Connect with us

Hi, what are you looking for?

News

ကော့ကရိတ်က စစ်​ဘေး​ရှောင် ၁၇၀၀ ​ကျော်အတွက် အကူညီ​ပေးပို့​ရေး အခက်အခဲရှိ​နေ

ဒီဇင်ဘာ ၂၀ ရက်ကစပြီး ကေအဲန်ယူထိန်းချုပ်နယ်မြေဖြစ်တဲ့ ကော့ကရိတ်မြို့နယ် ကော့နွဲ့ကျေးရွာအုပ်စုမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေဖြစ်ပွားခဲ့တာပါ။

ကော့ကရိတ်မြို့နယ် ကော့နွဲ့ကျေးရွာမှာ KNLA နဲ့ အာဏာသိမ်းစစ်ကောင်စီတပ်တို့ကြား ဖြစ်ပွားခဲ့တဲ့တိုက်ပွဲကြောင့် တိမ်းရှောင်နေရတဲ့ စစ်ရှောင်ဦးရေဟာ ၁၇၀၀ ကျော်ရှိနေပြီး သူတို့ထံ သွားရောက်ကူညီပေးနိုင်ဖို့ ခက်ခဲတယ်လို့ စစ်ရှောင်အရေး ကူညီပေးနေတဲ့ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG)ထံကနေ သိရပါတယ်။

ဒီဇင်ဘာ ၂၀ ရက်ကစပြီး ကေအဲန်ယူထိန်းချုပ်နယ်မြေဖြစ်တဲ့ ကော့ကရိတ်မြို့နယ် ကော့နွဲ့ကျေးရွာအုပ်စုမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေဖြစ်ပွားခဲ့တာပါ။

တိုက်ပွဲကြောင့် ကော့နွဲ့၊ အံကလော်၊ ရွာသစ်ကုန်း၊ ကျောက်စရစ်ကုန်း၊ မြို့ဟောင်းနဲ့ တတန်ကူးကျေးရွာက ဒေသခံပြည်သူ (၁၇၉၇) ဦးဟာ ဘေးလွတ်ရာကိုတိမ်းရှောင်နေခဲ့ရပြီး လက်ရှိမှာ အကူအညီတွေလိုအပ်နေတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG ပြောခွင့်ရသူ စောနန္ဒဆူးက ပြောပါတယ်။

“ဆောင်းရာသီလည်းရှိတဲ့အပေါ်မှာ နွေးနွေးထွေးထွေးနဲ့နေနိုင်ဖို့လည်း အခြေအနေမှာမရှိဘူးပေါ့လေ။ တာလပတ်နဲ့နေရတာဆိုတော့။ အထူးသဖြင့် ကလေးငယ်နဲ့ သက်ကြီးရွယ်အိုတွေအတွက်ပေါ့။ နေရာထိုင်ခင်းအခက်အခဲရယ် စားရေးသောက်ရေးအခက်အခဲရယ်ပေါ့”လို့ KHRG က စောနန္ဒဆူးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အခုရက်ပိုင်းအတွင်း တိုက်ပွဲတွေငြိမ်သက်နေပြီး စစ်ရှောင်နေရတဲ့ ဒေသခံရွာသားတွေတချို့ နေအိမ်ကို ပြန်လာကြတာတွေလည်းရှိနေတယ်လို့ ကော့ကရိတ်ဒေသခံတစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။

ကေအဲန်ယူ ထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ် ကော့နွဲ့ကျေးရွာအုပ်စုမှာ တိုက်ပွဲကြောင့် ဒေသခံပြည်သူတွေတိမ်းရှောင်နေရတဲ့အပြင် လေးကေကော်မြို့သစ်ဘက်မှာလည်း တိုက်ပွဲကြောင့် စစ်ရှောင်ပြည်သူ ၁၀၀၀၀ ကျော်လည်း တိမ်းရှောင်ထွက်ပြေးနေခဲ့ရပြီး လက်ရှိအချိန်ထိ နေရပ်ကိုမပြန်နိုင်သေးဘူးလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

အရာရှိအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် အချို့ထိခိုက်

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။