Connect with us

Hi, what are you looking for?

News

က​လေးမြို့နယ်လျှပ်စစ်ဌာနမှ ဦးစီးမှူး ရုံးခန်းအတွင်းသေနတ်ဖြင့်ပစ်သတ်ခံရခြင်းဖြစ်

ထပ်မံရရှိသည့် သတင်းအရ သေနတ်ဖြင့်ပစ်သတ်ခံရသူမှာ ကလေးမြို့တွင် မီတာခများ မရမနေရ ကောက်ယူရန် နေပြည်တော်ရုံးချုပ်မှ တာဝန်ပေးလိုက်သည့် ညွှန်မှုးအဆင့်ရှိသူဖြစ်သည်ဟု ဒေသခံများကပြောသည်။

မီတာခကို Non CDM ဝန်ထမ်းများက စစ်​ကောင်စီတပ်သားများနှင့်အတူ သေနတ်မောင်းတင်ကောက်ယူခဲ့
သည့် ကလေးမြို့မှ လျှပ်စစ်ဌာနမြို့နယ်ဦးစီးမှူးသည် ယနေ့ ညနေ ၄ နာရီခန့်တွင် ရုံးခန်းအတွင်းမှာပင်သေနတ်ဖြင့် ပစ်သတ်ခံရ​ကြောင်း ဒေသခံများကပြောသည်။

ထပ်မံရရှိသည့် သတင်းအရ သေနတ်ဖြင့်ပစ်သတ်ခံရသူမှာ ကလေးမြို့တွင် မီတာခများ မရမနေရ ကောက်ယူရန် နေပြည်တော်ရုံးချုပ်မှ တာဝန်ပေးလိုက်သည့် ညွှန်မှုးအဆင့်ရှိသူဖြစ်သည်ဟု ဒေသခံများကပြောသည်။

ယ​နေ့ည​နေတွင်အမျိုးသားအချို့က မီတာဆောင်မည့်ကိစ္စဆွေးနွေးလိုကြောင်း ဝန်ထမ်းတစ်ဦးအား အသိပေးပြီး အထက်ပါအရာရှိနှင့် တွေ့ဆုံစကားပြောခဲ့သည်။စကားပြောပြီးနောက် သေနတ်ဖြင့် သုံးချက်ပစ်ကာထွက်သွားခြင်းဟုဌာနဆိုင်ရာဝန်ထမ်းတစ်ဦးကပြောသည်။

“လျှပ်စစ်ညွှန်မှုးကနားထင်တစ်ချက်၊ရင်ဘတ်တစ်ချက် ၊ဗိုက်တစ်ချက် သုံးချက် အပစ်ခံရတာ။ ဧည့်သည်လာတယ်ဆိုလို့ အိမ်ကနေ ရုံးကိုလာပြီး ရုံးခန်ထဲမှာတွေ့ကြတာ။
စကားပြောရင်း အထဲတင် ပစ်ထားပြီး ထွက်သွားတာ” ဟု အထက်ပါဝန်ထမ်းကပြောသည်။

Public Service Announcement

Public Service Announcement

သေဆုံးသူရုပ်အလောင်းကို ယနေ့ ညနေ ၅ နာရီခန့်တွင် ဆေးရုံသို့ သယ်ဆောင်သွားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ ဒုရဲမှူးတစ်ဦးကို စစ်တပ်က သေနတ်နဲ့ ပစ်သတ်ပြီး ရုပ်အလောင်း ဖျောက်ဖျက်ဖို့ ကြိုးစားနေတယ်လို့ ရေဦးမြို့အဝင်က စစ်ကောင်စီရဲ့ကြာပန်းစစ်ဆေးရေးဂိတ်နဲ့ နီးစပ်သူက ပြောပါတယ်။

သတင်း

ဖားကန့်၊လုံးခင်းကျေးရွာအုပ်စုထဲမှာတိုက်ပွဲဖြစ်ပွားနေချိန် ပိတ်မိနေတဲ့အရပ်သားတွေထဲက ၂ ဦးကို အာဏာသိမ်းစစ်တပ်ကပစ်သတ်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

​စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က ထနောင်းတောကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး ဒေသခံလူငယ် ၂ဦးကို ပစ်သတ်ကာ နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ ဂိမ်းစက် သိမ်းသွားတဲ့ ဖခင်ကို အသက် ၁၁ နှစ်အရွယ် သားဖြစ်သူက သေနတ်နဲ့ ပစ်သတ်လိုက်ကြောင်း သိရပါတယ်။