Connect with us

Hi, what are you looking for?

News

ဟွန်ဆန်​ရောက်ချိန်တွင် ရန်ကုန်နှင့် မန္တလေးတို့၌ ပေါက်ကွဲမှုဖြစ်

ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာများမှာ ရန်ကုန်မြို့သန်လျှင်မြို့ရှိ ရဲလိုင်းခန်းတစ်ခုတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး မန္တလေးမြို့၌မူ ပုသိမ်ကြီးမြို့နယ် လဝကမှူးရုံးနှင့် ချမ်းမြသာစည်မြို့နယ် MIIT ကျောင်းရှေ့တို့တွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

▪️သုံးနေရာပေါက်ကွဲခြင်းဖြစ်ပြီး ရဲလိုင်းခန်းနှင့် လဝကရုံးပါဝင်

က​မ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် စစ်​ခေါင်း​ဆောင်မင်း​အောင်လှိုင်နှင့် ​တွေ့ဆုံရန် လာ​ရောက်ချိန် ရန်ကုန်နှင့် မန္တလေးမြို့တို့၌ ယနေ့ (ဇန်နဝါ ရီ ၇)နံနက်က စစ်ကောင်စီလက်ပါး စေများရှိသည့် နေရာများတွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြော သည်။

ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာများမှာ ရန်ကုန်မြို့သန်လျှင်မြို့ရှိ ရဲလိုင်းခန်းတစ်ခုတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး မန္တလေးမြို့၌မူ ပုသိမ်ကြီးမြို့နယ် လဝကမှူးရုံးနှင့် ချမ်းမြသာစည်မြို့နယ် MIIT ကျောင်းရှေ့တို့တွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

သန်လျင်မြို့ပေါက်ကွဲမှုတွင် ပြည်တော်သာလမ်းရှိ ရဲလိုင်းခန်းအား ယနေ့နံနက် ၆ နာရီ ၅၀ခန့်က ဖောက်ခွဲသတိပေးခဲ့ကြောင်း Urban Phoenix Force-UPF က ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထိုဖောက်ခွဲမှုကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲခဲ့ခြင်းဖြစ်ပြီး ပြန်သူ့ဘက်မှရပ်တည်ရန်ကျန်ရှိနေသည့် ရဲဝန်ထမ်းများအား နောက်ဆုံးသတိပေးမှုအနေဖြင့် ဖောက်ခွဲခြင်းဖြစ်သည်ဟု UPF က ဆိုသည်။

အလားတူ မန္တလေးမြို့ ပေါက်ကွဲမှုများအနက် ပုသိမ်ကြီးမြို့နယ် လဝကရုံး၌ ယနေ့နံနက် ၇ နာရီခန့်တွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ကာ ချမ်းမြသာစည်မြို့နယ် MIIT ကျောင်းရှေ့ပေါက်ကွဲမှုမှာလည်း လဝကရုံးပေါက်ကွဲမှုနှင့် မရှေးမ နှောင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ပေါက်ကွဲမှုဖြစ်စဥ်များကြောင့် လဝကရုံးအဆောက်အအုံနှင့် ကားနှစ်စီးထိ ခိုက်ပျက်စီးပြီး လူထိခိုက်မှုရှိ၊ မရှိကိုမူ စုံစမ်းဆဲဖြစ်ကာ အသေးစိပ်မသိရသေးပေ။

ဆက်စပ်သတင်းများ

အတွေးအမြင်

Tiktok အကောင့်တွေ ဖွင့်လိုက်တိုင်း ပျက်ပျက်သွားလို့ စိတ်အနှောင့်အယှက်ကြီးစွာ ကြုံနေရတဲ့ သင်္ကန်းဝတ် ပျူခေါင်းဆောင် ပေါက်ကိုယ်တော်ဟာ ဒီတခါမှာတော့ Tiktok အကောင့်ပျက်တာထက် ဆိုးရွားတဲ့ ခံစားမှုတစ်ခုကို ရရှိနေပုံရပါတယ်။ အဲဒါကတော့ မန္တလေးမှာ သောင်းကျန်းနေတဲ့ သူ့ရဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်ဆက်မသုံးဖို့ ပြင်းပြင်းထန်ထန် တားမြစ်လိုက်တာပါ။

သတင်း

မန္တလေးမြို့မှာ မီးသတ်ကယ်ဆယ်ရေးယာဉ်ရဲ့ စက်သုံးဆီဝယ်ယူခွင့် QR ကို ပွားကာ စက်သုံးဆီ လိမ်လည်ထုတ်ယူသွားကြောင်း သတင်းရရှိပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြိုနယ်နှစ်ခုမှာ ဒီရက်ပိုင်းအတွင်း ယာဉ်တိုက်မှုကြောင့် အမျိုးသမီး ၂ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

Facebook