Connect with us

Hi, what are you looking for?

LuduNwayOo

News

ဖမ်းခံရချိန်ကစပြီး ၂ လကျော်ကြာလာပြီဖြစ်ပေမယ့် ကိုဂျင်မီကို ဖမ်းဆီးထားတဲ့နေရာမသိရသေး

ကိုဂျင်မီဟာ ပြီးခဲ့တဲ့အောက်တိုဘာလအတွင်းက မြောက်ဒဂုံမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေရဲ့ဖမ်းဆီးတာကိုခံလိုက်ရတာပါ။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုဂျင်မီဟာ ဖမ်းဆီးခံရတဲ့အချိန်ကစပြီး ဒီနေ့အထိ ၇၇ ရက် ကြာမြင့်လာပေမယ့် ဖမ်းဆီးထားတဲ့နေရာကိုမသိရသေးတဲ့အပြင် အဆက်အသွယ်လည်းမရသေးဘူးလို့ ဇနီးဖြစ်သူ မနီလာသိန်းက ဖေ့ဘွတ်ခ်ကနေအသိပေးလာပါတယ်။

ကိုဂျင်မီကို ဘယ်မှာဖမ်းဆီးထားတယ်ဆိုတာကိုသတင်းအစအနတောင်မရသေးဘူးလို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ကိုဂျင်မီဟာ ပြီးခဲ့တဲ့အောက်တိုဘာလအတွင်းက မြောက်ဒဂုံမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေရဲ့ဖမ်းဆီးတာကိုခံလိုက်ရတာပါ။

ဖမ်းဆီးခံရချိန်မှာ အင်အားအဆမတန်သုံးတဲ့အပြင် အကြမ်းဖက်ရိုက်နှက်တာတွေကြောင့် ဦးခေါင်းဒဏ်ရာရသွားတယ်လို့လည်းသိရပါတယ်။

စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ရာမှာ ကိုဂျင်မီဓာတ်ပုံနဲ့အတူ လက်နက်တွေ့မိတယ်လို့ ဆိုထားပါတယ်။