Connect with us

Hi, what are you looking for?

News

ပဲခူးမြို့ရှောင်လမ်းတွင် စစ်ကောင်စီတပ်ကား သုံးစီး မိုင်းခွဲတိုက်ခိုက်ခံရ၊ ထိခိုက်မှုရှိဟု ပဲခူး PDFထုတ်ပြန်

“ဟုတ်ကဲ့ ကျွန်တော်တို့ အထိအခိုက်သိရတာနဲ့ ပြောပေးပါမယ်ခင်ဗျ။ လောလောဆယ်တော့ အထိအခိုက်အခြေ အနေ မသိရသေးပါဘူး”ဟု PDF(Bago)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

(ပဲခူးမြို့တစ်​နေရာကို ပြီးခဲ့သည့်လပိုင်းက ​တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

ပဲခူးမြို့ရှောင်လမ်းတွင် စစ်ကောင်စီတပ်မှ ကားသုံးစီးကို မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း People Defence Force – Bagoက ယနေ့ (ဇန်နဝါရီ ၈)ထုတ်ပြန်သည်။

အဆိုပါတိုက်ခိုက်မှုကို ပဲခူးမြို့ရှောင်လမ်း နဂဝံနှင့် ပြင်စည်ကြားတွင် ဇန်နဝါရီ ၆ရက်က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ ထိခိုက်မှုရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“ဟုတ်ကဲ့ ကျွန်တော်တို့ အထိအခိုက်သိရတာနဲ့ ပြောပေးပါမယ်ခင်ဗျ။ လောလောဆယ်တော့ အထိအခိုက်အခြေ အနေ မသိရသေးပါဘူး”ဟု PDF(Bago)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၎င်းတို့အဖွဲ့နေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်ကို ခုခံတော်လှန်ရင်း ပြီးခဲ့သည့် ဒီဇင်ဘာအတွင်းက ပဲခူး (ပကဖ)နှင့် မဟာမိတ်အင်အားစုများ၏ ရဲဘော် ၁၈ဦး အဖမ်းခံခဲ့ရကြောင်း အထက်ပါတာဝန်ရှိသူက အတည်ပြုသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် ပဲခူးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီအား ခုခံတိုက်ခိုက်မည့် တော်လှန်ရေး Mission များကို အင်အားများထပ်မံစုစည်းကာ အရေးတော်ပုံကြီး အောင်မြင်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု PDF(Bago)က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook