Connect with us

Hi, what are you looking for?

သတင်း

ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်တို့ ကွပ်မျက်ခံရမှု (၂)နှစ်ပြည့်အဖြစ် ရန်ကုန်တွင် လှုပ်ရှားမှု ပြုလုပ်

ရန်ကုန်မြို့ နေရာအချို့တွင် တော်လှန်ရေးမဟာမိတ်များပူးပေါင်း၍ ကိုဂျင်မီ၊ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုသူရအောင်တို့ လေးဦး ကွပ်မျက်သတ်ဖြတ်ခံရခြင်း (၂)နှစ်ပြည့်အဖြစ် လှုပ်ရှားမှုကို ယနေ့ (ဇူလိုင် ၂၃) ပြုလုပ်ခဲ့ကြသည်။

ဓာတ်ပုံ - SPTSC

သုည/People’s Spring

ရန်ကုန်မြို့ နေရာအချို့တွင် တော်လှန်ရေးမဟာမိတ်များပူးပေါင်း၍ ကိုဂျင်မီ၊ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုသူရအောင်တို့ လေးဦး ကွပ်မျက်သတ်ဖြတ်ခံရခြင်း (၂)နှစ်ပြည့်အဖြစ် လှုပ်ရှားမှုကို ယနေ့ (ဇူလိုင် ၂၃) ပြုလုပ်ခဲ့ကြသည်။

တော်လှန်လူငယ်များက အင်းလျားကန်နှင့် လူစည်ကားရာ နေရာအချို့တွင် “တရားတဲ့သူသာနိုင်ကြေးဟေ့” ၊ “အားလုံးစုစည်းနေရင် ဘာမှမဖြစ်” စာသားများ ချိတ်ဆွဲခဲ့ကြသည်။

Public Service Announcement

Public Service Announcement

ယင်း လှုပ်ရှားမှုကို ရွှေပြည်သာမြို့နယ် သပိတ်ကော်မတီ(SPTSC)၊ ရွှေပြည်သာမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသ)၊ (NGYSC ) တော်လှန်ရေးမဟာမိတ်များ ပူးပေါင်း၍ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီသည် ကိုဂျင်မီ၊ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုသူရအောင်တို့ လေးဦးအား ပြီးခဲ့သည့် ၂၀၂၂ ဇူလိုင် ၂၃ရက်က အင်းစိန်အကျဉ်းထောင်အတွင်း ဥပဒေမဲ့ ကြိုးပေး ကွပ်မျက်ခဲ့ခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

ကဗျာ

သူ့အကြောင်း တွေးမိရင်ကို ပေါ်လာတဲ့ ဝိသေသတွေက ထင်းခနဲပဲ။သူက နိုင်ငံရေးမှာ ပါတီကို အာရုံမကျဘူး။မတရားမှုမှန်သမျှကို ခါးခါးသီးသီးမုန်းတယ်၊ တွန်းလှန်တယ်၊တရားတာကို မြတ်နိုးတယ်။တရားတဲ့သူသာ နိုင်ကြေးဟေ့ဆိုတာ သူ့အဘိဓမ္မာဘဲ။သူက ဘယ်တုန်းကမှ တစ်ကိုယ်ကောင်း မဆန်ခဲ့ဘူး။ရဲဘော်ရဲဘက်စိတ် အပြည့်နဲ့လူ။လိုအပ်နေတဲ့သူတွေကို ကူညီပေးရမယ်ဆိုတာ သူ့နိုင်ငံရေးပဲ။သူ နိုင်သလောက် ကူတယ်၊ကူနိုင်တဲ့သူတွေကိုလည်း ကူကြဖို့ တွန်းအားပေးတယ်။အဲ့ဒါ သူ့ဗီဇ။ကျွန်တော်အရမ်းကြိုက်ပြီး...

ဆောင်းပါး

နိုင်ငံကကြွေကွဲရတဲ့ ကိုဖြိုးဇေယျာသော်ရဲ့ နောက်ဆုံးခရီး

သတင်း

စစ်ကိုင်းတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဇူလိုင် ၂၂)မှာ ဦးဂျင်မီ၊ ကိုဖြိုးဇေယျာသော် အပါအဝင် လေးဦး မတရားကြိုးပေးခံရမှု (၃)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

(၈၈)မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ ၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်နှင့် ကိုလှမျိုးအောင် တို့လေးဦးကို စစ်ကောင်စီက မတရားကြိုးပေးသတ်ဖြတ်ခြင်းခံရခြင်း (၃) နှစ်ပြည့်နှင့် ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂဗဟိုအလုပ်အမှုဆောင် မဝတ်ရည်အောင်အား ထောင်တွင်းအကြမ်းဖက်နှိပ်ဆက်ခံရ၍ ကျဆုံးခြင်းတို့အတွက် ရွှေဘိုမြို့နယ် လမ်းမထက်တစ်နေရာတွင် ယနေ့ (ဇူလိုင် ၂၃) ဆန္ဒပြခဲ့ကြသည်။