Connect with us

Hi, what are you looking for?

News

ကျဆုံးသွား​သော ဒီးမော့ဆို PDF တပ်ဖွဲ့ဝင်နှစ်ဦးကို NUG က ကျပ်သိန်း ၂၀ ​ထောက်ပံ့

NUG အတွက် ရန်ပုံ​ငွေများနှင့်​​တော်လှန်​ရေးအတွက်ကူ​ငွေများကို ပြည်တွင်နှင့်နိုင်ငံတကာ​ရောက်​နေ​သော မြန်မာပြည်သူများက ​ဝိုင်းဝန်းကူညီ​ထောက်ပံ့ထားကြခြင်းဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီအား တော်လှန်တိုက်ခိုက်ရင်း ကျဆုံးသွားခဲ့သည့် ဒီးမော့ဆို PDF တပ်ဖွဲ့ဝင်နှစ်ဦးအတွက် ထောက်ပံ့ငွေ သိန်း ၂၀ကျပ်ကို အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)က ပေးအပ်ခဲ့သည်။

ဒီးမော့ဆိုတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် စစ်ကောင်စီနှင့် တိုက်ပွဲတွင် ကျဆုံးသွားခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို(DMO-PDF)တပ်ရင်း(B)မှ ရဲ​ဘော် ​မောင်အန်ဘ​​ရောရှို နှင့်​ ရဲ​ဘော် ဦးအာလေးရှိုအတွက် ထောက်ပံ့ငွေကို NUGက ပေးအပ်ခဲ့ခြင်းဟု DMO-PDFက သတင်းထုတ်ပြန်ထားသည်။

“တိုင်းပြည်အတွက် အသက်​ပေးကာကွယ်သွားခဲ့​သော ရဲ​ဘော်၏ ကျန်ရစ်သူမိသားစုအတွက် အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)ထံမှ ထောက်ပံ့​ငွေသိန်း(၂၀)ကျပ်တိတိကို မိမိတို့ပြည်သူ့ကာကွယ်​ရေးတပ်-ဒီး​မော့ဆို(DMO-PDF)တပ်ဖွဲ့မှ လက်ခံရရှိခဲ့ပါသည်”ဟုထုတ်ပြန်ထားပြီတစ်ဆက်တည်း တွင် ကာယကံရှင်နှစ်ဦး၏ မိသားစုဝင်များထံသို့ ဇန်နဝါရီ ၁၅ရက်တွင်ထောက်ပံ့ငွေပေးအပ်ခဲ့သည်ဟု​ ဖော်ပြထားသည်။

NUG အတွက် ရန်ပုံ​ငွေများနှင့်​​တော်လှန်​ရေးအတွက်ကူ​ငွေများကို ပြည်တွင်နှင့်နိုင်ငံတကာ​ရောက်​နေ​သော မြန်မာပြည်သူများက ​ဝိုင်းဝန်းကူညီ​ထောက်ပံ့ထားကြခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ကရင်နီပြည်နယ်သည် အကြမ်းဖက်စစ်အာဏာရှင်ဆန့်ကျင်ရေးလက်နက်ကိုင်တော်လှန်ရေးတွင်​ရှေ့တန်းမှပါဝင်နေပြီး စစ်ကောင်စီတပ်ကိုအထိနာစေသည့် ပြည်နယ်တစ်ခုဖြစ်သည်။ စစ်​ကောင်စီတပ်ကအထိ့နာသဖြင့် လေကြောင်းအသုံးပြုတိုက်ခိုက်နေသလို အရပ်သားများအားရက်ရက်စက်စက် အကြမ်းဖက်သတ်ဖြတ်မှုများကျူးလွန်ထားသည်။ စစ်ကောင်စီက လူမဆန်သော အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်နေသော်လည်း တော်လှန်ရေးအောင်မြင်သည်အထိ တိုက်ခိုက်တုန့်ပြန်သွားမည်ဟု ကရင်နီပြည်နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက​ကြေညာထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရောက်နေချိန်မှာ စစ်တပ်က ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခုကို လေကြောင်းကနေ ဗုံးဆက်တိုက်ကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။