Connect with us

Hi, what are you looking for?

News

တောင်ဒဂုံမှ စစ်ကောင်စီခန့် ကွေ့မအိမ်ရာအုပ်ချုပ်ရေးအဖွဲ့ ပစ်ခတ်တိုက်ခိုက်ခံရ၊ နှစ်ဦးကျည်ထိ

ပစ်ခတ်တိုက်ခိုက်ခံရမှုတွင် ကွေ့မအုပ်ချုပ်ရေးမှူး လွတ်မြောက်ခဲ့သော်လည်း ၎င်း၏အဖွဲ့ဝင်နှစ်ဦး သေနတ်ဒဏ်ရာများရရှိကာ ဆေးရုံပို့ထားပြီး သေဆုံးမှုရှိ၊ မရှိမသိရသေးပေ။

ရန်ကုန်မြို့ တောင်ဒဂုံ (၂၂)ရပ်ကွက် ကွေ့မအိမ်ရာမှ စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုက်ရေးအဖွဲ့ကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Yangon Revoluation Group (YRG)က ထုတ်ပြန်သည်။

ယမန်နေ့(ဇန်နဝါရီ ၉)ညနေ ၅ နာရီခန့်က ကွေ့မအိမ်ရာ အုပ်ချုပ်ရေးမှူးရုံး၌ စာရင်းများပြုလုပ်နေသည့် အုပ်ချုပ်ရေးအဖွဲ့အား ဝင်ရောက်ပစ် ခတ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါပစ်ခတ်မှုဖြစ်စဥ်တွင် သေနတ်ပစ်သံ ၆ ချက်ခန့်ကြားရပြီး စစ်ကောင်စီ၏ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး ကျောနှင့်ဝန်းဗိုက်တို့တွင် ကျည်ထိမှန်ကာ တုံးလုံးလဲနေသည်ကိုတွေ့ရကြောင်း ဒေသခံများက ပြောသည်။

“ဖြစ်တာက ကွေ့မအိမ်ရာ အုပ်ချုပ်ရေးမှူးရုံး၊ သေလားမသိဘူး တုံးလုံးကြီး”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ပစ်ခတ်တိုက်ခိုက်ခံရမှုတွင် ကွေ့မအုပ်ချုပ်ရေးမှူး လွတ်မြောက်ခဲ့သော်လည်း ၎င်း၏အဖွဲ့ဝင်နှစ်ဦး သေနတ်ဒဏ်ရာများရရှိကာ ဆေးရုံပို့ထားပြီး သေဆုံးမှုရှိ၊ မရှိမသိရသေးပေ။

ယမန်နေ့(ဇန်နဝါရီ ၉)ည ၇ နာရီကျော်ကလည်းတောင်ဒဂုံမြို့နယ် (၁၀၇)ရပ်ကွက်နှင့် (၇၂) ရပ် ကွက်ကြား ဗန္ဓုလမ်းလမ်းပေါ်တွင် လူငယ်နှစ်ဦးစီးလာသည့် ဆိုင်ကယ်တစ်စီး ပေါက်ကွဲမှုဖြစ်ကာ တစ်ဦးသေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

အထိနာနေတဲ့ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တိုက်ပွဲမှာ စစ်တပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ၄ဦး ထပ်မံ သေဆုံးသွားပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook