Connect with us

Hi, what are you looking for?

LuduNwayOo

News

ဇီးအုပ်စိုက်ပျိုးရေးစခန်းကို လက်ပစ်ဗုံးပစ်၍ ဖောက်ခွဲတိုက်ခိုက်ခဲ့ဟု ပြည် PDF ထုတ်ပြန်

ဇန်နဝါရီ ၈ ရက် ညနေ ၄ နာရီခွဲတွင် ဇီးအုပ်စိုက်ပျိုးရေးစခန်းဝန်းအတွင်းရှိ တောင်သူလယ်သမား သင်တန်း ကျောင်း ဆင်ဝင်အောက်ကို လက်ပစ်ဗုံးပစ်၍ ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း ပြည်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က သတင်းထုတ်ပြန်သည်။

People's Spring
People's Spring

ပြည်မြို့နယ် ဇီးအုပ်စိုက်ပျိုးရေးစခန်းဝင်းအတွင်းသို့ လက်ပစ်ဗုံးပစ်၍ ဖောက်ခွဲခဲ့ကြောင်း ပြည်မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

ဇန်နဝါရီ ၈ ရက် ညနေ ၄ နာရီခွဲတွင် ဇီးအုပ်စိုက်ပျိုးရေးစခန်းဝန်းအတွင်းရှိ တောင်သူလယ်သမား သင်တန်း ကျောင်း ဆင်ဝင်အောက်ကို လက်ပစ်ဗုံးပစ်၍ ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း ပြည်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က သတင်းထုတ်ပြန်သည်။

“ထိုအဆောက်အဦတွင် လာမည့် (၁၀.၁.၂၀၂၂)ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီ၏ စိုက်မွေးဆည် ပြည်ထောင်စု ဒုတိယဝန်ကြီးနှင့် တိုင်းဒေသကြီး စိုက်မွေးဆည် ဝန်ကြီး လာရောက်မည်ဟု သတင်း ရရှိသောကြောင့် သတိပေးဖေါက်ခွဲခြင်းဖြစ်ပါသည်။”ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ပြည်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့သည် အကြမ်းဖက်စစ်ကောင်စီ၏ အုပ်ချုပ်ရေးပိုင်းကိုနည်းလမ်း အမျိုးမျိုးဖြင့် ဟန့်တားဖြတ်တောက်လျှက်ရှိပြီး ပြည်သူလူထုကို ထိခိုက်မှုမရှိအောင် သတိထားဆောင်ရွက်လျှက် ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

တိုက်ခိုက်ခံရပြီးနောက် လျှော်ဖြူကျေးရွာသို့ ရွာကြီးရွာမှ စစ်ကောင်စီတပ်သားများ လာရောက်အင်အားဖြည့်ထားကြောင်း ဒေသခံများက ပြောသည်။

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။