Connect with us

Hi, what are you looking for?

News

ချောင်းဦးနှင့်စစ်ကိုင်းတွင် စစ်​ကောင်စီတပ်အထိနာ

အလားတူ ယနေ့ နံနက် ၈နာရီမိနစ် ၄၀ ခန့်က စစ်ကိုင်းမြို့မှ ရွှေဘိုမြို့ဘက်သို့ ဦးတည်ထွက်ခွာလာသော အင်အားအပြည့်ပါသည့် အကြမ်းဖက်စစ်ကောင်စီ၏ ကားကြီးတစ်စီးကို စစ်ကိုင်းမြို့နယ် ချိုင်းကြီးကျေးရွာနှင့် ကျားမင်းကြီးရွာကြားတွင် စစ်ကိုင်းမြို့နယ် ပ.က.ဖ တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်သည်။

စစ်ကိုင်းတိုင်း စစ်ကိုင်းနှင့် ချောင်းဦးမြို့နယ်များတွင် ယနေ့နံနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်များအား ဒေသတွင်း PDFများက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြရာ ၉ ဦးခန့်သေဆုံးနိုင်ပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း PDFအဖွဲ့များက သတင်းထုတ်ပြန်သည်။

ယနေ့(ဒီဇင်ဘာလ ၃၀ ရက်နေ့)တွင် Silent Strike ပြုလုပ်မည်ဟူသော ကောလဟလကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် Forland ကားကြီးတစ်စီး၊ ပွိုင့်ကားတစ်စီးတို့ဖြင့် ချောင်းဦးမြို့၏ အနောက်ဘက်ရှိ ကျေးရွာများကို စီးနင်းရန် နံနက် ၆း၅၀နာရီ ခန့်တွင် ထွက်ခွာလာခဲ့ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီအဖွဲ့သည် မိုင်းဒဏ်ကိုကြောက်သဖြင့် ပုံမှန်လမ်းကြောင်းဖြစ်သော ချောင်းဦး-အမြင့်လမ်းအတိုင်းမသွားဘဲ ကြားလမ်းများအတိုင်း မြို့တွင်းမှ မြို့အစပ်သို့ထွက်ခွာလာကြောင်း၊ မြို့အစပ်သို့အရောက်တွင် သတင်းပေါက်ကြားမှုမရှိစေရန်အတွက် ကားများပေါ်မှဆင်း၍ ကျေးရွာများဘက်သို့ ခြေလျင်တပ်ဖြန့်ဆင်းရန်ပြင်ဆင်ကြစဥ် စောင့်ဆိုင်းနေသော PDFတပ်ဖွဲ့ဝင်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စကစဘက်မှ ငါးဦး နေရာတွင်ပင်သေဆုံး၍ တစ်ဦးလက်မောင်းရင်းမှ ပြတ်ကာ၂၀ခန့် ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးထုတ်ပြန်သည်။

စစ်ကောင်စီအဖွဲ့သည် သေဆုံးထိခိုက်သူများကို Forland ကားပေါ်သို့ပြန်တင်ပြီး ပြန်ဆုတ်ရာ စကစတပ်ဖွဲ့ဝင် ၇ ယောက်သည် နောက်ချန်ကင်းအဖြစ် ခြေလျင်လိုက်ပါသွားသဖြင့် အဆိုပါ ၇ ယောက်အား ထပ်မံမိုင်းဆွဲတိုက်ခိုက်ရာ ၄ ယောက်သေဆုံး၍ ၃ယောက် ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း ချောင်းဦး PDFက ​ပြောသည်။

ထို့ကြောင့် ချောင်းဦး ခုခံတိုက်ခိုက်မှုတွင်အကြမ်းဖက်စစ်ကောင်စီဘက်မှ ၉ ဦးသေဆုံး၍ ထိခိုက်ဒဏ်ရာရသူ ၂၀ ဦးခန့်ရှိသည်။

Public Service Announcement

Public Service Announcement

အလားတူ ယနေ့ နံနက် ၈နာရီမိနစ် ၄၀ ခန့်က စစ်ကိုင်းမြို့မှ ရွှေဘိုမြို့ဘက်သို့ ဦးတည်ထွက်ခွာလာသော အင်အားအပြည့်ပါသည့် အကြမ်းဖက်စစ်ကောင်စီ၏ ကားကြီးတစ်စီးကို စစ်ကိုင်းမြို့နယ် ချိုင်းကြီးကျေးရွာနှင့် ကျားမင်းကြီးရွာကြားတွင် စစ်ကိုင်းမြို့နယ် ပ.က.ဖ တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်သည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရှေ့ထွက်မိုင်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး မကြာခင် ပြန်လည်ရမ်းသမ်းပစ်ခတ်မှုများရှိခဲ့ကြောင်း၊ မိုင်းထိမှန် ဒဏ်ရရခဲ့သည့် စစ်ကောင်စီတပ်သားများကို နံနက် ၁၀:၃၀နာရီအချိန်တွင် လူနာတင်ကားဖြင့် သယ်ဆောင်သွားကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ်မှာစစ်တပ်စစ်ကြောင်းအထိနာပြီး လက်နက်ခဲယမ်းတွေ ရတယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ကြောင်းဝင်လာစဥ် မပြေးနိုင်တဲ့ ဘိုးဘွားအိုနှစ်ဦးကိုလည်း သတ်ဖြတ်ခဲ့

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိိမ်တွေအပြင် စေတီပုထိုးတွေကိုပါ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ်က ဆင်မြေကျေးရွာကို အာဏာသိမ်းစစ်တပ်က ၃ ရက်ဆက် မီးရှို့ဖျက်ဆီးရာ အိမ်ခြေ ရာနဲ့ချီပြာကျနိုင်ကြောင်း ဒေသခံတွေက ပြောပါတယ်။