Connect with us

Hi, what are you looking for?

News

ဖမ်းခံရချိန်ကစပြီး ၂ လကျော်ကြာလာပြီဖြစ်ပေမယ့် ကိုဂျင်မီကို ဖမ်းဆီးထားတဲ့နေရာမသိရသေး

ကိုဂျင်မီဟာ ပြီးခဲ့တဲ့အောက်တိုဘာလအတွင်းက မြောက်ဒဂုံမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေရဲ့ဖမ်းဆီးတာကိုခံလိုက်ရတာပါ။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုဂျင်မီဟာ ဖမ်းဆီးခံရတဲ့အချိန်ကစပြီး ဒီနေ့အထိ ၇၇ ရက် ကြာမြင့်လာပေမယ့် ဖမ်းဆီးထားတဲ့နေရာကိုမသိရသေးတဲ့အပြင် အဆက်အသွယ်လည်းမရသေးဘူးလို့ ဇနီးဖြစ်သူ မနီလာသိန်းက ဖေ့ဘွတ်ခ်ကနေအသိပေးလာပါတယ်။

ကိုဂျင်မီကို ဘယ်မှာဖမ်းဆီးထားတယ်ဆိုတာကိုသတင်းအစအနတောင်မရသေးဘူးလို့သိရပါတယ်။

ကိုဂျင်မီဟာ ပြီးခဲ့တဲ့အောက်တိုဘာလအတွင်းက မြောက်ဒဂုံမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေရဲ့ဖမ်းဆီးတာကိုခံလိုက်ရတာပါ။

ဖမ်းဆီးခံရချိန်မှာ အင်အားအဆမတန်သုံးတဲ့အပြင် အကြမ်းဖက်ရိုက်နှက်တာတွေကြောင့် ဦးခေါင်းဒဏ်ရာရသွားတယ်လို့လည်းသိရပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ရာမှာ ကိုဂျင်မီဓာတ်ပုံနဲ့အတူ လက်နက်တွေ့မိတယ်လို့ ဆိုထားပါတယ်။

ဆက်စပ်သတင်းများ

ကဗျာ

သူ့အကြောင်း တွေးမိရင်ကို ပေါ်လာတဲ့ ဝိသေသတွေက ထင်းခနဲပဲ။သူက နိုင်ငံရေးမှာ ပါတီကို အာရုံမကျဘူး။မတရားမှုမှန်သမျှကို ခါးခါးသီးသီးမုန်းတယ်၊ တွန်းလှန်တယ်၊တရားတာကို မြတ်နိုးတယ်။တရားတဲ့သူသာ နိုင်ကြေးဟေ့ဆိုတာ သူ့အဘိဓမ္မာဘဲ။သူက ဘယ်တုန်းကမှ တစ်ကိုယ်ကောင်း မဆန်ခဲ့ဘူး။ရဲဘော်ရဲဘက်စိတ် အပြည့်နဲ့လူ။လိုအပ်နေတဲ့သူတွေကို ကူညီပေးရမယ်ဆိုတာ သူ့နိုင်ငံရေးပဲ။သူ နိုင်သလောက် ကူတယ်၊ကူနိုင်တဲ့သူတွေကိုလည်း ကူကြဖို့ တွန်းအားပေးတယ်။အဲ့ဒါ သူ့ဗီဇ။ကျွန်တော်အရမ်းကြိုက်ပြီး...

သတင်း

"ငါတို့အားလုံးကိုဂျင်မီ၊ ငါတို့အားလုံးဖြိုးဇေယျာသော်၊ ငါတို့အားလုံးအောင်သူရဇော်၊ ငါတို့အားလုံးလှမျိုးအောင်" စတဲ့ ကြွေးကြော်သံတွေနဲ့ ချီတက်သပိတ်မှောက်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်သပိတ်စစ်ကြောင်းသည် ကို‌ဂျင်မီ၊ကိုဖြိုးဇေယျာသော်၊ကိုအောင်သူရဇော်၊ကိုလှမျိုးအောင်တို့ လေးဦး ကြိုးပေးကွပ်မျက်ခံရမှု (၂)နှစ်ပြည့် ဝမ်းနည်းခြင်းအထိမ်းမှတ်အဖြစ် ယနေ့(ဇူလိုင်၂၃ရက်)တွင် ချီတက်ဆန္ဒပြခဲ့သည်။

သတင်း

ရန်ကုန်မြို့ နေရာအချို့တွင် တော်လှန်ရေးမဟာမိတ်များပူးပေါင်း၍ ကိုဂျင်မီ၊ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုသူရအောင်တို့ လေးဦး ကွပ်မျက်သတ်ဖြတ်ခံရခြင်း (၂)နှစ်ပြည့်အဖြစ် လှုပ်ရှားမှုကို ယနေ့ (ဇူလိုင် ၂၃) ပြုလုပ်ခဲ့ကြသည်။