Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်အာဏာသိမ်းပြီးနောက်နှစ်ရှည်ထောင်ဒဏ်ချလိုက်သူအချို့ကို အင်းစိန်ကနေ နယ်ထောင်တွေဆီပြောင်းရွှေ့

အင်းစိန်ထောင်ကနေ နယ်ထောင်ပြောင်းရွှေ့ခံရတဲ့ နှစ်ရှည်ထောင်ဒဏ်ချခံထားရသူတွေဟာ ၁၀ ဦးထက်မနည်းရှိနေတယ်လို့သိရပြီး အများစုဟာ လှိုင်သာယာ က ပါဝင်ပါတယ်။

အင်းစိန်ထောင်ကို ဝေဟင်ကနေတွေ့မြင်ရစဉ်

နှစ်ရှည်ထောင်ဒဏ်ချခံရသူအချို့ကို အင်းစိန်ထောင်ကနေ နယ်ဘက်ထောင်တွေကို စတင်ရွှေ့ပြောင်းနေတယ်လို့သိရပါတယ်။

ဒီလိုရွှေ့ပြောင်းခံရသူတွေဟာ ထောင်ဒဏ် နှစ် ၂၀ ဒါမှမဟုတ် တသက်တကျွန်းချမှတ်ခံရသူတွေဖြစ်ပြီး စစ်အာဏာသိမ်းတာကိုဆန့်ကျင်တဲ့အတွက် ဖမ်းဆီးထောင်ချခံရသူတွေပါတယ်လို့သိရပါတယ်။

အင်းစိန်ထောင်ကနေ နယ်ထောင်ပြောင်းရွှေ့ခံရတဲ့ နှစ်ရှည်ထောင်ဒဏ်ချခံထားရသူတွေဟာ ၁၀ ဦးထက်မနည်းရှိနေတယ်လို့သိရပြီး အများစုဟာ လှိုင်သာယာ က ပါဝင်ပါတယ်။

ပြောင်းရွှေ့လိုက်တဲ့ထောင်တွေကတော့ သရက်ထောင် ၊သာယာဝတီထောင်တွေဖြစ်ပြီး ရှမ်းပြည်နယ် ၊မွန်ပြည်နယ်ဘက်က ထောင်တွေဆီကိုလည်းပို့နေတာပါ။

Public Service Announcement

Public Service Announcement

အင်းစိန်ကနေ နယ်ထောင်တွေကို ပို့ခံရသူတွေရဲ့ မိသားစုဝင်တွေထံ အကျဉ်းဦးစီးက ဆက်သွယ်အသိပေးတာတွေရှိနေပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းကလည်း အင်းစိန်ထောင်တွင်း ဆန္ဒပြမှုတွေဖြစ်လို့ နိုင်ငံရေးပုဒ်မနဲ့ဖမ်းဆီးပြီး ပြစ်ဒဏ် ချလိုက်တဲ့ အမျိုးသမီးတွေကို နယ်ထောင်တွေကိုရွှေ့ပြောင်းတာတွေလုပ်ခဲ့ပါသေးတယ်။

Photo – AFP

ဆက်စပ်သတင်းများ

ဆောင်းပါး

လိုင်းကားတစ်စီးပြီး တစ်စီးရောက်လာသော်လည်း လိုက်ပါသူမရှိသူမရှိ၍ ယခင်က ခရီးသည်များအဆင်း အတတ်နှင့် ဆူညံနေသည့် မှတ်တိုင်လေးမှာ ယနေ့နံနက်တွင်တော့ တိတ်ဆိတ်နေသည်။

သတင်း

ယနေ့ (သြဂုတ် ၁၆) ညနေ ၄ နာရီခွဲခန့်တွင် အောက်မင်္ဂလာဒုံလမ်းပေါ်၌ ကုန်တင်ကားတစ်စီး ဘရိတ်ပေါက်၍ အရှိန်လွန်ပြီး ကိုယ်ပိုင်အထက်ကျောင်းတစ်ခု၏ ကျောင်းကားနှင့် အိမ်စီးကားတို့ကို ဝင်တိုက်ကာ သုံးစီးဆင့်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။

သတင်း

စက်သုံးဆီဈေးမှာလည်း အာဏာမသိမ်းခင်က အောက်တိန်း၉၂ တစ်လီတာကို ကျပ် ၆၅၅ ကျပ်ရှိရာမှ ယခုအခါက ၂၂၃၅ ကျပ်အထိမြင့်တက်ခဲ့သည်။

နိုင်ငံတကာ

နိုက်ဂျားဟာ နှစ်အနည်းငယ်လောက် ကာလအတွင်းမှာ စစ်တပ် အာဏာသိမ်းမှုအောက် ကျရောက်သွားတဲ့ နောက်ဆုံး အနောက်အာဖရိက နိုင်ငံအဖြစ် မှတ်တမ်းဝင်လာပါတယ်။ မကြာသေးခင်ကလည်း မာလီ၊ ဘာကီနာဖာဆိုနဲ့ အီကွေတိုရီရယ်လ် ဂီနီရာ နိုင်ငံတွေမှာ စစ်တပ်တွေက အသီးသီး အာဏာသိမ်းခဲ့ကြပါတယ်။