Connect with us

Hi, what are you looking for?

News

မုံရွာအခြေစိုက် နမခ တိုင်းမှူးကို နယ်စပ်ရေးရာဒုတိယဝန်ကြီးအဖြစ် ပြောင်းရွှေ့

နမခ တာဝန်ယူထားတဲ့ ဒေသတွေဟာ စစ်အာဏာသိမ်းမှုကိုအပြင်းထန်ဆုံးဆန့်ကျင်နေပြီး မြေပြင်တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်တွေအထိနာနေတဲ့ဒေသတွေလည်းဖြစ်ပါတယ်။

စစ်ကောင်စီဟာ သူရဲ့အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ( နမခ) တိုင်းမှူးတာဝန်ပေးထားသူ ဗိုလ်မှူးချုပ် ဖြိုးသန့်ကို နယ်စပ်ရေးရာဒုတိယဝန်ကြီးအဖြစ် ပြောင်းရွှေ့လိုက်တယ်လို့ ဒီနေ့မှာ သတင်းထုတ်ပြန်လာပါတယ်။

အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဟာ မုံရွာမှာ အခြေစိုက်တဲ့ တိုင်းစစ်ဌာနချုပ် ဖြစ်ပါတယ်။

နမခဟာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ ချင်းပြည်နယ် နဲ့ထိစပ်နေတဲ့ ဒေသတွေကိုစစ်ဆင်ရေးဆိုင်ရာကိစ္စရပ်တွေ တာဝန်ယူရတဲ့ စစ်ဌာနချုပ်လည်းဖြစ်ပါတယ်။

ဒါပေမယ့် နမခ တာဝန်ယူထားတဲ့ ဒေသတွေဟာ စစ်အာဏာသိမ်းမှုကိုအပြင်းထန်ဆုံးဆန့်ကျင်နေပြီး မြေပြင်တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်တွေအထိနာနေတဲ့ဒေသတွေလည်းဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် အဲဒီဒေသတွေကို စစ်ကောင်စီဟာ အနော်ရထာစစ်ဆင်ရေးလို့အမည်ပေးထားတဲ့ စစ်ဆင်ရေးနဲ့ဒေသကာကွယ်ရေးတပ်တွေကို ချေမှုန်းဖို့ ကြိုးပမ်းနေတာလည်းအရေးနိမ့်နေတာပါ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ လူတစ်စုက အိမ်ခြံမြေပွဲစားတစ်ဦးကို အိမ်လိုက်ပြခိုင်းပြီး ဓါးနဲ့ခုတ်သတ်သွားကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်လက်အောက်ခံ စည်ပင်ဌာနက လမ်းဘေးစျေးသည်တွေကို ရှင်းလင်းရာမှာ လိုင်းကြေးမပေးနိုင်တဲ့ စျေးသည်တွေကို အဓိက ဖယ်ရှားနေကြောင်း မြို့ခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့က ဒုရဲအုပ်လင််မယား ပစ်သတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

သတင်း

မုံရွာမြို့မှာ ဩဂုတ်၃၀ရက် ညက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အသက် ၈၀ ကျော်အရွယ် အဘိုးအို ၁ ဦး နေအိမ်အတွင်းပိတ်မိပြီး မီးလောင်သေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။