Connect with us

Hi, what are you looking for?

LuduNwayOo

News

ကော့ကရိတ်က စစ်​ဘေး​ရှောင် ၁၇၀၀ ​ကျော်အတွက် အကူညီ​ပေးပို့​ရေး အခက်အခဲရှိ​နေ

ဒီဇင်ဘာ ၂၀ ရက်ကစပြီး ကေအဲန်ယူထိန်းချုပ်နယ်မြေဖြစ်တဲ့ ကော့ကရိတ်မြို့နယ် ကော့နွဲ့ကျေးရွာအုပ်စုမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေဖြစ်ပွားခဲ့တာပါ။

ကော့ကရိတ်မြို့နယ် ကော့နွဲ့ကျေးရွာမှာ KNLA နဲ့ အာဏာသိမ်းစစ်ကောင်စီတပ်တို့ကြား ဖြစ်ပွားခဲ့တဲ့တိုက်ပွဲကြောင့် တိမ်းရှောင်နေရတဲ့ စစ်ရှောင်ဦးရေဟာ ၁၇၀၀ ကျော်ရှိနေပြီး သူတို့ထံ သွားရောက်ကူညီပေးနိုင်ဖို့ ခက်ခဲတယ်လို့ စစ်ရှောင်အရေး ကူညီပေးနေတဲ့ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG)ထံကနေ သိရပါတယ်။

ဒီဇင်ဘာ ၂၀ ရက်ကစပြီး ကေအဲန်ယူထိန်းချုပ်နယ်မြေဖြစ်တဲ့ ကော့ကရိတ်မြို့နယ် ကော့နွဲ့ကျေးရွာအုပ်စုမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေဖြစ်ပွားခဲ့တာပါ။

တိုက်ပွဲကြောင့် ကော့နွဲ့၊ အံကလော်၊ ရွာသစ်ကုန်း၊ ကျောက်စရစ်ကုန်း၊ မြို့ဟောင်းနဲ့ တတန်ကူးကျေးရွာက ဒေသခံပြည်သူ (၁၇၉၇) ဦးဟာ ဘေးလွတ်ရာကိုတိမ်းရှောင်နေခဲ့ရပြီး လက်ရှိမှာ အကူအညီတွေလိုအပ်နေတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG ပြောခွင့်ရသူ စောနန္ဒဆူးက ပြောပါတယ်။

“ဆောင်းရာသီလည်းရှိတဲ့အပေါ်မှာ နွေးနွေးထွေးထွေးနဲ့နေနိုင်ဖို့လည်း အခြေအနေမှာမရှိဘူးပေါ့လေ။ တာလပတ်နဲ့နေရတာဆိုတော့။ အထူးသဖြင့် ကလေးငယ်နဲ့ သက်ကြီးရွယ်အိုတွေအတွက်ပေါ့။ နေရာထိုင်ခင်းအခက်အခဲရယ် စားရေးသောက်ရေးအခက်အခဲရယ်ပေါ့”လို့ KHRG က စောနန္ဒဆူးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အခုရက်ပိုင်းအတွင်း တိုက်ပွဲတွေငြိမ်သက်နေပြီး စစ်ရှောင်နေရတဲ့ ဒေသခံရွာသားတွေတချို့ နေအိမ်ကို ပြန်လာကြတာတွေလည်းရှိနေတယ်လို့ ကော့ကရိတ်ဒေသခံတစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။

ကေအဲန်ယူ ထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ် ကော့နွဲ့ကျေးရွာအုပ်စုမှာ တိုက်ပွဲကြောင့် ဒေသခံပြည်သူတွေတိမ်းရှောင်နေရတဲ့အပြင် လေးကေကော်မြို့သစ်ဘက်မှာလည်း တိုက်ပွဲကြောင့် စစ်ရှောင်ပြည်သူ ၁၀၀၀၀ ကျော်လည်း တိမ်းရှောင်ထွက်ပြေးနေခဲ့ရပြီး လက်ရှိအချိန်ထိ နေရပ်ကိုမပြန်နိုင်သေးဘူးလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။

သတင်း

တပ်မ (၄၄) တပ်မမှူး ဗိုလ်မှူးခစိုးမင်းထက် မဲ​ဆောက်​ဆေးရုံ၌ ​ဆေးကူသမှု ခံယူ​နေရင်း သေဆုံးကြောင်းလည်း စစ်ကောင်စီလက်အောက်ခံ လူမှုကွန်ရက်စာမျက်နှာများ၌ ရေးသားနေကြသည်ကို တွေ့ရသည်။