Connect with us

Hi, what are you looking for?

News

ပုလဲတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်ဟောပြောပွဲများ ပိုမိုအားကောင်းလာ

လက်ရှိ ပုလဲမြို့နယ်တွင် သပိတ်စစ်ကြောင်းများ၊ လူထုသပိတ်များ ရှိလာခြင်းသည် လူထုအနေဖြင့် နိုင်ငံရေးအရ ရော၊ လက်နက်ကိုင်လမ်းစဥ်ကိုပါ ဟန်ချက်ညီညီ အားကောင်းကောင်းနှင့်ပုံဖော်လာကြောင်း ပိုညီညွတ်လာ ကြောင်း ပြသနေသည်။

ဓာတ်ပုံ - မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ပုလဲမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး လူထု သပိတ်ဟောပြောပွဲများ ပိုမိုအားကောင်းလာကာ ယမန်နေ့ (ဇန်နဝါရီ ၁၀ရက်) ညပိုင်းကလည်း ဆက်လက် ကျင်းပခဲ့ပြီး ဒေသခံပြည်သူအများစု တက်ရောက်ခဲ့သည်။

“မနေ့က ပုလဲမြို့နယ်တွင်းက ကျေးရွာတစ်ရွာကို စစ်ကောင်စီဟာ လေကြောင်းကနေ ဝင်ရောက်ပစ်ခတ် စီးနင်းပြီး ပြည်သူလူထုကို ရက်ရက်စက်စက် ဖိနှိပ်သတ်ဖြတ်ခဲ့တယ်။ ဒီနေ့မှာလည်း အဲဒီအနီးအနားက ကျေးရွာတွေကို ဝင်ရောက်ပစ်ခတ်ဖမ်းဆီးသတ်ဖြတ်သာတွေ လုပ်ဆောင်နေပါတယ်။ လူထုအနေနဲ့ ဒီလို ဒုက္ခဆိုးကြီးတွေကို ခက်ခက်ခဲခဲ ရင်ဆိုင်အံတုပြီး စနစ်တကျ ဘက်ပေါင်းစုံကနေ ခုခံကာကွယ်နေကြရတယ်။ အခက်အခဲတွေ၊ ဖိနှိပ်မှုတွေကြုံရပေမယ့် ပြည်သူလူထုဟာ “သွေးအေးမသွားဘူး၊ ဖိရင်ကြွမယ်၊ ထိရင်ချမယ်၊ စစ်ခွေးသွေးနဲ့ခြေဆေးမယ်၊ သွေးကြေးတွေကို အကြေဆပ်မယ်ဆိုတဲ့ သံမဏိစိတ်ဓာတ်”ကို လက်ကိုင်ထားပြီး စစ်ရေးအရကော နိုင်ငံရေးအရကော ဟန်ချက်ညီညီ တွဲလက်ခိုင်မြဲ ချိတ်ဆက်မိမိနဲ့ ဒီနေ့ထိတော်လှန်တိုက်ခိုက် နေတာဖြစ်တယ်”ဟု မုံရွာလူထုသပိတ်တိုက်ပွဲဦး‌ဆောင်ကော်မတီအဖွဲ့ဝင် ကိုသန်းကျော်ဦးက ဟောပြောခဲ့ သည်။

ဓာတ်ပုံ – မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ

လက်ရှိ ပုလဲမြို့နယ်တွင် သပိတ်စစ်ကြောင်းများ၊ လူထုသပိတ်များ ရှိလာခြင်းသည် လူထုအနေဖြင့် နိုင်ငံရေးအရ ရော၊ လက်နက်ကိုင်လမ်းစဥ်ကိုပါ ဟန်ချက်ညီညီ အားကောင်းကောင်းနှင့်ပုံဖော်လာကြောင်း ပိုညီညွတ်လာ ကြောင်း ပြသနေသည်။

ထိုကဲ့သို့ လူထုယုံကြည်မှု မရှိသည့် တော်လှန်ရေး၊ လူထုယုံကြည်မှု မရှိသည့် အဖွဲ့အစည်းသည် ရေရှည်ရပ်တည် လို့မရကြောင်း၊ လူထုသည် တော်လှန်ရေးအပေါ် ရော၊ ပြည်သူ့စစ်သား PDF အပေါ်မှာပါ ယုံယုံကြည်ကြည် ထောက်ခံပြီး ဆက်လက်တိုက်ပွဲဝင်နေခြင်းက အားတက်စရာကောင်းခြင်း ကိုသန်းကျော်ဦးက ပြောကြားခဲ့သည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ – မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ

ပြီးခဲ့သည့် ဇန်နဝါရီ ၈ ရက်နှင့် ၉ရက် ညပိုင်းကလည်း စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်အတွင်းရှိ ယင်းမာပင် မြို့နယ်နှင့်ပုလဲမြို့နယ်တို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တရား ဟောပြောပွဲကျင်းပခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDFများက လုံခြုံရေးစောင့်ရှောက်ခဲ့ကာ လူဦးရေထောင်ချီနီးပါး တက်ရောက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ နိုင်ငံရေးအကျဥ်းသားတွေအားလုံးလွတ်မြောက်ရေး လှုပ်ရှားမှုတွေကို ဒီကနေ့ (ဧပြီ ၁၄)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ရဲ့ တပ်သားသုံးဦး လက်နက်တွေယူလာပြီး အလင်း၀င်လာတယ်လို့ ယင်းမာပင်ခရိုင်တပ်ရင်း(၂၈)တပ်ရင်းမှူး ဗိုလ်စွမ်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ပုလဲမြို့နယ်ထဲမှာ တိုက်ပွဲ​တွေဆက်ပြင်းထန်နေပြီး အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဓာတုဗုံးအသုံးပြုတိုက်ခိုက်​နေပါတယ်။

သတင်း

ပုလဲမြို့နယ်မှာPDF နဲ့ ပကဖပူးပေါင်းတပ်တွေက အာဏာသိမ်းစစ်တပ်စစ်ကြောင်း​တွေကိုကြားဖြတ်တိုက်ခိုက်တာကြောင့် မြေပြင်တိုက်ပွဲပြင်းထန်ခဲ့ပြီးစစ်တပ်ကဂျက်ဖိုက်တာနဲ့ရောပါရာမော်တာနဲ့ပါ ဗုံးကြဲခဲ့ပါတယ်။