Connect with us

Hi, what are you looking for?

LuduNwayOo

News

က​လေးမြို့နယ်လျှပ်စစ်ဌာနမှ ဦးစီးမှူး ရုံးခန်းအတွင်းသေနတ်ဖြင့်ပစ်သတ်ခံရခြင်းဖြစ်

ထပ်မံရရှိသည့် သတင်းအရ သေနတ်ဖြင့်ပစ်သတ်ခံရသူမှာ ကလေးမြို့တွင် မီတာခများ မရမနေရ ကောက်ယူရန် နေပြည်တော်ရုံးချုပ်မှ တာဝန်ပေးလိုက်သည့် ညွှန်မှုးအဆင့်ရှိသူဖြစ်သည်ဟု ဒေသခံများကပြောသည်။

မီတာခကို Non CDM ဝန်ထမ်းများက စစ်​ကောင်စီတပ်သားများနှင့်အတူ သေနတ်မောင်းတင်ကောက်ယူခဲ့
သည့် ကလေးမြို့မှ လျှပ်စစ်ဌာနမြို့နယ်ဦးစီးမှူးသည် ယနေ့ ညနေ ၄ နာရီခန့်တွင် ရုံးခန်းအတွင်းမှာပင်သေနတ်ဖြင့် ပစ်သတ်ခံရ​ကြောင်း ဒေသခံများကပြောသည်။

ထပ်မံရရှိသည့် သတင်းအရ သေနတ်ဖြင့်ပစ်သတ်ခံရသူမှာ ကလေးမြို့တွင် မီတာခများ မရမနေရ ကောက်ယူရန် နေပြည်တော်ရုံးချုပ်မှ တာဝန်ပေးလိုက်သည့် ညွှန်မှုးအဆင့်ရှိသူဖြစ်သည်ဟု ဒေသခံများကပြောသည်။

ယ​နေ့ည​နေတွင်အမျိုးသားအချို့က မီတာဆောင်မည့်ကိစ္စဆွေးနွေးလိုကြောင်း ဝန်ထမ်းတစ်ဦးအား အသိပေးပြီး အထက်ပါအရာရှိနှင့် တွေ့ဆုံစကားပြောခဲ့သည်။စကားပြောပြီးနောက် သေနတ်ဖြင့် သုံးချက်ပစ်ကာထွက်သွားခြင်းဟုဌာနဆိုင်ရာဝန်ထမ်းတစ်ဦးကပြောသည်။

“လျှပ်စစ်ညွှန်မှုးကနားထင်တစ်ချက်၊ရင်ဘတ်တစ်ချက် ၊ဗိုက်တစ်ချက် သုံးချက် အပစ်ခံရတာ။ ဧည့်သည်လာတယ်ဆိုလို့ အိမ်ကနေ ရုံးကိုလာပြီး ရုံးခန်ထဲမှာတွေ့ကြတာ။
စကားပြောရင်း အထဲတင် ပစ်ထားပြီး ထွက်သွားတာ” ဟု အထက်ပါဝန်ထမ်းကပြောသည်။

သေဆုံးသူရုပ်အလောင်းကို ယနေ့ ညနေ ၅ နာရီခန့်တွင် ဆေးရုံသို့ သယ်ဆောင်သွားသည်။