Connect with us

Hi, what are you looking for?

News

တန့်ဆည်မြို့တွင် ဗုံးတစ်လုံးလာခွဲလျင် မြို့ပေါ်အိမ်ငါးလုံးကို မီးရှို့မည်ဟု စစ်ကောင်စီ ခြိမ်းခြောက်

စစ်ကောင်စီအင်အား ၁၀၀ခန့်သည် တန့်ဆည်မြို့တော်ခန်းမတွင် တပ်စွဲထားပြီး မြို့တွင်း သွားလာနေသည့် ဒေသခံများကို စစ်ဆေးရင်း အထက်ပါအတိုင်း ခြိမ်း​ခြောက်နေခြင်းဖြစ်​ကြောင်း ဒေသခံတစ်ဦးက People’s Spring သို့ ပြောသည်။

(တပ်မ (၇၇) သည်လက်နက်မဲ့ပြည်သူများကို ပစ်ခတ်သတ်ဖြတ် ရမ်းကားခဲ့​သော်လည်း ​​​နွေဦး​တော်လှန်​ရေးကာလတွင် ကချင်နှင့် ကိုးကန့်တိုက်ပွဲများတွင် KIA နှင့်MNDAA တပ်များ၏လက်စွမ်းပြမှု​ကြောင့်အထိနာခဲ့သည်)

တန့်ဆည်မြို့တော်ခန်းမတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်က ၎င်းတို့ထံဗုံးတစ်လုံးလာခွဲပါက မြို့ပေါ်အိမ်ငါးလုံးကို မီးရှို့မည်ဟု ခြိမ်းခြောက်နေကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီအင်အား ၁၀၀ခန့်သည် တန့်ဆည်မြို့တော်ခန်းမတွင် တပ်စွဲထားပြီး မြို့တွင်း သွားလာနေသည့် ဒေသခံများကို စစ်ဆေးရင်း အထက်ပါအတိုင်း ခြိမ်း​ခြောက်နေခြင်းဖြစ်​ကြောင်း ဒေသခံတစ်ဦးက People’s Spring သို့ ပြောသည်။

“တမင်သက်သက် ရန်စတာဗျ။လက်နက်မဲ့လူထုကို ခြိမ်းခြောက်နေတာ။PDF တွေ ဗုံးတစ်လုံး လာခွဲတာနဲ့ မင်းတို့ ရပ်ကွက်ထဲက အိမ် ငါးလုံး မီးလာရှို့မယ်လို့ကို ပြောတာ။ အရိုးကိုက်ကောင်တွေ”ဟု ကိုယ်တိုင်စစ်ဆေးခံခဲ့ရသည့် ဒေသခံတစ်ဦးက ပြောသည်။

ဒေသတွင်းသတင်းများကို ဖော်ပြနေသည့် တန့်ဆည်အခြေစိုက် စစ်အာဏာရှင်တော်လှန်ရေးသတင်းစာမျက်နှာတစ်ခုကလည်း စစ်ကောင်စီလက်အောက်ခံ တပ်မ(၇၇)က ပြည်သူများအားက ယင်းကဲ့သို့ ခြိမ်းခြောက်လိုက်သည်ကို ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

“မင်းတို့ သိတဲ့အဖွဲ့တွေပြောလိုက်။ ဗုံးတစ်လုံးလာခွဲရင်မြို့ပေါ် အိမ်ငါးလုံးမီးရှို့ပစ်မယ်။တပ်မ ၇၇ ကွ”ဟု မှာလိုက်သည်ဟု Taze တော်လှန်လှန်ရေးစာမျက်နှာက ထုတ်ပြန်ထားသည်။

တန့်ဆည်မြို့ကို စစ်ကောင်စီ အထူးတင်းတင်းကျပ်ကျပ်စစ်ဆေးနေပြီး ယမန်နေ့(ဇန်နဝါရီ ၂ရက်)ကလည်း ကပေါင်းကျကျေးရွာမှ နေအိမ်ဆယ်လုံးကို မီးရှို့ဖျက်ဆီးသွားခဲ့သည်။ထို့အပြင်လယ်ကွင်းအတွင်း ကောက်လှိုင်းစီးနေသည့် အရပ်သားတစ်ဦးအား စစ်ကောင်စီက ပစ်သတ်သွားပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်များက စစ်ကောင်စီတပ်အား မိုင်းဆွဲတိုက်ခိုက်ခဲ့ကြသည်။ ယင်းဖြစ်စဥ်တွင် စစ်ကောင်စီဘက်က ဆယ်ဦးထက်မနည်း သေဆုံးခဲ့သည်ဟု တန့်ဆည်PDFက သတင်းထုတ်ပြန်ထားသည်။ ယခုရက်ပိုင်းတွင် စစ်ကောင်စီနှင့် ပျူစောထီများပူးပေါင်းပြီး ကျေးရွာများအတွင်း စစ်ကြောင်းထိုးလာနိုင်၍ လုံခြုံရေးသတိပိုရှိကြရန်လည်းတန့်ဆည်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က သတင်းထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်ကောင်စီသည် ကလေးမြို့နယ်တွင်လည်း ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် မပူးပေါင်းပါက နေအိမ်များအား မီးရှို့မည်ဟု ခြိမ်းခြောက်ခဲ့ပြီး ​ကျေးရွာအချို့မှ အိမ်များကိုမီးရှို့ဖျက်ဆီးခဲ့​​သေးသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က စစ်တပ်စစ်ကြောင်းဟာ ဒေသခံတွေရဲ့ နေအိမ်အလုံး ၂၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး ယာကြီးပြင်ကျေးရွာမှာ တပ်စွဲထားတယ်လို့ အညာမြေအရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင် က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။