့်ကားကို အာဏာသိမ်းဆန့်ကျင်ရေးနှင့် ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ (ACPLF)က ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။

ယနေ့နံနက် ၆ နာရီခွဲခန့်တွင် ACPLF နှင့် တောင်ပိုင်ပြည်သူ့ကာကွယ်ရေးအင်အားစု (SSUG) ပူးပေါင်း၍ စစ်ကောင်စီဝင်များ ကင်းလှည့်နေကြ လမ်းကြောင်းဖြစ်သည့် တောင်ဒဂုံမြို့နယ် မြိတ်လမ်းနှင့် ဧရာဝဏ်လမ်းဆုံ အပါအဝင် လမ်းကြောင်းတစ်လျှောက်၌ ဗုံးသုံးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

သို့သော် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စီးနင်းလိုက်ပါသည့် ဆလွန်းမီးတန်းကား ဖြတ်သန်းချိန်နှင့် ဗုံးပေါက်ကွဲချိန် စက္ကန့်ပိုင်း ကွာဟသွားမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိပဲ မီးတန်းကားမှာ ကြောက်လန့်တကြားဖြင့် အရှိန်ပြင်းပြင်းမောင်းပြေးသွားခဲ့ကြောင်း ACPLF က ထုတ်ပြန်သည်။

ACPLF အဖွဲ့သည် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၇ရက်ကလည်း မြောက်ဥက္ကလာပမြို့နယ် (ဌ) ရပ်ကွက်ရှိ စစ်ကောင်စီဝင်များ တပ်စွဲရာ ကားကြီးဂိတ်မှတ်တိုင်အနီးတွင် အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဝင်အချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook