Connect with us

Hi, what are you looking for?

LuduNwayOo

News

တန့်ဆည်၊ သပြေရင်းရွာထဲသို့ အကြမ်းဖက် စစ်​ကောင်စီ ဝင်​ရောက်​သောင်းကျန်း၊ ပြည်သူတစ်ဦးကိုပစ်သတ်

အင်အား ၁၅၀ ခန့်သည် သပြေရင်းရွာအတွင်းသို့ သေနတ်ပစ်ပြီး ဝင်ရောက်​သောင်းကျန်းသဖြင့် အရပ်သားများ ဘေးလွတ်ရာ ပြေးနေရသည်ဟု မြို့ခံများက​ပြောသည်။

တန့်ဆည်မြို့ သပြေရင်းရွာထဲသို့ စစ်​ကောင်စီအင်အား ၁၅၀ခန့်က သေနတ်ရမ်းသမ်းပစ်ကာ အကြမ်းဖက်ပြီး ​ဒေသခံပြည်သူတစ်ဦးကိုလည်း သေနတ်ဖြင့် ပစ်သတ်သွားသည်ဟုတန့်ဆည် ဒေသံများကပြောသည်။

ယနေ့ နံနက် အစောပိုင်းမှစတင်ကာ တန့်ဆည်ကို စစ်ကြောင်းထိုးလာသော စစ်ကောင်စီ အင်အား ၂၀၀ ခန့်အနက် ၅၀ ခန့်က ကုန်းရိုးသုဿာန်အနီးသို့ ရောက်ရှိလာပြီး ယင်းနေရာအနီး၌ ကောက်လှိုင်းစည်းနေသော အရပ်သားတစ်ဦးအား သေနတ်ဖြင့် ပစ်သတ်သွား​ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

အင်အား ၁၅၀ ခန့်သည် သပြေရင်းရွာအတွင်းသို့ သေနတ်ပစ်ပြီး ဝင်ရောက်​သောင်းကျန်းသဖြင့် အရပ်သားများ ဘေးလွတ်ရာ ပြေးနေရသည်ဟု မြို့ခံများက​ပြောသည်။

အကြမ်းဖက်စစ်ကောင်စီသည် ကျွန်းလှနှင့်တန့်ဆည်ဒေသတွင် PDF အားကောင်းသည်ဟု ယူဆကာ လွန်ခဲ့သော နှစ်လခန့်ကစ၍ စစ်ကြောင်းထိုးခဲ့ခြင်းဖြစ်သည်။ အရပ်သားနေအိမ်များကို မီးရှို့ခြင်း၊ အပြစ်မဲ့အရပ်သားများအား သေနတ်ဖြင့် ပစ်ခတ်သတ်ခြင်းစ​သောစစ်ရာဇဝတ်မှုများကိုလည်းမကြာခဏပြုလုပ်ခဲ့သည်။တစ်ချိန်တည်းတွင် စစ်ကိုင်းတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စစ်ကောင်စီကို မိုင်ဆွဲတိုက်ခိုက်မှု အရှိန်မြင့်လာ၍ စစ်ကောင်စီဘက်က သေဆုံးမှု များပြားနေသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။