Connect with us

Hi, what are you looking for?

News

ငွေတောင်ဆည်အနီးတိုက်ပွဲ ကျဆုံးခဲ့သည့် လွိုင်ကော် PDF လူငယ်ရဲ​ဘော်၏ ဈာပန

လွိုင်ကော် PDF တပ်ဖွဲ့ဝင်၏ ဈာပန အခမ်းအနားကို ယနေ့(ဇန်နဝါရီ ၃ရက်)ပြုလုပ်ခဲ့ပြီး ကရင်နီရဲဘော်နှင့် ဒီးမော့ဆို PDF ရဲဘော်တို့၏ ဈာပန အခမ်းအနားကိုလည်း ယနေ့၌ပင် ပြုလုပ်ခဲ့ရာ သက်ဆိုင်ရာတပ်မှ တပ်ဖွဲ့ဝင်များ လိုက်ပါပို့ဆောင်ခဲ့သည်။

ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆိုမြို့နယ် ငွေတောင်ဆည်အနီးတွင် ဇန်နဝါရီ ၂ရက်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲ၌ကျဆုံးခဲ့သည့် လွိုင်ကော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သူရဲကောင်း ပေါလူ(ခ) ကြာဦး၏ ဈာပန အခမ်း အနားကို ယနေ့နံနက်ကပြုလုပ်ခဲ့ကြောင်း လွိုင်ကော် PDFက ထုတ်ပြန်သည်။

သူရဲကောင်း ပေါလူ (ခ) ကြာဦးသည် ကျဆုံးချိန်တွင်အသက် (၁၉)နှစ်အရွယ်ဖြစ်ကြောင်း၊ ရဲဘော် ပေါလူ (ခ) ကြာဦး အပါအဝင် တောင်တန်း ပြည်ပနိုင်ငံအဝန်းတွင် စစ်အာဏာရူးများကို တွန်းလှန်ရင်း ကျဆုံးသွားကြသော အာဇာနည်သူရဲကောင်းများအားလုံးအား အလေးပြုဦးညွှတ်အလေးပြုရင်းအရေးတော် ပုံ ပြီးဆုံးသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း လွိုင်ကော် PDF မှ ဂတိသစ္စာပြုခဲ့သည်။

ဒီဇင်ဘာ ၃၁ရက်မှ ဖြစ်ပွားခဲ့သည့် ဒီးမော့ဆိုတိုက်ပွဲ၌ စစ်ကောင်စီတပ်မှသေဆုံးထိခိုက်မှုများပြားခဲ့ပြီး ကရင်နီတပ်မတော်မှ ရဲဘော်တစ်ဦး၊လွိုင်ကော် PDFမှ ရဲဘော် တစ်ဦး တိုက်ပွဲအတွင်း ကျဆုံးခဲ့ပြီး ဒီးမော့ဆို PDFမှ ရဲဘော်တစ်ဦးသည် စစ်ကောင်စီတပ်ထောင်ထားသည့် မိုင်းနင်းမိ၍ ကျဆုံးခဲ့သည်ဟု ဆိုသည်။

လွိုင်ကော် PDF တပ်ဖွဲ့ဝင်၏ ဈာပန အခမ်းအနားကို ယနေ့(ဇန်နဝါရီ ၃ရက်)ပြုလုပ်ခဲ့ပြီး ကရင်နီရဲဘော်နှင့် ဒီးမော့ဆို PDF ရဲဘော်တို့၏ ဈာပန အခမ်းအနားကိုလည်း ယနေ့၌ပင် ပြုလုပ်ခဲ့ရာ သက်ဆိုင်ရာတပ်မှ တပ်ဖွဲ့ဝင်များ လိုက်ပါပို့ဆောင်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အင်းတော်-ဝန်းသိုလမ်းပိုင်းမှာ​ အောက်တိုဘာ ၂၉ ရက်​နေ့ကဖြစ်ပွားတဲ့တိုက်ပွဲအတွင်း စစ်တပ်ကသေဆုံးထိခိုက်သူများပြီးပြန်ဆုတ်​ပြေးသွားရကာ PDF ​တွေကလက်နက်ခဲယမ်း အများအပြားသိမ်းဆည်းနိုင်ခဲ့ပါတယ်။

သတင်း

စစ်ကြောင်းမှူးဒဏ်ရာရပြီး စစ်တပ်စစ်ကြောင်းပျက် ဆုတ်ခွာထွက်ပြေးသွား

သတင်း

ဗန်းမော်မြို့အနီးမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ပူးပေါင်းတပ်တွေက စစ်ရေးအရှိန်မြှင့်ထားစဉ် မိုးမိတ်မြို့အနီးမှာလည်း တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် စစ်တပ်ရဲ့ အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်-စကခ(၂၁)ရဲ့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မိုးစိန်းကျွန်းကို သိမ်းပိုက်နိုင်ဖို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနရဲ့ အောက်တိုဘာ ၂၈ရက် သတင်းဖော်ပြပါတယ်။