Connect with us

Hi, what are you looking for?

News

KNPP ဥက္ကဋ္ဌ ခူဦးရယ် ဖြစ်လာ

ကွန်ကရက်တွင် ပါတီဥက္ကဋ္ဌ တစ်ဦး၊ ပါတီဗဟိုကော်မတီဝင် ၁၈ဦး ၊ ပါတီအရံဗဟိုကော်မတီဝင် ၇ဦးတို့ကို ပါတီဝင်များ၏ လျှို့ဝှက်မဲဖြင့် ပြန်လည်ရွေးချယ်တင်မြှောက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်သည်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) ဒုဥက္ကဋ္ဌ ခူဦးရယ်ကို အဆိုပါအဖွဲ့၏ ဥက္ကဋ္ဌအဖြစ်ရွေးချယ်တင်မြှောက်လိုက်ကြောင်း KNPPက ယနေ့ထုတ်ပြန် သည်။

ကရင်အမျိုးသားတိုးတက်ရေးပါတီ၏ (၁၄)ကြိမ်မြောက် ပါတီကွန်ကရက်ကို ကရင်နီပြည်ဒေသတစ်နေရာတွင် ၂၀၂၁ ဒီဇင်ဘာ ၂၇ရက်မှ ၃၀ရက်အထိ ကျင်းပကာ ခေါင်းဆောင်ပိုင်း ပြန်လည်ရွေးချယ်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ကွန်ကရက်တွင် ပါတီဥက္ကဋ္ဌ တစ်ဦး၊ ပါတီဗဟိုကော်မတီဝင် ၁၈ဦး ၊ ပါတီအရံဗဟိုကော်မတီဝင် ၇ဦးတို့ကို ပါတီဝင်များ၏ လျှို့ဝှက်မဲဖြင့် ပြန်လည်ရွေးချယ်တင်မြှောက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်သည်။

ထို့နောက် ပထမဆုံးပါတီဗဟိုကော်မတီ အစည်းအဝေးတွင် ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီအား ၉ဦးဖြင့် ဖွဲ့စည်းခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ယခင် KNPP ဥက္ကဋ္ဌ ဖြစ်သူ ခွန်းအေဘယ်တွိဒ်မှာ ဒုတိယဥက္ကဋ္ဌ အဖြစ်ရွေးချယ်ခံရပြီး အထွေထွေ အတွင်းရေးမှူးအဖြစ် ခူပလူးရယ်က ရွေးချယ်ခံခဲ့ရသည်။

အတွင်းရေးမှူး (၁)အဖြစ် ခူဒယ်နီယာ၊ အတွင်းရေးမှူး (၂)အဖြစ် ဦးအောင်ဆန်းမြင့်တို့ အရွေးချယ်ခံရပြီး စောခဲလေ၊ ခူတော်ရယ်၊ ခူညေးရယ်၊ စောလုသာသန်းတို့က ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် အဖြစ်အရွေးချယ်ခံခဲ့ရသည်။

ပါတီကွန်ကရက်မှ ကြားကာလတွင် စစ်အာဏာရှင်နှင့် အာဏာရှင်ဟူသမျှချုပ်ငြိမ်းရေးအတွက် အခြားသော ဘ၀တူ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကရင်နီ ပြည်နယ် ကာကွယ်ရေးတပ်ဖွဲ့များ၊ နိုင်ငံရေးပါတီများနှင့် ပူးပေါင်းဆောင်ရွက်သွားမည့် အပြင်အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက်လည်း အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံ အတွင်းအခြားသော အင်အားစုများနှင့် အတူကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးချမှတ်ခဲ့သည်ဟု ထုတ်ပြန်သည်။

ထို့ပြင် ကရင်နီပြည်အတွင်း စစ်ကောင်စီ၏ ကရင်နီလူမျိုးများအပေါ် ရည်ရွယ်ချက်ရှိရှိ ဖြင့် လူမျိုးတုန်း သတ်ဖြတ်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို စုံစမ်းစစ်ဆေး မှတ်တမ်းပြုစုပြီး လိုအပ်သည့် အရေးယူဆောင်ရွက်မှု လုပ်ငန်းများကို ချမှတ် အကောင်အထည် ဖော်ဆောင်သွားရန် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခဲ့သည်ဟုဆိုသည်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၏ လက်အောက်ခံတပ်ဖြစ်သော ကရင်နီတပ်မတော် (KA)သည် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မေလ ၂၀ရက်မှစ၍ စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်မှုများ စဉ်ဆက်မပြတ် လုပ်ဆောင်နေသည့် လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)ဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးကျင်းပပြီး အထွေထွေအတွင်းရေးမှူးနဲ့ အတွင်းရေးမှူး ၂နေရာအတွက် အစားထိုးခန့်အပ်ခဲ့တယ်လို့ KNPPက ထုတ်ပြန်ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) ရဲ့ အတွင်းရေးမှူး အဖွဲ့ဝင်တစ်ဦးဖြစ်သလို ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC)ရဲ့ဥက္ကဋ္ဌ၊ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ရဲ့ အထွေထွေအတွင်းရေးမှူး စတဲ့ တာဝန်တွေယူထားတဲ့ ဦးအောင်ဆန်းမြင့် ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း၊ကောင်းရာသုဂတိမှာငြိမ်းချမ်းစွာ အနားယူနိုင်ပါစေ​ကြောင်း SCEFကထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)ရဲ့ အတွင်းရေးမှူးဦးအောင်ဆန်းမြင့် ကွယ်လွန်သွားတယ်လို့ ကရင်နီဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ပြည်သူကိုသစ္စာစောင့်သိပြီး တော်လှန်ရေးအင်အားစုတွေကြား ယုံကြည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ဖို့က ခုခံတော်လှန်ရေးအောင်မြင်ဖို့ အရေးကြီးတယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ပါတီဗဟိုဌာနချုပ် ဒီကနေ့ ထုတ်ပြန်ပါတယ်။