Connect with us

Hi, what are you looking for?

News

၅၄သန်းသော ပြည်သူလူထုကို ချုပ်နှောင်ပိတ်လှောင်ထားရန် မဖြစ်နိုင်ဘဲ စစ်ကောင်စီ အနိုင်မယူနိုင်ကြောင်း NUG ယာယီသမ္မတပြော

အမျိုးသားညီညွတ်ရေးအစိုးရသည် စစ်ကောင်စီပြုတ်ကျပြီး ဒီမိုကရေစီစနစ်ပြန်လည်ထွန်း ကားလာရေးကို အမြန်ဆုံးကြိုးစားဆောင်ရွက်သွားမည်ဟု ယာယီသမ္မတက ကတိပြုသည်။

မြန်မာပြည်သူလူထု၏ အမှန်တရားကိုမြတ်နိုးမှု၊ တရားမျှတမှုကို ဆာလောင်မှု၊ လွတ်လပ်မှုကို ရယူလိုမှု စသည့် ခံယူချက်များကို အကြမ်းဖက်စစ်ကောင်စီက အနိုင်မယူနိုင်ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ယနေ့(ဇန်နဝါရီ ၃၁ ရက်)တွင် ပြည်သူလူထုကို နှစ်သစ်ကူးမိန့်ခွန်းပြောကြားရာတွင် စစ်ကောင်စီတွင် ရက်စက်ကြမ်းကြုတ်မှုသာရှိပြီး တရားဝင်မှုလုံး၀ မရှိကြောင်း ထည့်သွင်းပြောကြားသည်။

Public Service Announcement

“စစ်ကောင်စီဟာ အဆုံးထိ ယုတ်မာပြီး ရက်စက်ကြမ်းကြုတ်နေပေမယ့် ပြည်သူလူထုရဲ့ အမှန်တရားကို မြတ်နိုးမှု၊ တရားမျှတမှုကို ဆာလောင်မှု၊ လွတ်လပ်မှုကို ရယူလိုမှုစတဲ့ ခံယူချက်များကို စစ်ကောင်စီအနေနဲ့ အနိုင်မယူနိုင်ဘူးဆိုတာ တွေ့ရပါတယ်။ စစ်ကောင်စီဟာ ၅၄ သန်းရှိတဲ့ လူထုကို ချုပ်နှောင်ပိတ်လှောင်ထားဖို့ မဖြစ်နိုင်ပါဘူး” ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရသည် စစ်ကောင်စီပြုတ်ကျပြီး ဒီမိုကရေစီစနစ်ပြန်လည်ထွန်း ကားလာရေးကို အမြန်ဆုံးကြိုးစားဆောင်ရွက်သွားမည်ဟု ယာယီသမ္မတက ကတိပြုသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် NUG သည် လူနည်းစုများအပါအဝင် မြန်မာနိုင်ငံရှိ တိုင်းရင်းသား အားလုံးနှင့် ပူးပေါင်းကာ အားလုံးပါဝင်ခွင့်ရသော၊ ငြိမ်းချမ်းသော၊ သာယာဝပြောသော လူထုအခြေပြု ဒီမိုကရေစီစနစ်ကို ထူထောင်ရန် သန္နိဌာန်ချထားပြီး ကြိုးစားဆောင်ရွက်နေပြီဟု ပြည်သူလူထုကို အသိပေးသည်။

တဖက်တွင်လည်း နိုင်ငံတကာအသိုင်းအဝန်းနှင့်ပူးပေါင်းကာ စစ်အာဏာရှင် ရာဇဝတ်သားများကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)၊ နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) ကဲ့သို့သော တရားရုံးများ တွင် တရားစွဲ အပြစ်ပေးနိုင်ရေး ဆက်လက်ဆောင်ရွက်နေကြောင်းနှင့် အပြည်ပြည်ဆိုင်ရာ တရားစီရင်ပိုင်ခွင့် (Universal Jurisdiction) ကို လက်ခံကျင့်သုံးသည့် နိုင်ငံများတွင်လည်း တရားစွဲဆိုရန် ပြင်ဆင်နေကြောင်းလည်း ယာယီသမ္မတက သတင်းစကားပါးသည်။

ယာယီသမ္မတ၏ မိန့်ခွန်းအစပိုင်းတွင် စစ်အာဏာသိမ်းရန် ကြိုးစားမှုကြောင့် အသက်ပေးသွားကြသည့် တော်လှန်ရေးရဲဘော်များကို ဂုဏ်ပြုဦးညွှတ်ကြောင်းနှင့် အဖမ်းခံရသူများ၊ နှိပ်စက်ခံရသူများ၊ ထွက်ပြေးတိမ်း ရှောင်နေရသော ပြည်သူပြည်သားများကိုလည်း အထူးကျေးဇူးတင် ဂုဏ်ပြုကြောင်းထည့်သွင်းပြောကြားသည်။

“ဒီတော်လှန်ရေးမှာ မိဘကိုသော်လည်းကောင်း၊ သားသမီးကိုသော်လည်းကောင်း၊ ညီအစ်ကိုမောင်နှမ၊ ဆွေမျိုးရင်းချာ၊ မိတ်ဆွေအပေါင်းအသင်းများကို စွန့်လွတ်ဆုံးရှုံးလိုက်ကြ ရတဲ့ မိဘပြည်သူများကိုလည်း အထူးအားပေးနှစ်သိမ့်လိုပါတယ်” ဟု ဒူဝါလရှီးလက ဆက်ပြောသည်။

ယင်းနောက် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရား လည်ပတ်မှု ရပ်တန့်သွားရန် အစိုးရဝန်ထမ်းများက CDMလှုပ်ရှားမှုတွင် တက်ကြွစွာပါဝင်ခဲ့ကြပြီး ပြည်သူများကလည်း စစ်ကောင်စီ၏ စီးပွားရေးလုပ်ငန်းများကို သပိတ်မှောက် ဆန္ဒပြကာ အခွန်ဆောင်ရန် ငြင်းဆန်ကြခြင်းသည် ပြည်သူ လူထု၏ ပြင်းပြသည့် တော်လှန်ရေးဖြစ်ကြောင်း ယာယီသမ္မတက ပြောသည်။

“တစ်နိုင်ငံလုံး ပြုလုပ်တဲ့ အသံတိတ်သပိတ်ဟာ စစ်ကောင်စီတွေ အတွက် အချိန်သိပ်မကျန်တော့ဘူးဆိုတာကို ပြသလိုက်တာဘဲဖြစ်ပါတယ်။ ဒါကြောင့် သပိတ်မှာ ပါဝင်ကြတဲ့ မြန်မာနိုင်ငံသူနိုင်ငံသား အားလုံးကို ချီးကျူးဂုဏ်ပြုလိုပါတယ်။ ကမ္ဘာကလည်း မြန်မာပြည်သူတွေရဲ့ ရဲစွမ်းသတ္တိတွေကို ချီးကျူးထောမနာ ပြုတယ်ဆိုတာ တွေ့ရပါတယ်”ဟု ၎င်းက ဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရသည် လက်ရှိတွင် နိုင်ငံတဝန်းရှိ စစ်ကောင်စီကို ဆန့်ကျင်နေကြသည့် အင်အားစု အားလုံးကို တတ်အားသ၍ စုစည်းကာ ပူးပေါင်းဆောင်ရွက်နေပြီဟုလည်း ပြည်သူလူထုကို အသိပေးသည်။

ထို့အပြင် NUG ယာယီသမ္မတ၏မိန့်ခွန်းတွင် လေးစားရသည့် Generation Z လူငယ်များအကြောင်းကို ထည့်သွင်း ပြောကြားကာ လူငယ်များ၏ တော်လှန်ရေးတွင် ဦးဆောင်ပါဝင်မှု၊ တီထွင်ဆန်းသစ်မှု၊ စိတ်အားထက်သန်မှုနှင့် ပေးဆပ်စွန့်စား စွန့်လွတ်မှုတို့ကို ချီးကျူးဂုဏ်ပြုသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ဆင်ရေးမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ၃ဦး ဦးညွှတ်အလေးပြုကြောင်း ဖော်ပြ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

Facebook