Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်​​ကောင်စီ၏ ကပစမြိုင်စက်ရုံကို PDF ​ရှော့ဒုံးဖြင့်ပစ်

ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ PPDF မှမြေပြင် တိုက်ခိုက်ရေးအဖွဲ့‌‌ ခေါင်းဆောင် ဗိုလ်သိင်္ခနှင့်အဖွဲ့၀င်များသည် ဇန်နဝါရီလ ၄ ရက် ည ၈နာရီချိန်ခန့်ကလည်း ပခုက္ကူမြို့ရှိ တပ်မ(၁၀၁)အတွင်းသို့ ရှော့ဒုံး (၂)လုံးဖြင့်ပစ်ခတ်တိုက်ခတ်ခဲ့သေးသည်။

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ စစ်လက်နက်ဆက်စပ်ပစ္စည်းများ ထုတ်လုပ်‌နေသည့် ကာကွယ်ရေးပစ္စည်းထုတ်လုပ်​ရေးစက်ရုံ(မြိုင်)အား ရှော့ဒုံး(၂)လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့( ဇန်နဝါရီ ၈ ရက်)နံနက် ၇း၀၀ နာရီဝန်းကျင်ခန့် အချိန်က အကြမ်းဖက်စစ်ကောင်စီအတွက် စစ်လက်နက်ဆက်စပ်ပစ္စည်းများ ထုတ်လုပ်‌လျက်ရှိသော ကာကွယ်ရေးစက်ရုံ(မြိုင်)၊ ဒေသအခေါ် လှည်းပွဲစက်ရုံ အား ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ PPDFနှင့် မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တို့ပူးပေါင်း၍ ရှော့ဒုံး(၂)လုံးဖြင့် ပစ်ခတ်ဖျက်စီးတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း PPDFက အသိပေးသည်။

ထိုကဲ့သို့ပစ်ခတ်ပြီး ပူးပေါင်းအဖွဲ့များ‌အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပါကြောင်းနှင့် ထိခိုက်ပျက်စီးမှု အခြေ အနေအား အသေးစိတ်စုံစမ်း‌ဆဲဖြစ်ပါကြောင်းPPDFက သတင်းထုတ်ပြန်သည်။

ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ PPDF မှမြေပြင် တိုက်ခိုက်ရေးအဖွဲ့‌‌ ခေါင်းဆောင် ဗိုလ်သိင်္ခနှင့်အဖွဲ့၀င်များသည် ဇန်နဝါရီလ ၄ ရက် ည ၈နာရီချိန်ခန့်ကလည်း ပခုက္ကူမြို့ရှိ တပ်မ(၁၀၁)အတွင်းသို့ ရှော့ဒုံး (၂)လုံးဖြင့်ပစ်ခတ်တိုက်ခတ်ခဲ့သေးသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။

သတင်း

ဧပြီ ၂၀ရက်တွင် ဆီဆိုင်မြို့နယ် နားခိုက်ကျေးရွာရှိ PNLO ဒုဥက္ကဋ္ဌ(၂)ဖြစ်သူဗိုလ်မှူးချုပ်ခွန်ကျော်ထင်၏ မိသားစုပိုင်နေအိမ်၊ PNLAရဲဘော်အချို့ မိဘပိုင်နေအိမ်နှင့် ပြည်သူအချို့၏ နေအိမ်များကို PNO ပြည်သူ့ စစ်က ဖြိုချဖျက်ဆီးကာ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။