Connect with us

Hi, what are you looking for?

News

လွိုင်​​ကော်မြို့​ပေါ် တိုက်​လေယာဥ်ဖြင့်တိုက်ခိုက်မှု ပြည်သူ့အိမ် ၇လုံးမီး​လောင်၊ စ​နေအသင်းဘုရားကျောင်းမထိ

စစ်ကောင်စီက လွိုင်ကော်မြို့ ဒေါအူခူနှင့်မိုင်းလုံးရပ်ကွက်ကို ဇန်နဝါရီ ၁၁ရက် ညနေ ၅ နာရီ မိနစ် ၄၀ တွင် တိုက်လေယာဥ်ဖြင့် ကိုးကြိမ်တိုင်သွားရောက်တိုက်ခိုက်ခဲ့သည်။

(လွိုင်​ကော်မြို့​ပေါ် ​လေယာဥ်​ပေါ်မှတိုက်ခိုက်ခံရ၍အိမ်အချို့မီး​လောင်စဥ်)

ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော်မြို့ပေါ်အား အကြမ်းဖက်စစ်ကောင်စီက ယမန်​နေ့( ဇန်နဝါရီ ၁၁)ည​နေတွင် တိုက်​လေယာဥ်များဖြင့် တိုက်ခိုက်ခဲ့သဖြင့် အရပ်သားပြည်သူများ၏အိမ် ၇ လုံး မီးလောင်ပျက်စီးသွားသည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီက လွိုင်ကော်မြို့ ဒေါအူခူနှင့်မိုင်းလုံးရပ်ကွက်ကို ဇန်နဝါရီ ၁၁ရက် ညနေ ၅ နာရီ မိနစ် ၄၀ တွင် တိုက်လေယာဥ်ဖြင့် ကိုးကြိမ်တိုင်သွားရောက်တိုက်ခိုက်ခဲ့သည်။

မိုင်းလုံရပ်ကွက်ရှိ နေအိမ်၇ လုံး မီးလောင်သွားခဲ့ပြီး အရပ်သားများသည် ဘေးလွတ်ရာသို့ တိမ်းရှောင်နေရ​ကြောင်းဒေသခံများက ပြောသည်။

ယမန်နေ့ ည​နေတိုက်ခိုက်မှုတွင် ဒေါဥခူရပ်ကွက်ရှိ စနေအသင်းဘုရားကျောင်းပြိုကျခဲ့ပြီး အရပ်သားများ ပိတ်မိနေသည်ဟု ဒေသခံများကပြောသော်လည်း ယနေ့နံနက် တွင်သွား​​ရောက်ကြည့်ရှုရာ ဘုရားကျောင်းထိခိုက်ခြင်းမရှိခဲ့ဟုဒေါဥခူရပ်ကွက်နေပြည်သူတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

“မနေ့ကပစ်ခတ်ခံနေရတဲ့အချိန်မှာ လူတွေကလည်း ကြောက်နေကြရ။ တစ်ယောက်ကိုတစ်ယောက်လည်း စိတ်ပူနေကြရတော့ သတင်းတွေက အမျိုးမျိုး ထွက်ခဲ့တာ။ ဒီမနက်သွားကြည့်တော့ ဘုရားကျောင်းမထိဘူး။ ဘုရားကျောင်းနားကိုတော့ပစ်တယ်။ အခုတော့ ဘုရားကျောင်းထဲ ဘယ်သူမှမနေရဲကြတော့ဘူး” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ယမန်နေ့က တိုက်ပွဲတွင် စစ်ကောင်စီက ရဟတ်ယာဥ်များပင် မသုံး​တော့ဘဲ တိုက်​လေယာဥ်များဖြင့်တိုက်ခိုက်ခဲ့သော်လည်း စစ်ကောင်စီတပ်အထိနာအောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဘက်က တုန့်ပြန်နိုင်ခဲ့သည်။
ဇန်နဝါရီ ၁၁ ရက်လွိုင်​ကော်မြို့ တိုက်ပွဲတွင်စစ်ကောင်စီတပ်မှ ၂၀ဦး သေဆုံးပြီး သုံးဦးကိုအရှင်ဖမ်း မိခဲ့ကာ၊လက်နက်ကြီး ၊လက်နက်ငယ်၊ခဲယမ်းများကိုလည်းသိမ်းဆည်နိုင်ခဲ့​ကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)က ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က သက်တမ်းနှစ်(၆၀)ကျော်ရှိတဲ့ ဒေါငံခါးရွာက ကက်သလစ်အသင်းတော်ဘုရားကျောင်းကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

နိုင်ငံအနှံ့မှာ ခွဲထွက်ရေး အင်အားစုတွေနဲ့ ဂျီဟတ်ဝါဒီ စစ်သွေးကြွတွေရဲ့ အချိတ်အဆက်မိမိ တိုက်ခိုက်မှုတွေအတွင်း ကာကွယ်ရေးဝန်ကြီး သေဆုံးခဲ့ကြောင်း မာလီ အစိုးရက အတည်ပြုခဲ့ပါတယ်။

သတင်း

​မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် အကျနေ့မှာ စစ်တပ်က စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကို ပါရာမိုတာနဲ့ လေကြောင်းတိုက်ခိုက်လို့ ဒေသခံ ထန်းသမားတစ်ဦး သေဆုံးခဲ့ပါတယ်။