Connect with us

Hi, what are you looking for?

News

စစ်အာဏာသိမ်းပြီးနောက်နှစ်ရှည်ထောင်ဒဏ်ချလိုက်သူအချို့ကို အင်းစိန်ကနေ နယ်ထောင်တွေဆီပြောင်းရွှေ့

အင်းစိန်ထောင်ကနေ နယ်ထောင်ပြောင်းရွှေ့ခံရတဲ့ နှစ်ရှည်ထောင်ဒဏ်ချခံထားရသူတွေဟာ ၁၀ ဦးထက်မနည်းရှိနေတယ်လို့သိရပြီး အများစုဟာ လှိုင်သာယာ က ပါဝင်ပါတယ်။

အင်းစိန်ထောင်ကို ဝေဟင်ကနေတွေ့မြင်ရစဉ်

နှစ်ရှည်ထောင်ဒဏ်ချခံရသူအချို့ကို အင်းစိန်ထောင်ကနေ နယ်ဘက်ထောင်တွေကို စတင်ရွှေ့ပြောင်းနေတယ်လို့သိရပါတယ်။

ဒီလိုရွှေ့ပြောင်းခံရသူတွေဟာ ထောင်ဒဏ် နှစ် ၂၀ ဒါမှမဟုတ် တသက်တကျွန်းချမှတ်ခံရသူတွေဖြစ်ပြီး စစ်အာဏာသိမ်းတာကိုဆန့်ကျင်တဲ့အတွက် ဖမ်းဆီးထောင်ချခံရသူတွေပါတယ်လို့သိရပါတယ်။

အင်းစိန်ထောင်ကနေ နယ်ထောင်ပြောင်းရွှေ့ခံရတဲ့ နှစ်ရှည်ထောင်ဒဏ်ချခံထားရသူတွေဟာ ၁၀ ဦးထက်မနည်းရှိနေတယ်လို့သိရပြီး အများစုဟာ လှိုင်သာယာ က ပါဝင်ပါတယ်။

ပြောင်းရွှေ့လိုက်တဲ့ထောင်တွေကတော့ သရက်ထောင် ၊သာယာဝတီထောင်တွေဖြစ်ပြီး ရှမ်းပြည်နယ် ၊မွန်ပြည်နယ်ဘက်က ထောင်တွေဆီကိုလည်းပို့နေတာပါ။

Public Service Announcement

Public Service Announcement

အင်းစိန်ကနေ နယ်ထောင်တွေကို ပို့ခံရသူတွေရဲ့ မိသားစုဝင်တွေထံ အကျဉ်းဦးစီးက ဆက်သွယ်အသိပေးတာတွေရှိနေပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းကလည်း အင်းစိန်ထောင်တွင်း ဆန္ဒပြမှုတွေဖြစ်လို့ နိုင်ငံရေးပုဒ်မနဲ့ဖမ်းဆီးပြီး ပြစ်ဒဏ် ချလိုက်တဲ့ အမျိုးသမီးတွေကို နယ်ထောင်တွေကိုရွှေ့ပြောင်းတာတွေလုပ်ခဲ့ပါသေးတယ်။

Photo – AFP

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ အိန္ဒိယခရီးစဥ်အပြီးတစ်ပတ်ကျော်အကြာမှာ တရုတ်နိုင်ငံကို နိုင်ငံတော်ခရီးစဥ်(State Visit)သွားရောက်မယ်လို့ သိရပါတယ်။

ဆောင်းပါး

စစ်အာဏာသိမ်းမှုကြောင့် လူ့ဘဝတစ်ခုလုံး စုတ်ပြတ်သွားလိမ့်မယ်လို့ မထင်ခဲ့မိကြောင်း အ သက် ၃၀စွန်းစအရွယ် စာရင်းကိုင်လူငယ်တစ်ဦးက ပြောတယ်။

ဆောင်းပါး

လူထုဒေါ်အမာရဲ့ ၁၂ပွဲဈေးသည်ဆိုတဲ့ စာအုပ်ဟာ စာဖတ်သူ တွေအကြား နာမည်ကြီးလှပါတယ်။

သတင်း

စစ်တပ်တကျော့ပြန် အာဏာသိမ်းထားတဲ့ ငါးနှစ်တာကာလအတွင်း နိုင်ငံတဝှမ်းက အကျဉ်းထောင်တွေမှာ လုံလောက်တဲ့ဆေးဝါးကုသခွင့်မရလို့ ဆုံးပါးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၃၉ ဦး ရှိတယ်လို့ မြန်မာ့အကျဉ်းထောင် သက်သေ (MPW) က ဒီဇင်ဘာ၁၄ရက်မှာ ထုတ်ပြန်ပါတယ်။