Connect with us

Hi, what are you looking for?

News

တန့်ဆည်၊ သပြေရင်းရွာထဲသို့ အကြမ်းဖက် စစ်​ကောင်စီ ဝင်​ရောက်​သောင်းကျန်း၊ ပြည်သူတစ်ဦးကိုပစ်သတ်

အင်အား ၁၅၀ ခန့်သည် သပြေရင်းရွာအတွင်းသို့ သေနတ်ပစ်ပြီး ဝင်ရောက်​သောင်းကျန်းသဖြင့် အရပ်သားများ ဘေးလွတ်ရာ ပြေးနေရသည်ဟု မြို့ခံများက​ပြောသည်။

တန့်ဆည်မြို့ သပြေရင်းရွာထဲသို့ စစ်​ကောင်စီအင်အား ၁၅၀ခန့်က သေနတ်ရမ်းသမ်းပစ်ကာ အကြမ်းဖက်ပြီး ​ဒေသခံပြည်သူတစ်ဦးကိုလည်း သေနတ်ဖြင့် ပစ်သတ်သွားသည်ဟုတန့်ဆည် ဒေသံများကပြောသည်။

ယနေ့ နံနက် အစောပိုင်းမှစတင်ကာ တန့်ဆည်ကို စစ်ကြောင်းထိုးလာသော စစ်ကောင်စီ အင်အား ၂၀၀ ခန့်အနက် ၅၀ ခန့်က ကုန်းရိုးသုဿာန်အနီးသို့ ရောက်ရှိလာပြီး ယင်းနေရာအနီး၌ ကောက်လှိုင်းစည်းနေသော အရပ်သားတစ်ဦးအား သေနတ်ဖြင့် ပစ်သတ်သွား​ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

အင်အား ၁၅၀ ခန့်သည် သပြေရင်းရွာအတွင်းသို့ သေနတ်ပစ်ပြီး ဝင်ရောက်​သောင်းကျန်းသဖြင့် အရပ်သားများ ဘေးလွတ်ရာ ပြေးနေရသည်ဟု မြို့ခံများက​ပြောသည်။

အကြမ်းဖက်စစ်ကောင်စီသည် ကျွန်းလှနှင့်တန့်ဆည်ဒေသတွင် PDF အားကောင်းသည်ဟု ယူဆကာ လွန်ခဲ့သော နှစ်လခန့်ကစ၍ စစ်ကြောင်းထိုးခဲ့ခြင်းဖြစ်သည်။ အရပ်သားနေအိမ်များကို မီးရှို့ခြင်း၊ အပြစ်မဲ့အရပ်သားများအား သေနတ်ဖြင့် ပစ်ခတ်သတ်ခြင်းစ​သောစစ်ရာဇဝတ်မှုများကိုလည်းမကြာခဏပြုလုပ်ခဲ့သည်။တစ်ချိန်တည်းတွင် စစ်ကိုင်းတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စစ်ကောင်စီကို မိုင်ဆွဲတိုက်ခိုက်မှု အရှိန်မြင့်လာ၍ စစ်ကောင်စီဘက်က သေဆုံးမှု များပြားနေသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။