Connect with us

Hi, what are you looking for?

News

မန္တလေးမှာ ရထားလမ်းပေါက်ကွဲမှုဖြစ်ပြီးနောက် အနီးပတ်ဝန်းကျင်က ကျုးကျော်တွေကိုဘူဒိုဇာနဲ့စစ်ကောင်စီ ရှင်းလင်း

စစ်ကောင်စီဟာ မန္တလေးမှာ ရထားသံလမ်းဘေးက ကျုး ၊ လမ်းဘေးကျုးတွေကို ဆက်တိုက်ရှင်းလင်းတာတွေလုပ်နေတာလည်းဖြစ်ပါတယ်။

မန္တလေး − လားရှိုးရထားလမ်းပိုင်း ပေါက်ကွဲမှု ဖြစ်ပြီးတဲ့နောက် အနီးပတ်ဝန်းကျင် သံလမ်းဘေးက ကျုးကျော်တဲတွေကို စစ်ကောင်စီဟာ နေ့တွင်းချင်း ဘူဒိုဇာနဲ့ထိုးပြီး ဖယ်ရှားလိုက်တယ်လို့သိရပါတယ်။

မနေ့က ဇန်နဝါရီလ ၉ ရက်မနက်ပိုင်းက ကျုးကျော်ရှင်းလင်းရေးအဖွဲ့တွေလိုက်ပါလာတဲ့ ရထားတွဲဟာ မန္တလေး − လားရှိုး ရထားလမ်းပိုင်းမှာ ပေါက်ကွဲမှု ၂ ကြိမ်ကြုံခဲ့တာပါ။

ပေါက်ကွဲမှုဖြစ်တာကတော့ မန္တလေး ၊ပြည်ကြီးတံခွန်မြို့နယ်ထဲမှာဖြစ်ပါတယ်။

အဲဒီနောက် ညနေပိုင်းမှာတင် စစ်ကောင်စီဟာ အနားပတ်ဝန်းကျင်က ကျုးကျော်တဲတွေကို ရှင်းပစ်ခဲ့တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

အင်အားအလုံးအရင်းနဲ့ လာရောက်ရှင်းလင်းတာဖြစ်လို့ နေအိမ်ထဲက ပစ္စည်းတွေတောင်ယူချိန်မရလိုက်ဘူးလို့သိရပါတယ်။

“မနက်ခင်းမှာ ဗုံးပေါက်သွားတာကြောင့်နေမယ်၊ ညနေလောက်ကျရောက်ချလာပြီး ဘူဒိုဇာတွေနဲ့အကုန်ထိုးချသွားတာ၊ သေနတ်တွေနဲ့ဆိုတော့ ဘာမှမပြောရဲဘူး ဒီတိုင်းကြည့်နေလိုက်ရတယ်၊အချိန်က မကြာလိုက်ဘူး၊ ရောက်ရောက်ရှင်းရှင်း လုပ်ချသွားတာ”လို့ မျက်မြင်တွေ့ရှိသူတစ်ဦးကပြောပါတယ်။

စစ်ကောင်စီဟာ မန္တလေးမှာ ရထားသံလမ်းဘေးက ကျုး ၊ လမ်းဘေးကျုးတွေကို ဆက်တိုက်ရှင်းလင်းတာတွေလုပ်နေတာလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ဒေးဝန်းအနောက်ဘက် သင်္ဂဇာချောင်းအနီးမှာအမျိုးသမီးရုပ်အလောင်းကို ဒီနေ့ (စက်တင်ဘာလ ၁၆ ရက်) မနက်ပိုင်းက ဒေသခံတွေတွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ လင်မယား၂ဦး နေအိမ်အတွင်း သတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

မန္တလေးမြို့အဝင်တံခွန်တိုင်အဝိုင်းပတ်ကို အဝေးပြေးကားတွေဝင်လိုက်တာနဲ့ Welcome To Mandalay ဆိုတဲ့ ဆိုင်းဘုတ်နဲ့အတူလမ်းပေါ်မှာသုံးဘီးယာဥ်တွေကိုအများအပြားမြင်လိုက်ရပါတယ်။တချိန်က စက်ဘီးမြို့တော်၊ ဆိုင်ကယ်မြို့တော်ဆိုတဲ့ အမည်နာမအမျိုးမျိုးတွင်ခဲ့တဲ့ မန္တလေးမြို့ဟာ ယခုအခါမှာတော့ သုံးဘီးမြို့တော်လို့ ခေါ်ဆိုရ​တော့မယ့်အနေအထားပါ။

သတင်း

မန္တလေးမြို့လယ်မှာ အာဏာသိမ်းစစ်တပ် တပ်စွဲထားရာနေရာအနီးက နေအိမ်တစ်အိမ် ဓါးပြတိုက်ခံရပြီး ရွှေတွေနဲ့ ငွေသားတွေ ပါသွားကြောင်း Voice Of Mandalay အဖွဲ့က ပြောပါတယ်။

Facebook