Connect with us

Hi, what are you looking for?

News

စစ်ကောင်စီထံ သဘာ၀ဓာတ်ငွေ့အခွန်များပေးဆောင်နေမှုကို ပိတ်ဆို့အရေးယူရန် အမေရိကန်နှင့် ပြင်သစ်သမ္မတတို့ကို Burma Camapign UK တောင်းဆို

“အာဏာသိမ်းပြီး ၁၁လကြာချိန်အထိ အမေရိကန်နဲ့ ပြင်သစ်ကုမ္ပဏီတွေက စစ်တပ်ကို ဒေါ်လာသန်းရာနဲ့ချီပြီး အထောက်အပံ့ပေးနေတာက အလွန်အံ့အားသင့်ဖို့ကောင်းပါတယ်”ဟု Burma Campaign UK ဒါရိုက်တာ မက်ဖာမနာက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီထံစီးဝင်နေသည့် သဘာ၀ ဓာတ်ငွေ့အခွန်များရပ်တန့်ရေး ဒဏ်ခတ်ပိတ်ဆို့အရေး ယူမှုများလုပ်ဆောင်ရန် အမေရိကန်သမ္မတဘိုင်ဒန်နှင့် ပြင်သစ်သမ္မတမက်ခရွန်တို့ကို Burma Campaign UK က ယမန်နေ့(ဇန်နဝါရီ ၁ရက်)တွင် တောင်းဆိုလိုက်သည်။

“အာဏာသိမ်းပြီး ၁၁လကြာချိန်အထိ အမေရိကန်နဲ့ ပြင်သစ်ကုမ္ပဏီတွေက စစ်တပ်ကို ဒေါ်လာသန်းရာနဲ့ချီပြီး အထောက်အပံ့ပေးနေတာက အလွန်အံ့အားသင့်ဖို့ကောင်းပါတယ်”ဟု Burma Campaign UK ဒါရိုက်တာ မက်ဖာမနာက ပြောသည်။

ဆက်လက်ပြီး “သဘာ၀ဓာတ်ငွေ့အခွန်တွေကို ပိတ်ပင်တားဆီးရေးမှာ ဘိုင်ဒန်နဲ့မက်ခရွန်က ဆုံးဖြတ်ချက်ချမှတ်နိုင်သူတွေဖြစ်ပြီး သူတို့က အဲဒီလိုလုပ်ဆောင်ဖို့ ငြင်းဆန်နေကြပါတယ်။ သူတို့ဟာ အဓမ္မပြုကျင့်ခြင်းနဲ့ သတ်ဖြတ်ခြင်းအပါအဝင် နိုင်ငံတကာဥပဒေတွေကိုချိုးဖောက်သူတွေကို ငွေကြေးထောက်ပံ့နေတဲ့ အမေရိကန်နဲ့ ပြင်သစ်ကုမ္ပဏီတွေအတွက် ကျေနပ်တင်းတိမ် နေပုံပါပဲ”ဟု ၎င်းက ဆိုသည်။

အမေရိကန်ရေနံကုမ္ပဏီကြီး Chevron နှင့် ပြင်သစ်ရေနံကုမ္ပဏီကြီး Total တို့သည် မြန်မာနိုင်ငံရှိရတနာသဘာ၀ဓာတ်ငွေ့လုပ်ကွက်ကို လုပ်ကိုင်နေသည့် အကျိုးတူကုမ္ပဏီများ၏ အစိတ်အပိုင်းဖြစ်ပြီး အဆိုပါစီမံကိန်းမှ နှစ်စဉ် အမေရိကန်ဒေါ်လာ ၄၀၀သန်းခန့် စစ်ကောင်စီထံစီးဝင်မည်ဟုခန့်မှန်းရကြောင်း Burma Campaign UK က ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ပြင်သစ်သမ္မတမက်ခရွန်သည် စစ်တပ်ထံစီးဝင်နေသည့် သဘာ၀ဓာတ်ငွေ့အခွန်ငွေများ ဖြတ်တောက်ရန် ဥရောပသမဂ္ဂ(EU)အပေါ် ဗီတိုအာဏာရှိပြီး ၎င်းသဘောမတူပါက EUက အရေးယူဆောင်ရွက်နိုင်ခြင်းမရှိပေ။

“မြန်မာပြည်သူတွေက သူတို့လွတ်လပ်မှုရရှိဖို့ အရာရာပေးဆပ်နေချိန်မှာ ဘိုင်ဒန်နဲ့ မက်ခရွန်တို့က စီးပွားရေးအကျိုးအမြတ်ကို ပိုမိုစိုးရိမ်နေပုံပါပဲ။ သူတို့ထောက်ပံ့ငွေတွေနဲ့ မြန်မာစစ်တပ်က အဓမ္မပြုကျင့်တာ၊ ညှင်းပန်းနှိပ်စက်တာ၊ သတ်ဖြတ်တာတွေ ကျူးလွန်နေသည့်တိုင်ပေါ့”ဟု မက်ဖာမနာက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဝိုင်းမော်တွင် အင်အားထောင်ချီစုစည်းကာ KIA သိမ်းပိုက်ထားသည့် ပန်ဝါ၊ ချီဖွေ၊ ကန်ပိုက်တီကို ထိုးစစ်ဆင်ရန် စစ်ကောင်စီပြင်ဆင်နေဟုဆို

သတင်း

လားရှိုးမြို့ပေါ် ရပ်ကွက်များအတွင်း PDF များရှိနေသည်ဟု ဆိုကာ စစ်ကောင်စီက လိုက်လံစစ်ဆေးနေပြီး လူငယ်သုံးဦးကိုလည်း TNLA တပ်ဖွဲ့ဝင်များဖြစ်သည်ဟုဆိုကာ ဖမ်းဆီးသွားကြောင်း ​​ဒေသခံအချို့က​ပြောသည်။

သတင်း

ပြည်သူတွေအပေါ် အကြမ်းဖက်မှုကျူးလွန်နေတဲ့ စစ်ကောင်စီအတွက် စစ်ဘက်ဆိုင်ရာကျွမ်းကျင်မှုသင်တန်းပေးနေတဲ့ ဘယ်လာရုစ်တက္ကသိုလ်တွေကို နိုင်ငံတကာပညာ‌ရေးအသိုင်းအဝိုင်းက သပိတ်မှောက်ဖို့နဲ့ ကန့်ကွက်ဖို့ Justice For Myanmar က တောင်းဆိုလိုက်သည်။