Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီ​ထောင်ခဲ့​သောမိုင်းနှင့်လက်နက်များကိုပြည်သူများအန္တရာယ်မကျ​စေရန်ဖယ်ရှားစဥ်ဗုံသီးကွဲ၍ YDF တပ်ဖွဲ့ဝင်တစ်ဦးကျဆုံး

YDF ​ဆော/ကျောက်ထု တပ်ရင်း၉တပ်ရင်းမှူးဗိုလ်နက္ခတ်ဦးဆောင်သောအဖွဲ့နှင့် တပ်ရင်း၁၁ တပ်ရင်းမှုးဗိုလ်ကြေးမုံတို့ဦးဆောင်သောအဖွဲ့သည် ဇန်နဝါရီလ ၁ ရက်နေ့ ည ၁နာရီအချိန်က စကစလက်အောက်ခံ ကျောက်ထုနယ်မြေရဲစခန်း ကင်းသံချောင်းခေါက်နေချိန် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

အကြမ်းဖက်စစ်တပ်ထောင်ထားခဲ့သော မိုင်းများအား ပြည်သူများအန္တရာယ်မဖြစ်စေရန်ရှင်းလင်းစဥ် ဗုံးသီးတစ်လုံးပေါက်ကွဲသွားပြီး အသက် (၁၉) နှစ်အရွယ် ရဲဘော်တစ်ဦးကျဆုံးသွားခဲ့ကြောင်း YDF (Saw&Kyaukhtu) အဖွဲ့က ထုတ်ပြန်သည်။

ယနေ့ (ဇန်နဝါရီလ ၄ ရက်နေ့)တွင် YDF (​ဆော&​ကျောက်ထု) အဖွဲ့ဝင် များသည် အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုးလာစဥ်က ပြည်သူများအန္တရာယ်ဖြစ်စေရန် ရည်ရွယ်ချက်ရှိရှိဖြင့် ထောင်ထားခဲ့သော နင်းမိုင်းများနှင့် မပေါက်ကွဲသေးသောလက်နက်ကြီးများအား ရှင်းလင်းခဲ့ကြရာ နံနက် (၉) နာရီအချိန်ခန့်တွင် ဗုံးသီးတစ်လုံးပေါက်ကွဲသွားပြီး အသက် (၁၉) နှစ်အရွယ် ရဲဘော်တစ်ဦးကျဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း အသိပေးသည်။

စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်းရေး ၊ ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် ရဲဘော်တစ်ဦး၏ပေးဆပ်မှုကို ကျွန်ုပ်တို့ YDF (​ဆော &​ကျောက်ထု) မှ ဦးညွှတ်အလေးပြုပါကြောင်းနှင့် ကျန်ရစ်သူမိသားစုနှင့်အတူ ထပ်တူထပ်မျှဝမ်းနည်းရပါကြောင်း ညှိုးငယ်သောစိတ်ထားဖြင့် ထုတ်ပြန်ကြေညာအပ်ပါသည်ဟု ဖော်ပြထားသည်။

YDF ​ဆော/ကျောက်ထု တပ်ရင်း၉တပ်ရင်းမှူးဗိုလ်နက္ခတ်ဦးဆောင်သောအဖွဲ့နှင့် တပ်ရင်း၁၁ တပ်ရင်းမှုးဗိုလ်ကြေးမုံတို့ဦးဆောင်သောအဖွဲ့သည် ဇန်နဝါရီလ ၁ ရက်နေ့ ည ၁နာရီအချိန်က စကစလက်အောက်ခံ ကျောက်ထုနယ်မြေရဲစခန်း ကင်းသံချောင်းခေါက်နေချိန် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

ဆောင်းပါး

ဧပြီလဆန်းလေပြီ။မကြာခင်သင်္ကြန်ကာလရောက်တော့မည်မို့ ရပ်ဝေးက သားတွေသမီးတွေ အလုပ်တွေနားလို့ မိဘအိမ် ပြန်လာကြလေပြီ။ ဖားကန့်မြို့နယ်၊ကျေးရွာတစ်ရွာက ဒေါ်စိုး(အမည်လွှဲ)တစ်ယောက်လည်း သူ့သားလေး ပြန်အလာကို မျှော်လေပြီ။

သတင်း

ချင်းပြည်နယ် ဖလမ်းမြို့မှာ အာဏာသိမ်းစစ်ကောင်စီတပ် လေကြောင်း ဗုံးကြဲတိုက်ခိုက်လို့ ဗိုလ်ကြီး ၁ဦး အပါအဝင် ချင်းအမျိုးသားတပ်မတော်(CNA) တပ်ဖွဲ့ဝင် ၃ဦး ကျဆုံးခဲ့ကြောင်း CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက အတည်ပြုပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့ စခန်း ၂ခု စီးနင်းခံရပြီး ရဲဘော် ၃ဦး ကျဆုံးခဲ့ရကြောင်း ဒေသတွင်းရဲဘော်အချို့က ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်လက်​အောက်ခံ အသင်းအဖွဲ့များမှလုပ်ငန်းရှင်များက အ​မေရီကန်နိုင်ငံမှ ပဲပုပ်ဖတ်တင်သွင်းရန်စီစဥ်ခြင်းမှာ စီးပွား​ရေးထက် အ​မေရီကန်အစိုးရရဲ့အာရုံစူးစိုက်မှုရ​အောင်စစ်အုပ်စုရဲ့ကြိုးပမ်းမှုဖြစ်တယ်လို့လုပ်ငန်းရှင်​တွေကသုံးသပ်ကြပါတယ် ။