Connect with us

Hi, what are you looking for?

News

ကလေးမြို့တောင်ပိုင်း၌ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် သုံးနာရီကြာတိုက်ပွဲသေဆုံးမှုများဟု ထုတ်ပြန်

တိုက်ပွဲအတွင်းCDF – KKG တပ်ဖွဲ့ဝင်များ၏ လက်နက်ကြီး၊လက်နက်ငယ်များဖြင့် တန်ပြန်ပစ်ခတ်တိုက်ခိုက်မှု များကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသေဆုံးမှုများနိုင်ကာ ထိခိုက်ဒဏ်ရာရမှုများလည်းရှိမည်ဟု CDF KKG က ခန့်မှန်းသည်။

People's Spring
People's Spring

စစ်ကိုင်းတိုင်း ကလေးမြို့တောင်ပိုင်း၌ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် သုံးနာရီကြာတိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သားများ သေဆုံးမှုများနိုင်ဟု Chinland Defense Force – Kalay Kabaw Gangawက ထုတ် ပြန်သည်။

ယနေ့(ဇန်နဝါရီ ၁ ရက်) နံနက် ၈ နာရီခန့်က ကလေးမြို့နယ်တောင်ပိုင်း ကြံသာကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်များသည် မှန်တောရွာဆီသို့ ဒရုန်းများစေလွှတ်ကာ ပြည်သူ့တော်လှန်ရေးအဖွဲ့အစည်းများကို ထောက်လှမ်းခဲ့သည်။

ထို့နောက် နံနက် ၉ နာရီခန့်အချိန်တွင် စစ်ကောင်စီတပ်သားအင်အား ၅၀ ကျော်ခန့်သည် မှန်တောရွာဆီသို့ ခြေလျင်ချီတက်လာပြီး မှန်တောရွာအတွင်းရှိနေအိမ်များကို မွှေနှောက်ဖျက်စီးကာ အဖိုးတန်ပစ္စည်းများကို ယူဆောင်သွားကြသည်။

Public Service Announcement

၎င်းတို့ ပြန်ထွက်လာချိန်တွင် ကမ်းပါးနီတံတားဘက်ဆီသို့ ဂန့်ဂေါ-ကလေးလမ်းမကြီးမှသာမက တောလမ်း များကိုပါ အသုံးပြု စစ်ကြောင်းဖြန့်ပြီး လျှောက်လာခဲ့ကြရာ CDF – KKG တပ်ဖွဲ့ဝင်များ ထောင်ထားသည့် တိုက်မိုင်းများကို တိုက်မိပြီးနောက် လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည်။

Public Service Announcement

Public Service Announcement

ထိုစဥ် အသင့်နေရာယူထားပြီးဖြစ်သည့် CDF – KKG တပ်ဖွဲ့ဝင်များနှင့် အပြန်အလှန်ပစ်ခတ်ကာ ၃နာရီကျော် ကြာမြင့်ခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် CDF – KKG တပ်ဖွဲ့ဝင်များထောင်ထားသည့် တိုက်မိုင်းများကို လေးကြိမ်တိုင် တိုက်မိခဲ့ရာ တိုက်မိုင်းလေးခုလုံးအောင်မြင်စွာပေါက်ကွဲခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲအတွင်းCDF – KKG တပ်ဖွဲ့ဝင်များ၏ လက်နက်ကြီး၊လက်နက်ငယ်များဖြင့် တန်ပြန်ပစ်ခတ်တိုက်ခိုက်မှု များကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသေဆုံးမှုများနိုင်ကာ ထိခိုက်ဒဏ်ရာရမှုများလည်းရှိမည်ဟု CDF KKG က ခန့်မှန်းသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သားများ သေဆုံးဒဏ်ရာရရှိမှုကို အတည်ပြုနေဆဲဖြစ်ပြီး CDF – KKG တော်လှန်ရေး တပ်ဖွဲ့ဝင်များမှာမူ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့တပ်မတော်(CPA)ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ကြောင်း CPU/CPAက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။