Connect with us

Hi, what are you looking for?

News

ငွေတောင်ဆည်အနီးတိုက်ပွဲ ကျဆုံးခဲ့သည့် လွိုင်ကော် PDF လူငယ်ရဲ​ဘော်၏ ဈာပန

လွိုင်ကော် PDF တပ်ဖွဲ့ဝင်၏ ဈာပန အခမ်းအနားကို ယနေ့(ဇန်နဝါရီ ၃ရက်)ပြုလုပ်ခဲ့ပြီး ကရင်နီရဲဘော်နှင့် ဒီးမော့ဆို PDF ရဲဘော်တို့၏ ဈာပန အခမ်းအနားကိုလည်း ယနေ့၌ပင် ပြုလုပ်ခဲ့ရာ သက်ဆိုင်ရာတပ်မှ တပ်ဖွဲ့ဝင်များ လိုက်ပါပို့ဆောင်ခဲ့သည်။

ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆိုမြို့နယ် ငွေတောင်ဆည်အနီးတွင် ဇန်နဝါရီ ၂ရက်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲ၌ကျဆုံးခဲ့သည့် လွိုင်ကော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သူရဲကောင်း ပေါလူ(ခ) ကြာဦး၏ ဈာပန အခမ်း အနားကို ယနေ့နံနက်ကပြုလုပ်ခဲ့ကြောင်း လွိုင်ကော် PDFက ထုတ်ပြန်သည်။

သူရဲကောင်း ပေါလူ (ခ) ကြာဦးသည် ကျဆုံးချိန်တွင်အသက် (၁၉)နှစ်အရွယ်ဖြစ်ကြောင်း၊ ရဲဘော် ပေါလူ (ခ) ကြာဦး အပါအဝင် တောင်တန်း ပြည်ပနိုင်ငံအဝန်းတွင် စစ်အာဏာရူးများကို တွန်းလှန်ရင်း ကျဆုံးသွားကြသော အာဇာနည်သူရဲကောင်းများအားလုံးအား အလေးပြုဦးညွှတ်အလေးပြုရင်းအရေးတော် ပုံ ပြီးဆုံးသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း လွိုင်ကော် PDF မှ ဂတိသစ္စာပြုခဲ့သည်။

ဒီဇင်ဘာ ၃၁ရက်မှ ဖြစ်ပွားခဲ့သည့် ဒီးမော့ဆိုတိုက်ပွဲ၌ စစ်ကောင်စီတပ်မှသေဆုံးထိခိုက်မှုများပြားခဲ့ပြီး ကရင်နီတပ်မတော်မှ ရဲဘော်တစ်ဦး၊လွိုင်ကော် PDFမှ ရဲဘော် တစ်ဦး တိုက်ပွဲအတွင်း ကျဆုံးခဲ့ပြီး ဒီးမော့ဆို PDFမှ ရဲဘော်တစ်ဦးသည် စစ်ကောင်စီတပ်ထောင်ထားသည့် မိုင်းနင်းမိ၍ ကျဆုံးခဲ့သည်ဟု ဆိုသည်။

လွိုင်ကော် PDF တပ်ဖွဲ့ဝင်၏ ဈာပန အခမ်းအနားကို ယနေ့(ဇန်နဝါရီ ၃ရက်)ပြုလုပ်ခဲ့ပြီး ကရင်နီရဲဘော်နှင့် ဒီးမော့ဆို PDF ရဲဘော်တို့၏ ဈာပန အခမ်းအနားကိုလည်း ယနေ့၌ပင် ပြုလုပ်ခဲ့ရာ သက်ဆိုင်ရာတပ်မှ တပ်ဖွဲ့ဝင်များ လိုက်ပါပို့ဆောင်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့တပ်မတော်(CPA)ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ကြောင်း CPU/CPAက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။