စစ်ကောင်စီဟာ သူရဲ့အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ( နမခ) တိုင်းမှူးတာဝန်ပေးထားသူ ဗိုလ်မှူးချုပ် ဖြိုးသန့်ကို နယ်စပ်ရေးရာဒုတိယဝန်ကြီးအဖြစ် ပြောင်းရွှေ့လိုက်တယ်လို့ ဒီနေ့မှာ သတင်းထုတ်ပြန်လာပါတယ်။
အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဟာ မုံရွာမှာ အခြေစိုက်တဲ့ တိုင်းစစ်ဌာနချုပ် ဖြစ်ပါတယ်။
နမခဟာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ ချင်းပြည်နယ် နဲ့ထိစပ်နေတဲ့ ဒေသတွေကိုစစ်ဆင်ရေးဆိုင်ရာကိစ္စရပ်တွေ တာဝန်ယူရတဲ့ စစ်ဌာနချုပ်လည်းဖြစ်ပါတယ်။
ဒါပေမယ့် နမခ တာဝန်ယူထားတဲ့ ဒေသတွေဟာ စစ်အာဏာသိမ်းမှုကိုအပြင်းထန်ဆုံးဆန့်ကျင်နေပြီး မြေပြင်တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်တွေအထိနာနေတဲ့ဒေသတွေလည်းဖြစ်ပါတယ်။
ဒါ့အပြင် အဲဒီဒေသတွေကို စစ်ကောင်စီဟာ အနော်ရထာစစ်ဆင်ရေးလို့အမည်ပေးထားတဲ့ စစ်ဆင်ရေးနဲ့ဒေသကာကွယ်ရေးတပ်တွေကို ချေမှုန်းဖို့ ကြိုးပမ်းနေတာလည်းအရေးနိမ့်နေတာပါ။