ရန်ကုန်မြို့ တောင်ဒဂုံ (၂၂)ရပ်ကွက် ကွေ့မအိမ်ရာမှ စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုက်ရေးအဖွဲ့ကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Yangon Revoluation Group (YRG)က ထုတ်ပြန်သည်။
ယမန်နေ့(ဇန်နဝါရီ ၉)ညနေ ၅ နာရီခန့်က ကွေ့မအိမ်ရာ အုပ်ချုပ်ရေးမှူးရုံး၌ စာရင်းများပြုလုပ်နေသည့် အုပ်ချုပ်ရေးအဖွဲ့အား ဝင်ရောက်ပစ် ခတ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
အဆိုပါပစ်ခတ်မှုဖြစ်စဥ်တွင် သေနတ်ပစ်သံ ၆ ချက်ခန့်ကြားရပြီး စစ်ကောင်စီ၏ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး ကျောနှင့်ဝန်းဗိုက်တို့တွင် ကျည်ထိမှန်ကာ တုံးလုံးလဲနေသည်ကိုတွေ့ရကြောင်း ဒေသခံများက ပြောသည်။
“ ဖြစ်တာက ကွေ့မအိမ်ရာ အုပ်ချုပ်ရေးမှူးရုံး၊ သေလားမသိဘူး တုံးလုံးကြီး” ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement
ပစ်ခတ်တိုက်ခိုက်ခံရမှုတွင် ကွေ့မအုပ်ချုပ်ရေးမှူး လွတ်မြောက်ခဲ့သော်လည်း ၎င်း၏အဖွဲ့ဝင်နှစ်ဦး သေနတ်ဒဏ်ရာများရရှိကာ ဆေးရုံပို့ထားပြီး သေဆုံးမှုရှိ၊ မရှိမသိရသေးပေ။
ယမန်နေ့(ဇန်နဝါရီ ၉)ည ၇ နာရီကျော်ကလည်းတောင်ဒဂုံမြို့နယ် (၁၀၇)ရပ်ကွက်နှင့် (၇၂) ရပ် ကွက်ကြား ဗန္ဓုလမ်းလမ်းပေါ်တွင် လူငယ်နှစ်ဦးစီးလာသည့် ဆိုင်ကယ်တစ်စီး ပေါက်ကွဲမှုဖြစ်ကာ တစ်ဦးသေဆုံးခဲ့သည်။















































