Connect with us

Hi, what are you looking for?

News

ရွှေ​ဈေးနှင့်​ဒေါ်လာ​ဈေး အနည်းငယ်ပြန်တက်

ရောင်းချသည့်အကြိမ်တိုင်းတွင် ပြင်ပဈေးကွက် အနည်းဆုံး ကျပ် ၂၀၀ကျော်လျော့ရောင်းချခဲ့ခြင်းဖြစ်သည်။သို့​သော် ပြင်ပ​ဈေးကွက်သို့​ရောင်းသည်ဆို​သော်လည်း ​ငွေလဲ​ကောင်တာများမရဘဲ စက်သုံးဆီဝယ်ရန် ​အများဆုံး​ရောင်းချခဲ့ခြင်းဖြစ်သည်။

-​ဒေါ်လာ​ဈေးတက်လာသည်နှင့်စစ်​ကောင်စီက ၁၅သန်းထုတ်​ရောင်းဟု​ကြေညာ

ပြည်တွင်းရွှေဈေးပြန်လည်မြင့်တက်လာပြီး အခေါက်ရွှေတစ်ကျပ်သားကို ၁,၈၂၈,၀၀၀ကျပ်အထိ ရှိလာ​ကြောင်း ပြည်တွင်းရွှေဈေးကွက်အတွင်းမှ သိရသည်။

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက အခေါက်ရွှေတစ်ကျပ်သား ၁,၈၂၃,၀၀၀ကျပ်ဖြင့် ဈေးပိတ်ခဲ့ပြီး ပြင်ပ​ပေါက်ဈေးတွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ၁,၈၂၈,၀၀၀ကျပ် ဖြင့် ဈေးပိတ်ခဲ့သည်။

ကမ္ဘာရွှေဈေးကျဆင်းခဲ့သော်လည်း ပြည်တွင်းရွှေဈေးမှာ တစ်ရက်အတွင်း ကျပ်တစ်သောင်းခန့်မြင့်တက်ခဲ့ခြင်းဖြစ်သည်။ ကမ္ဘာရွှေဈေးသည် ဒီဇင်ဘာ ၂၈ ရက်တွင် တစ်အောင်စကို ၁၈၁၅ဒေါ်လာပေါက်ပြီး၊ ယနေ့(ဒီဇင်ဘာ ၂၉)တွင် တစ်အောင်စကို ၁၈၀၅ဒေါ်လာအထိပြန်လည်ကျဆင်းခဲ့သည်။

Public Service Announcement

Public Service Announcement

“ရွှေဈေးတက်တာက နိုင်ငံရေးဂယက်ကြောင့် ပြန်တက်လာတာပါ။ ဝယ်လိုအားတက်လာလို့ကြောင့်မဟုတ်ဘူး”ဟု ရွှေလုပ်ငန်းရှင်တစ်ဦးကပြောသည်။

စစ်တပ်အာဏာသိမ်းပြီး ရှစ်လအကြာ စက်တင်ဘာလတတိယအပတ်အတွင် အခေါက်ရွှေတစ်ကျပ်သားလျင် ကျပ်၂၂သိန်းကျော် နှင့် အမေရိကန်တစ်ဒေါ်လာကို ကျပ် ၂,၇၀၀ ကျော်အထိသမိုင်းတစ်​လျှောက်အမြင့်ဆုံး​ဈေး​ပေါက်ပြီးကျပ်​ငွေတန်ဖိုးစံချိန်တင်ကျဆင်းခဲ့သည်။ စစ်တက်အာဏာမသိမ်းခင် ဇန်နဝါရီ ၂၉ရက်တွင် အခေါက်ရွှေတစ်ကျပ်သားကို ၁၃၂၀၀၀၀ကျပ်နှင့် တစ်ဒေါ်လာကို ၁,၃၃၇ကျပ်သာရှိခဲ့ခြင်းဖြစ်သည်။

ထိုနောက်အကြမ်းဖက်စစ်ကောင်စီက ပြည်တွင်းရွှေဈေးနှင့် ဒေါ်လာဈေးကျ​စေရန် အဓမ္မနည်းဖြင့် ထိန်းချုပ်မူကြောင့် အောက်တိုဘာလအတွင်း ရွှေတစ်ကျပ်သားကို ၁၈ သိန်းအောက်နှင့် တစ်ဒေါ်လာ ကျပ် ၂၀၀၀အောက် ပြန်လည်ကျဆင်းခဲ့သည်။

​ဒေါ်လာ​ဈေးမှာယနေ့တွင် ပြင်ပမှောင်ခိုဈေးကွက်တွင်တစ်ဒေါ်လာလျှင် ၁၉၃၀ ကျပ်အထိပေါက်ဈေးရှိခဲ့ပြီး တစ်ရက်အတွင်း ကျပ် ၃၀ခန့်မြင့်တက်ခဲ့သည်။ ဒေါ်လာဈေးမြင့်တက်လာခြင်းကြောင့် စစ်ကောင်စီထိန်းချုပ်ထားသည့် ဗဟိုဘဏ်က ယ​နေ့ ဒေါ်လာ ၁၅ သန်း ထုတ်ရောင်းကြောင်း ကြေညာခဲ့သည်။ အာဏာသိမ်းစစ်ကောင်စီ စစ်တပ်အာဏာသိမ်းထားသည့် ၁၁လအတွင်း ၎င်းတို့ထိန်းချုပ်ထားသည့် ဗဟိုဘဏ်ကနေ ဒေါ်လာ သန်း ၄၀၀ကျော်ကို ပြင်ပပေါက်ဈေးထက် ဈေးလျော့၍ ရောင်းချခဲ့သည်။

ရောင်းချသည့်အကြိမ်တိုင်းတွင် ပြင်ပဈေးကွက် အနည်းဆုံး ကျပ် ၂၀၀ကျော်လျော့ရောင်းချခဲ့ခြင်းဖြစ်သည်။သို့​သော် ပြင်ပ​ဈေးကွက်သို့​ရောင်းသည်ဆို​သော်လည်း ​ငွေလဲ​ကောင်တာများမရဘဲ စက်သုံးဆီဝယ်ရန် ​အများဆုံး​ရောင်းချခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေရောင်းဝယ်မည့်သူများသည် စစ်ကောင်စီကထုတ်ပေးသည့် စမတ်ကတ်နှင့် ထောက်ခံစာတင်ပြရမည်ဟု စစ်ကောင်စီက ရွှေဆိုင်များကို ကန့်သတ်ထား​ကြောင်း ရွှေဆိုင်အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။

သတင်း

စက်သုံးဆီဈေးမှာလည်း အာဏာမသိမ်းခင်က အောက်တိန်း၉၂ တစ်လီတာကို ကျပ် ၆၅၅ ကျပ်ရှိရာမှ ယခုအခါက ၂၂၃၅ ကျပ်အထိမြင့်တက်ခဲ့သည်။

သတင်း

စစ်ကောင်စီ၏ ငွေကြေးအသစ်ရိုက်ထုတ်လိုက်ခြင်းသည် ၎င်းတို့လိုအပ်နေသည် ဘဏ္ဍာငွေကြေးကို ဖြည့်တင်းရန် ဖြစ်ပြီး ကျပ်ငွေတန်ဖိုး တရှိန်ထိုးကျဆင်းသွားနိုင်သည်ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

သတင်း

လက်ရှိ ပြင်ပပေါက်ဈေးတွင် အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၃၂သိန်းပေါက်ဈေးရှိပြီး တစ်ဒေါ်လာကို ၃၁၀၀ ကျပ်ဝန်းကျင်ရှိနေသည်။