Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်​ကောင်စီ​ထောင်ခဲ့​သောမိုင်းနှင့်လက်နက်များကိုပြည်သူများအန္တရာယ်မကျ​စေရန်ဖယ်ရှားစဥ်ဗုံသီးကွဲ၍ YDF တပ်ဖွဲ့ဝင်တစ်ဦးကျဆုံး

YDF ​ဆော/ကျောက်ထု တပ်ရင်း၉တပ်ရင်းမှူးဗိုလ်နက္ခတ်ဦးဆောင်သောအဖွဲ့နှင့် တပ်ရင်း၁၁ တပ်ရင်းမှုးဗိုလ်ကြေးမုံတို့ဦးဆောင်သောအဖွဲ့သည် ဇန်နဝါရီလ ၁ ရက်နေ့ ည ၁နာရီအချိန်က စကစလက်အောက်ခံ ကျောက်ထုနယ်မြေရဲစခန်း ကင်းသံချောင်းခေါက်နေချိန် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

အကြမ်းဖက်စစ်တပ်ထောင်ထားခဲ့သော မိုင်းများအား ပြည်သူများအန္တရာယ်မဖြစ်စေရန်ရှင်းလင်းစဥ် ဗုံးသီးတစ်လုံးပေါက်ကွဲသွားပြီး အသက် (၁၉) နှစ်အရွယ် ရဲဘော်တစ်ဦးကျဆုံးသွားခဲ့ကြောင်း YDF (Saw&Kyaukhtu) အဖွဲ့က ထုတ်ပြန်သည်။

ယနေ့ (ဇန်နဝါရီလ ၄ ရက်နေ့)တွင် YDF (​ဆော&​ကျောက်ထု) အဖွဲ့ဝင် များသည် အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုးလာစဥ်က ပြည်သူများအန္တရာယ်ဖြစ်စေရန် ရည်ရွယ်ချက်ရှိရှိဖြင့် ထောင်ထားခဲ့သော နင်းမိုင်းများနှင့် မပေါက်ကွဲသေးသောလက်နက်ကြီးများအား ရှင်းလင်းခဲ့ကြရာ နံနက် (၉) နာရီအချိန်ခန့်တွင် ဗုံးသီးတစ်လုံးပေါက်ကွဲသွားပြီး အသက် (၁၉) နှစ်အရွယ် ရဲဘော်တစ်ဦးကျဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း အသိပေးသည်။

စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်းရေး ၊ ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် ရဲဘော်တစ်ဦး၏ပေးဆပ်မှုကို ကျွန်ုပ်တို့ YDF (​ဆော &​ကျောက်ထု) မှ ဦးညွှတ်အလေးပြုပါကြောင်းနှင့် ကျန်ရစ်သူမိသားစုနှင့်အတူ ထပ်တူထပ်မျှဝမ်းနည်းရပါကြောင်း ညှိုးငယ်သောစိတ်ထားဖြင့် ထုတ်ပြန်ကြေညာအပ်ပါသည်ဟု ဖော်ပြထားသည်။

YDF ​ဆော/ကျောက်ထု တပ်ရင်း၉တပ်ရင်းမှူးဗိုလ်နက္ခတ်ဦးဆောင်သောအဖွဲ့နှင့် တပ်ရင်း၁၁ တပ်ရင်းမှုးဗိုလ်ကြေးမုံတို့ဦးဆောင်သောအဖွဲ့သည် ဇန်နဝါရီလ ၁ ရက်နေ့ ည ၁နာရီအချိန်က စကစလက်အောက်ခံ ကျောက်ထုနယ်မြေရဲစခန်း ကင်းသံချောင်းခေါက်နေချိန် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကိုမာန်ဇာမြေမွန်နှင့် ကိုအောင်ကျော်ဇင်တို့အား မြို့တော်ခန်းမအတွင်းရှိ စစ်သားများက ရိုက်နှက် နှိပ်စက်ခဲ့ရာ ကိုအောင်ကျော်ဇင်မှာ မတ်လ (၂၉) ရက်နေ့တွင် ကျဆုံးခဲ့ကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင် ကိုရှင်းသန့်က ပြောကြားသည်။

သတင်း

ဖေဖော်ဝါရီ ၂၅ရက်က မုံရွာမြို့နယ်ရှိ ဗန်စီစီ၊ နိဗ္ဗာန်ဝ၊ မုံရွေးကြေးမုံကျေးရွာများသို့ ထိုးစစ်ဆင်လာခဲ့သော စစ်ကြောင်းနှင့် မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း၊ တပ်ခွဲ(၃)၊ တပ်စု(၂)Youth Vigor Revolution Force ရဲဘော်များနှင့် ထိပ်တိုက်တွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

သတင်း

KNLA တပ်မဟာ(၅)နှင့် စစ်ကောင်စီအကြား နိုဝင်ဘာလအတွင်း တိုက်ပွဲဖြစ်ပွားမှု အနှစ်ချုပ်ကို ယနေ့ (ဒီဇင်ဘာ ၃ရက်) ညပိုင်း၌ အသိပေးထုတ်ပြန်လာခြင်းဖြစ်သည်။

သတင်း

ယနေ့ (အောက်တိုဘာ ၂၅ ရက်) နံနက် ၆နာရီခန့်က ဘုတလင်မြို့ပေါ်မှလာသော အင်အား ၄၀ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းသည် ယုန်လှေးကုန်းကျေးရွာသို့ ဝင်ရောက်လာခဲ့သည်။