Connect with us

Hi, what are you looking for?

News

စစ်​​ကောင်စီ၏ ကပစမြိုင်စက်ရုံကို PDF ​ရှော့ဒုံးဖြင့်ပစ်

ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ PPDF မှမြေပြင် တိုက်ခိုက်ရေးအဖွဲ့‌‌ ခေါင်းဆောင် ဗိုလ်သိင်္ခနှင့်အဖွဲ့၀င်များသည် ဇန်နဝါရီလ ၄ ရက် ည ၈နာရီချိန်ခန့်ကလည်း ပခုက္ကူမြို့ရှိ တပ်မ(၁၀၁)အတွင်းသို့ ရှော့ဒုံး (၂)လုံးဖြင့်ပစ်ခတ်တိုက်ခတ်ခဲ့သေးသည်။

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ စစ်လက်နက်ဆက်စပ်ပစ္စည်းများ ထုတ်လုပ်‌နေသည့် ကာကွယ်ရေးပစ္စည်းထုတ်လုပ်​ရေးစက်ရုံ(မြိုင်)အား ရှော့ဒုံး(၂)လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့( ဇန်နဝါရီ ၈ ရက်)နံနက် ၇း၀၀ နာရီဝန်းကျင်ခန့် အချိန်က အကြမ်းဖက်စစ်ကောင်စီအတွက် စစ်လက်နက်ဆက်စပ်ပစ္စည်းများ ထုတ်လုပ်‌လျက်ရှိသော ကာကွယ်ရေးစက်ရုံ(မြိုင်)၊ ဒေသအခေါ် လှည်းပွဲစက်ရုံ အား ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ PPDFနှင့် မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တို့ပူးပေါင်း၍ ရှော့ဒုံး(၂)လုံးဖြင့် ပစ်ခတ်ဖျက်စီးတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း PPDFက အသိပေးသည်။

ထိုကဲ့သို့ပစ်ခတ်ပြီး ပူးပေါင်းအဖွဲ့များ‌အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပါကြောင်းနှင့် ထိခိုက်ပျက်စီးမှု အခြေ အနေအား အသေးစိတ်စုံစမ်း‌ဆဲဖြစ်ပါကြောင်းPPDFက သတင်းထုတ်ပြန်သည်။

ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ PPDF မှမြေပြင် တိုက်ခိုက်ရေးအဖွဲ့‌‌ ခေါင်းဆောင် ဗိုလ်သိင်္ခနှင့်အဖွဲ့၀င်များသည် ဇန်နဝါရီလ ၄ ရက် ည ၈နာရီချိန်ခန့်ကလည်း ပခုက္ကူမြို့ရှိ တပ်မ(၁၀၁)အတွင်းသို့ ရှော့ဒုံး (၂)လုံးဖြင့်ပစ်ခတ်တိုက်ခတ်ခဲ့သေးသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။