Connect with us

Hi, what are you looking for?

News

TNLAနှင့်ဖြစ်သည့် နမ့်ခမ်းတိုက်ပွဲ စစ်ကောင်စီတပ်မှ ​လေးဦးသေ

တိုက်ပွဲမဖြစ်ပွားမှီ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်ခဲ့ရာ ဟိုးနားရွာအတွင်း ကျရောက်ပေါက်ကွဲပြီး ကလေ နှစ်ဦး အပါအဝင် အရပ်သားခြောက်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

ဓာတ်ပုံ - ​ရွှေဖီ​မြေသတင်းဌာန

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် တအာင်းလက်နက်ကိုင်တပ်ဖွဲ့(TNLA)နှင့် စစ်ကောင်စီတပ်တို့ ယနေ့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်မှ​လေးဦးသေ ​ခြောက်ဦးဒဏ်ရာရခဲ့ကြောင်း ရှမ်းမြောက်ဒေသခံတစ်ဦးက ပြောသည်။

ဓာတ်ပုံ – ​ရွှေဖီ​မြေသတင်းဌာန

“စစ်ကောင်စီဘက်က ​လေးယောက်ကျတယ်။ ​လေးယောက် ဒဏ်ရာရတယ် ပြောတာရှိတယ်။ ​လေးယောက် ဒဏ်ရာရတယ်ဆိုပေမယ့် ကျွန်တော်သိရသလောက် ဆေးရုံမှာ ​ခြောက်ယောက် ရောက်နေတာပေါ့။ TNLA ဘက်ကတော့မရှိဘူး အကုန်လုံးအေးအေးဆေးအေးပဲ သူ့နေရာနဲ့သူ ပြန်ရောက်နေကြပြီ”ဟု ဒေသခံက ပြောသည်။

ဓာတ်ပုံ – ​ရွှေဖီ​မြေသတင်းဌာန

ယနေ့(ဇန်နဝါရီ ၅ရက်) နံနက်တွင် TNLA တပ်များ နမ့်ခမ်းမြို့အတွင်း ဝင်ရောက်လာစဉ် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် စတင်ပစ်ခတ်ခဲ့သည်။ ထို့နောက် TNLA တပ်များ ပြန်လည်ဆုတ်ခွာရာ စစ်ကောင်စီတပ်များ လိုက်လံတိုက်ခိုက်၍ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံက ဆိုသည်။

တိုက်ပွဲမဖြစ်ပွားမှီ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်ခဲ့ရာ ဟိုးနားရွာအတွင်း ကျရောက်ပေါက်ကွဲပြီး ကလေ နှစ်ဦး အပါအဝင် အရပ်သားခြောက်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“အရပ်သားက တိုက်ပွဲမဖြစ်ခင်တုန်းကပဲထိခိုက်မှုရှိတာ။ တိုက်ပွဲအပြင်းအထန်ဖြစ်တဲ့အချိန် အထိအခိုက်မရှိဘူး။ အိမ်တွေတော့ ထိခိုက်တာမျိုးတော့ ရှိတယ်။ အိမ်နှစ်လုံးထိခိုက်တယ်လို့ ကြားသိရတယ်”ဟု ဒေသခံက ပြော သည်။

TNLAနှင့် စစ်ကောင်စီတပ်သည် အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲဖြစ်ပွားမှု မရှိသလောက်နည်းပါးခဲ့ပြီး ယနေ့တွင် နမ့်ခမ်း၌ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ် သေဆုံးသူများပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ

သတင်း

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရားတောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်​တွေ-ပုဏ္ဏားကျွန်းအစပ်တိုက်ပွဲ​တွေမှာစက်တင်ဘာ၄​နောက်ပိုင်းစစ်သား ၂၀၀ခန့်​သေဆုံးဟုဆို

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က လုံးခင်းဆေးရုံကုန်းနဲ့ ဂေါက်ကွင်းအနီးမှာ စက်တင်ဘာ ၁၁ရက် ညနေကစပြီး တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။